ကမာရွတ်မြို့နယ် ရွှေကွန်းကွန်ဒိုတွင်ဖြစ်ပွားခဲ့သော အနုကြမ်းစီးမှု သက်ဆိုင်ရာက စုံစမ်းနေဆဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမာရွတ်မြို့နယ် ရွှေကွန်းကွန်ဒိုတွင်ဖြစ်ပွားခဲ့သော အနုကြမ်းစီးမှု သက်ဆိုင်ရာက စုံစမ်းနေဆဲ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက် ရတနာမြိုင်လမ်း ရွှေကွန်းကွန်ဒို အမှတ်(၁၈/B2)၌ သြဂုတ် လ ၁၀ ရက် ညပိုင်းက ကနေဒါနိုင် ငံသားခံယူထားသူ ဦးကျော်မိုး၏ နေအိမ်တွင် အနုကြမ်းစီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အသက်(၄၈)နှစ်အရွယ် ဦးကျော်မိုး pp-no Ac 786745 ကိုင်ဆောင်သူမှာ နေအိမ်တွင် တစ်ဦး တည်းရှိနေစဉ် ၎င်းနှင့် ခင်မင်ရင်းနှီးသူ မနီနီဝင်း မပတ(စိစစ်ဆဲ)မှ ရောက်ရှိလာပြီးနောက် ၁၅ မိနစ်အချိန်တွင် ထပ်မံ၍ အသက်(၂၅)နှစ်ခန့်အမျိုးသား (၃)ဦး မပတ(စိစစ်ဆဲ) ရောက်ရှိခဲ့ပြီး ဦးကျော်မိုးအား ဖမ်းချုပ်ကာ ပါးစပ်ကို တိပ်ဖြင့်ချည်နှောင်ခြင်း၊ လက်ထိပ်ခတ်ခြင်း၊ ပေါင်ကိုဓားဖြင့် မွှန်းခြင်းတို့ ပြုလုပ်ခဲ့ပြီး ဦးကျော်မိုးပိုင်ဆိုင်သည့် IPhone တစ်လုံးနှင့်I Pad တစ်လုံးကို ယူဆောင်၍ ပြန်လည်ထွက်ခွာသွား ကြောင်း ကမာရွတ်မြို့နယ် ပြန်/ဆက်က ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်တွင် ရွှေလုပ်ငန်းရှင် လင်မယားကို အနုကြမ်းစီးပြီး ရွှေ၊ငွေများ ယူဆောင်သွားသည်ဟု လူမှုကွန်ရက်တွင်ပျံ့နေခြင်းမှာ မဟုတ်ကြောင်းလည်း သိရသည်။

အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦး၊ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်အောင်၊ ရပ်ကွက်အုပ် ချုပ်ရေး မှူးဒေါ် သန်းမြင့်၊ဦးစီးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရောက်ရှိလာပြီး ဆက်လက်စုံစမ်းစစ် ဆေးဖော် ထုတ်အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းရရှိသည်။

ဓာတ်ပုံ-IPRD Kamayut


Spread the love
  •  
  •  
  •  
  •  
  •  
  •