ကပ်ဘေးအတွင်း အသက်ရင်း၍ ပေးဆပ်ကြိုးပမ်းသူတိုင်းသို့  (မင်းကိုနိုင်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လူသားမျိုးနွယ်တစ်ခုလုံးကို
ကပ်ရောဂါကကြုံးဝါးတိုက်ခိုက်နေချိန်ကိုယ့်နိုင်ငံအထွာနဲ့ကိုယ်တုန်လှုပ်ကြ ရဲရင့်​ ကြ ရင်ဆိုင်ကြချိန်
ရန်ကုန်မြို့ကိုနောက်ဆုံးခံတပ်ဟုတင်စားကာကွယ်ရင်းခုခံရင်းက
ကျန်းမာရေးဝန်ထမ်းအင်အားများအတွင်းထိခိုက်ကူးစက်ခံရချိန်။

သူတို့မိသားစုတွေလည်းQuarantineဝင်ကြရချိန်တချို့မှာဧပရယ်လကတည်းကအိမ်မပြန်ရQuarantine Centreများမှာ
ဆေးရုံများမှာတာဝန်အချိန်ပြည့်ယူနေကြရ

စေတနာ့ဝန်ထမ်းကူသူတွေကြည့်ပြန်တော့
ဂျူတီချိန်းရန်လူမရှိတဲ့နေရာတွေလည်းရှိတယောက်ကသူစိတ်အင်အားပါထိခိုက်နေပြီ
ဒါပေမယ့်ဘယ်သူ့ကိုမှလည်းမသိစေချင်စိတ်ဓာတ်မကျစေချင်ဟုရင်ဖွင့်သည်
တချို့ကလည်းရသေးသည်ဟုဆိုကာပြုံးပြ​ နေပုံကမနည်းအားတင်းထားရမှန်းသိသာလှပါ၏။

နယ်တွေမှ ကူအားဖြည့်​မည့်
ဆေးဝန်ထမ်းတွေရဲ့ဓာတ်ပုံစာတွေတက်လာသမျှ
တောင့်ခံထားကြဖို့အချင်းချင်းအားပေးနေရသည်
ပြိုလဲလို့မဖြစ်
ခံတပ်အ ပြိုခံ၍မဖြစ်
ဘဝတွေအသက်တွေတသီတတန်း ​ ​ ကြီးအ​လဲမခံနိုင်
ကော်မတီတွေဖွဲ့
စနစ်တကျခုခံကာကွယ်နေကြချိန်စေတနာ့ဝန်ထမ်းတွေအလှူရှင်တွေဟန်ချက်ညီကူဝိုင်းကြချိန်
တချို့လည်းလက်ပန်းကျကြချိန်

Quarantine Centreတခုသို့
ခေါင်းရွက်ဗျပ်ထိုးဈေးသည်လေးက
သူရောင်းသည့်အစားအစာတွေ
တဗန်းလုံးတထမ်းလုံးလာချပေး၏

“သူနိုင်သမျှစိတ်ဓာတ်အားပေးချင်လို့ပါ”တဲ့
“ကျေးဇူးတင်တာပြောပေးပါ”တဲ့
“အရှုံးမပေးကြပါနဲ့”တဲ့

သူ့အသိသူ့လုပ်ရပ်မျိုးပွါးဖို့
အနီးရှိအဝေးရောက်အားလုံးထံ
ဆက်သွယ်ပန်ကြားကြပါသည်
စာတစ်ကြောင်းဖြစ်စေပုံတစ်ပုံဖြစ်စေကျေးဇူးတင်သင်္ကေတပါးကြဖို့
ငွေအားဖြစ်စေလူအားဖြစ်စေ
နေစရာကွန်းခိုရာကအစကူနေကြချိန်မှာ

နောက်ဆုံးခံတပ်ပေါ်ရှေ့ဆုံးကတက်ရပ်
ကာကွယ်နေသူတွေထံ(စေတနာ့ဝန်ထမ်းတွေပါအပါအဝင်)အားလုံးကိုကျေးဇူးသိ
တန်ဖိုးထားပါကြောင်းပြောကြားဖို့သဘောတူ​ ကြသည့်အလျောက်ဤကျေးဇူးတင်ပုံစာကိုပေးပို့ပါသည်။

ဂုဏ်ပြုစာများပေါင်းချုပ်စာအုပ်လုပ်ပို့မည့်အစီအစဉ်မှအစပိုစတာဗီနိုင်းအင်အားအစုံ
မိမိသန်ရာသန်ရာနည်းဖြင့်တန်ဖိုးထားကျေးဇူးတင်ကြောင်းပြကြပါမည်။

“ကပ်ရောဂါနှင့်လူသားတိုက်ပွဲမှာ
သင့်ကျေးဇူးတင်စာတစ်ကြောင်းကလည်း
ခံတပ်ပေါ်မှာခုခံနေရသူအပါအဝင်လူသားအားလုံးဘက်မှအနိုင်ရရေးအကူအားစစ်စစ်ဖြစ်ပါစေသား”

#မင်းကိုနိုင်


Spread the love
  •  
  •  
  •  
  •  
  •  
  •