“ကင်နိုရှာ ပစ်ခတ်မှုတရားခံပေါ်ပြီ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကင်နိုရှာ ပစ်ခတ်မှုတရားခံပေါ်ပြီ”
2September,2020
အမေရိကန်ပြည်ထောင်စု၊ဝစ္စ
ကွန်ဆင်ပြည်နယ်၊ကင်နိုရှာမြို့လေးတွင် လူမည်းအမျိုးသားတဦးအား လူဖြူရဲအရာရှိ
တဦးကနောက်ကျောဘက်ကနေ သေနတ်ဖြင့်
ဆက်တိုက်ပစ်ခတ်ခဲ့မှုကြောင့် “လူမည်းတွေလည်း အသက်နဲ့ပါ”ဆိုတဲ့လှုံ့ဆော်ကြွေးကျော်သံများဖြင့်ဆူပူဆန္ဒပြပွဲတွေ ဖြစ်ပွါးနေခဲ့ပါတယ်။
အခုအခါတွင်ပစ်ခတ်သူတရားခံဘယ်သူဆိုတာပေါ်ပေါက်လာခဲ့ပြီဖြစ်ပါတယ်။
ကင်နိုရှာ ရဲအရာရှိတယောက်က အသက်၂၉ နှစ်အရွယ် လူမည်းအမျိုးသား ဂျက်ကော့ ဘလိတ်(ခ်)ကို နောက်ဘက်ကနေ ခုနှစ်ကြိမ်တိတိ ပစ်ခတ်ခဲ့ပြီး၊ပစ်ခတ်ခံရသူဟာ
လေဖြတ်သလိုမလှုပ်မယှက်ဖြစ်သွားခဲ့
ကြောင်း၊ပစ်ခတ်ခဲ့သူဟာ ဌာနမှာတာဝန်ထမ်း
ဆောင်နေတာ၇နှစ်ကြာပြီဖြစ်တဲ့ စစ်မှုထမ်းဟောင်း အရာရှိတဦးဖြစ်သူ ရပ်စတင် ရှက်စကီ ဆိုသူဖြစ်ကြောင်းအခိုင်အမာသက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကို ဝစ္စကွန်ဆင်ပြည်နယ် ကင်နိုရှာမြို့မှာ အသက်၂၂နှစ်အရွယ် ရေဆင်း(န်) ဝှိုက်က
ဂရပ်ဖစ်ဗီဒီယို ရိုက်ကူးမှတ်တမ်းတင်
ထားခဲ့ပါတယ်။
ဗီဒီယိုမှာမြင်တွေ့ရတာက ဘလိတ(ခ်)ဟာရဲအရာရှိတွေရဲ့အဝေးကိုလျှောက်သွားနေတာဖြစ်ပြီး၊သူ့ရဲ့သား၃ယောက်ဟာလည်းကားထဲမှာရှိနေခဲ့ပါတယ်။
အဲ့ဒီနေါက်မှာတော့ အခုအချိန်မှာ ရှက်စကီဖြစ်တယ်လို့သက်သေပြထားပြီးဖြစ်တဲ့ရဲအရာရှိက သေနတ်နဲ့အချက်များစွာ ပစ်ခတ်ခဲ့ပါတယ်။ကျည်ဆံတွေဟာ ဘလိတ်(ခ်)ရဲ့နောကျောကိုထပ်ခါ ထပ်ခါထိမှန်
သွားခဲ့ပါတယ်။
ဘလိတ်(ခ်) ဟာ ကားစတီရာယင်ဘီးပေါ်မှောက်ကျသွားပြီး၊အဆက်မပြတ်အော်မြည်နေတဲ့ကားဟွန်းသံနဲ့
အဖြစ်အပျက်ကိုတွေ့မြင်လိုက်ရသူတွေရဲ့
အထိတ်တလန့်အော်ဟစ်သံတွေကိုပါကြားနေရပါတယ်။
ကင်နိုရှာမှာ လူမည်းတဦးပစ်ခတ်
ခံရတာနဲ့ပတ်သက်ပြီး၊မည်သူမည်ဝါကပစ်ခတ်
တယ်ဆိုတာမဖော်ထုတ်နိုင်သေးခင်မှာ မငြိမ်သက်မှုတွေ၊ဆူပူဆန္ဒပြမှုတွေဖြစ်ပွါးခဲ့ပြီး
မြို့တော်ရဲ့ပျက်စီးဆုံးရှုံးမှုများဟာ တန်ကြေး
အမေရိကန်ဒေါ်လာ နှစ်သန်းရှိတယ်လို့ပြောပါတယ်။
(Ref:MSN News)


Spread the love
  •  
  •  
  •  
  •  
  •  
  •