“ကပ်ရောဂါရဲ့အဆိုးဆုံးရက် သတ္တပတ်ရောက်ရှိလာတော့မယ်လို့ အင်္ဂလန် ထိပ်တန်းကျန်းမားရေးအရာရှိများ သတိပေး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အင်္ဂလန်မှာထိပ်တန်းကျန်းမားရေးအရာရှိများက ကပ်ရောဂါရဲ့အဆိုးဆုံးရက် သတ္တပတ် များရောက်ရှိလာတော့မယ်လို့သတိပေးခဲ့”

January 13,2021

အင်္ဂလန်နိုင်ငံရဲ့ကျန်းမာရေးအရာရှိချုပ်
က ပြည်သူများကို ရောဂါကူးစက်ပြန့်ပွါးမှုမဖြစ်စေရန် လမ်းညွှန်
ချက်များကို တင်းတင်းကျပ်ကျပ်လိုက်နာရန်
ပန်ကြားရင်း လာမယ့်ရက်ပတ်တွေဟာ
အမျိုးသားကျန်းမာရေးဝန်ဆောင်မှုအတွက်
ကပ်ရောဂါရဲ့အဆိုးဆုံးကာလတွေဖြစ်လာ
တော့မယ်လို့ တနင်္လာနေ့က သတိပေးပြောဆို
ခဲ့ပါတယ်။
အသစ်တွေ့ရှိရတဲ့မျိုးဗီဇကွဲ
ဗိုင်းရပ်(စ်)ပိုးဟာ ကူးစက်မှုနှုန်းပိုပြီးမြန်ဆန်လို့
အခက်ကြုံတွေ့နေရတာကြောင့် နိုင်ငံရေး
ခေါင်းဆောင်ဆောင်တွေက စည်းမျဉ်းတွေ ပိုပြီးတင်းကျပ်သွားဖို့စဥ်းစားဆုံးဖြတ်ထားကြတယ်လို့ ခရစ် ဝှစ်တီကပြောပါတယ်။ ဆေးရုံတွေမှာလူတွေပြည့်လျှံနေ
ကြပြီး မောပန်းနွမ်းနယ်နေတဲ့ ကျန်းမာရေးလုပ်သားတွေဟာ ဝန်ပိပြီး အားအင်ကုန်ခမ်းလာကြပြီဖြစ်ပါတယ်။
“အမျိုးသားကျန်းမာရေးဝန်ဆောင်မှုပေး
ရတဲ့အရေအတွက်နဲ့ပတ်သက်ပြီးတခါမှကျွန်တော်တို့မကြုံဖူးသေးတဲ့အန္တရယ်အကြီးဆုံး
အချိန်ကိုရောက်နေတယ်ဆိုတာလူတိုင်းလက်ခံ
မယ်လို့ကျွန်တော်ထင်ပါတယ်။”လို့ ဝှစ်တီက
BBCကိုပြောပါတယ်။တလကျော်လောက်အကြာမှာဆေးရုံကုတင်တွေဟာကိုဗစ်-၁၉ဗိုင်းရပ်(စ်)ကူးစက်သူလူနာ
တွေနဲ့ပြည့်နှက်လာစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်(စ်)
ရောဂါကူးစက်ပြန့်ပွါးမှုတွေကို အင်္ဂလန်နိုင်ငံကဆေးရုံတွေ အမီလိုက်ပြီးကုသ
ပေးနိုင်ဖို့အသည်းအသန်ကြိုးပမ်းနေရစဉ်မှာ
ဒီသတိပေးချက်ပေါ်ထွက်လာတာဖြစ်ပါတယ်။
အင်္ဂလိပ်ဆေးရုံတွေဟာ ဧပြီလ ပဌမအကြိမ်ကပ်ရောဂါကူးစက်မှုအမြင့်ဆုံး
အခြေအနေကထက် ၅၅ရာခိုင်နှုန်းပိုပြီးများလာတဲ့ ရောဂါကူးစက်မှု
တွေကို အခုချိန်မှာကုသပေးနေရပါတယ်။
“တနည်းပြောရရင် စည်းမျဉ်းတွေထုတ်ပြန်တာအသုံးဝင်နိုင်
ပါတယ်။ဒါပေမဲ့ပိုပြီးအရေးကြီးတာကလူတိုင်းဟာ
အဲ့ဒီထုတ်ပြန်လိုက်တဲ့စည်းမျဉ်းဥပဒေတွေကို
လိုက်နာကြဖို့ပဲ။”လို့ ဝှစ်တီကပြောပါတယ်။
“သူတို့ဘာလုပ်ဖို့လိုအပ်သလဲဆိုတာကို
လူတိုင်းသိပါတယ်။ပြီးတော့အာ့တာကအဓိကအကျဆုံးအရာပါ-
ကျွန်တော်တို့တယောက်နဲ့တယောက်
ထိတွေ့ဆက်ဆံမှုတွေကို အနည်းဆုံးဖြစ် အောင် လျှော့ချကြရမယ်။
အင်္ဂလန်မှာ လွန်ခဲ့တဲ့အပတ်က တနိုင်ငံလုံး
လော့ခ်ဒေါင်းချထားမှုတတိယအကြိမ်သို့
ရောက်ရှိလာပြီဖြစ်ပါတယ်။မရှိမဖြစ်လိုအပ်တာမဟုတ်တဲ့ ဈေးဆိုင်တွေ၊ရုံးတွေ၊ကျောင်းတွေ၊ကောလိပ်တွေ၊တက္ကသိုလ်တွေကို အနည်းဆုံး၆ပတ် ပိတ်လိုက်ပါတယ်။ဒါပေမဲ့ မလုပ်မဖြစ်လုပ်ဖို့
လိုအပ်တဲ့ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာ
စားသောက်ကုန်ပစ္စည်းဝယ်တာကလွဲရင် အိမ်မှာပဲနေဖို့လိုအပ်တဲ့ Stay Homeချမှတ်ခံ ထားရသူအတော်များများဟာ စည်းမျဉ်းချိုး
ဖောက်တာတွေအများအပြားရှိခဲ့တယ်လို့
ရဲတပ်ဖွဲ့ကပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျာမီဒေးဗီး(စ်)က
စည်းမျဉ်းဥပဒေတွေလူတွေကို ကျန်းမာရေး
လေ့ကျင့်ခန်းလုပ်ဖို့ အပြင်ထွက်ခွင့်ပြုတာပါ၊
လူမှုဆက်ဆံရေးလုပ်ဖို့မဟုတ်ပါဘူး။ ဒါပေမဲ့ဘယ်လိုသတ်သတ်မှတ်မှတ်စည်းခြား
ရမလဲဆိုတာတော့ရှုပ်ထွေးနေတုန်းပါပဲ။ဥပမာ
လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ လမ်းလျှောက်ပြီး
ကော်ဖီသွားဝယ်တယ်ဆိုတာမျိုးပေါ့။
“အချုပ်အနေနဲ့ ပြောရရင် လူတွေကို ပန်းခြံထဲ
ကခုံတန်းလျားမှာ တယောက်ထည်းထိုင်ဖို့်ခွင့်ပြုထားသလားလို့
အမေးခံရရင် ‘ဒီမေးခွန်းခနထားလိုက်ပါအုန်း၊
ကျွန်တော်နောက်မှ ခင်ဗျားဆီပြန်လာပါရစေ’
လို့ပဲပြောရလိမ့်မယ်”လို့သူက ပြောပါတယ်။
နိုင်ငံအနှံ့အပြား လူအများအပြားကိုကာကွယ်ဆေးထိုးနှံပေးတဲ့အစီအစဉ်တွေလုပ်ဆောင်နေတုန်းမှာ စည်းမျဉ်းဥပဒေတွေတင်းကျပ်ကန့်သတ်လိုက်ခြင်းဟာ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု
(နိုင်ငံတော်ကပြည်သူကိုပေးတဲ့ကျန်းမာရေးစောင့်ရှောက်မှု)အပေါ် ကျရောက်နေတဲ့ဝန်ထုန်ဝန်ပိုး ပိနေတာကို
လျှော့ချပေးနိုင်လိမ့်မယ်လို့အစိုးရကမျှော်လင့်
ထားပါတယ်။တိုင်းပြည်အနှံ့အခြားနေရာ
၁၀၀၀ ဝန်းကျင်ကိုဆက်သွယ်နိုင်တဲ့ အရွယ်ပမာဏကြီးမားတဲ့ကာကွယ်ဆေးထိုး
စင်တာ ၇ခုကို တနင်္လာနေ့မှာဖွင့်ဖို့သတ်မှတ် ခဲ့ပါတယ်။ဆေးရုံတွေ၊အထွေထွေရောဂါကုဆေးခန်းတွေ နဲ့ ဆေးဝါးအရောင်းဆိုင်တွေအပါအဝင်ဖြစ်
ပါတယ်။
လန်ဒန်မြောက်ပိုင်း စတီဗင်နိတ်ဂ်ျ က စင်တာတခုမှာ ဆေးထိုးနှံပေးဖို့စီစဉ်ဆောင်ရွက်ပေးနေတဲ့
ကျန်းမာရေးဝန်ထမ်းက စိတ်ထဲမှာသက်သာရာ
ရပြီး ပျော်ရွှင်လာရတယ်ဆိုတာကိုပြောပြပါ
တယ်။
“သူတို့တွေအမှန်တကယ်ကို အတော်လေး
စိတ်လှုပ်ရှားနေကြပြီး၊ဒီဥမင်လှိူဏ်ခေါင်းရဲ့
အဆုံးသတ်မှာ မျှော်လင့်ချက်တွေရှိလာကြပြီ
ဖြစ်လို့သိတ်ကိုကျေနပ်ပျော်ရွှင်နေကြပါတယ်။
ဒါဟာ သိတ်ကိုရှည်လျှားလွန်းတဲ့ ဥမင်လှိူဏ်ခေါင်းတခုပါပဲရှင်။”လို့
ဟာ့ဒ်ဖို့ဒ်ရှိုင်းယား လူမှုအဖွဲ့အစည်း NHS Trust က ရောဂါပြီးကိုယ်ခံစွမ်းအားအတွက်
ကုသရေးကျွမ်းကျင်သူ ကယ်ရိုလင်းရှက်ပါ့(ဒ်)
ကပြောပါတယ်။လူတချို့က မျက်ရည်ဝဲနေရင်းကပြောပြကြပါတယ်။
“ကျွန်တော်ဒီနေရာကိုရောက်နေရတာတကယ်ဝမ်းသာမိပါတယ်။ခင်ဗျားတို့ကိုကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်။NHS အတွက် (နိုင်ငံတော်ကပြည်သူလူထုကိုကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အတွက်)ကျွန်တော်တို့
အလွန်ကျေးဇူးတင်ပါတယ်။”
UKမှာအခုအချိန်အထိ လူ၂သန်းကျော်ကိုကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က
ဘရစ္စတိုးလ်က စင်တာတခုကိုရောက်ရှိလာ
စဉ်အတွင်းမှာပြောကြားခဲ့ပါတယ်။အသက်၇၀
ကျော်အရွယ်တွေကိုအဓိကဦးတည်ပြီး
ဖေဖော်ဝါရီလလယ်လောက်မှာ ပြည်သူ၁၅သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ အစိုးရက ရည်မှန်းထားပါတယ်။ရှေ့တန်းမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေရတဲ့ဝန်ထမ်းတွေနဲ့ အခြားသော အထူးသဖြင့်
ဗိုင်းရပ်(စ်)ပိုး အလွယ်တကူကူးစက်နိုင်တဲ့သူ
တွေလည်းပါဝင်ပါတယ်။ကာကွယ်ဆေးထိုးနှံပေးမှုကြောင့် ကိုရိုနာ
ဗိုင်းရပ်(စ်)ရောဂါကြောင့်သေဆုံးရမှုကို
၉၀ရာခိုင်နှုန်းအထိလျှော့ကျသွားစေမှာဖြစ်ပြီး၊စည်းမျဥ်းတင်းကျပ်ကန့်သတ်ထားမှုတွေ ကိုလည်း ဖြေလျှော့ပေးသွားနိုင်မယ်ဖြစ်ပါတယ်။
“ကျွန်တော်တို့ကိုယ့်ကိုယ်ကိုကျေနပ်အားရ
နေလို့မရနိုင်ဘူး။ကာကွယ်ဆေးထိုးနိုင်ပြီ
ဆိုပြီး ကိုယ့်ကိုယ်ကိုကျေနပ် အားရနေလိုက်ရင်ခုအချိန်မှာကျွန်တော်တို့အတွက် အဆိုးဆုံးအခြေအနေဖြစ်သွားနိုင် တယ်လို့ ဂျွန်ဆင်ကပြောပါတယ်။

Ref:(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •