ကမ္ဘာတဝန်းက Zara ဖက်ရှင်ဆိုင် သေးပေါင်း ၁၂၀၀ ကိုပိတ်ပစ်တော့မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမ္ဘာတဝန်းက Zara ဖက်ရှင်ဆိုင် သေးပေါင်း ၁၂၀၀ ကိုပိတ်ပစ်တော့မယ်

Zara ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Inditex ကပိုင်တဲ့ Zara, Massimo Dutti, Pull & Bear, Bershka စတဲ့ ကမ္ဘာအနှံ့က ဆိုင်အသေးပေါင်း 1200 ကို ပိတ်မှာဖြစ်ပါတယ်။

Zara က ဗျူဟာပြောင်းတာဖြစ်ပါတယ်။ ဆိုင်အသေးများများအစား #ဆိုင်အကြီးကိုဆိုင်နေရာထပ်ချဲ့ပြီး တစ်ဖက်ကလည်း online အရောင်းဘက်ကို ပိုလှည့်တာဖြစ်ပါတယ်။

သဘောက online ကို ဦးစားပေးတည်ထားမယ်။ စုံစုံစေ့စေ့အပြင်မှာ တကယ်ကြည့်ချင်ရင် ဆိုင်ကြီးကိုလာခဲ့ဆိုတဲ့ သဘော။

Inditex အနေနဲ့ Fabruary ကနေ April လအတွင်းမှာ ယူရိုငွေ 3.3 ဘီလီယံအထိ အရောင်းကျသွားခဲ့ပါတယ်။

မနှစ်က အဲ့ဒီအချိန်မှာ ယူရိုငွေ 5.9 ဘီလီယံအထိ ရောင်းရခဲ့တာမို့ တစ်ဝက်နီးပါးအထိ အရောင်းကျသွားခဲ့တာပါ။

အဲ့ဒီအတွက် ယူရိုငွေ 409 သန်းလောက်ဆုံးရှုံးခဲ့ပါတယ်။

အရောင်းကျသွားတယ်ဆိုပေမယ့် Zara က လူကြိုက်များတော့ online က ရောင်းအား 95 ရာနှုန်းထိုးတက်ခဲ့ပါတယ်။

Zara ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Inditex ပိုင်ရှင် Amancio Ortega ဟာ ကမ္ဘာ့အချမ်းသာဆုံး အဖြစ် ဘီလ်ဂိတ်ကို ကျော်တက်ဖူးပါတယ်။

အခုလည်း Zara ရဲ့ ရှယ်ယာက မကျပါဘူး။ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ကောင်းတာကို ပြနေပါတယ်။

အခု Lockdown ဖယ်ရှားလိုက်ပြီဖြစ်တဲ့ တရုတ်ပြည်နဲ့ တောင်ကိုရီးယားမှာ အရောင်းဟာ #မနှစ်ကစံချိန်ကိုပြန်မီနေပါသတဲ့။

Zara က အသားကောင်းတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေအုံးမှာပါ။

ကမ္ဘာကျော်ဖက်ရှင်လုပ်ငန်း Zaraဟာ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အာဖရိက နှင့်အာရပ်ကမ္ဘာတို့မွာ မျိုးဆက်ပေါင်းများစွာဝတ်ဆင်ခဲ့တဲ့ လုံချည်ကိုလည်း ဒီဇိုင်းမျိုးစုံဖြင့် ဖြန့်ချိ ရောင်းချခဲ့ပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
11-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •