ကမ္ဘာမှာကိုဗစ်ကူးစက်မှုဒီနေ့ပဲသန်း၂၀ပြည့်ပါတယ်။
#သန်း၂၀အထိဖြစ်လာမယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူး။
၁၀ သန်းကို ဇွန်လ ၂၇ ရက်နေ့မှာပြည့်ပါတယ်။ တစ်လခွဲမပြည့်မီ သန်း ၂၀ ဖြစ်သွားတာပါ။
#မပေါ့ဆကြပါနဲ့။ အခုအချိန်ထိ ဂရပ်မျဉ်းကွေးက ထိပ်ဆုံး peak ကို မရောက်သေးပါ။
ဒါဆိုရင် အနည်းဆုံး သန်း ၅၀ မအောက်တော့တဲ့သဘောရှိနေပါတယ်။
🔥 တကမ္ဘာလုံး မီးဟုန်းဟုန်းတောက်နေတာဖြစ်တဲ့အတွက် #ကိုယ်နဲ့ကိုယ့်မိသားစု၊ #ကိုယ့်ပတ်ဝန်းကျင်အတွက် သတိလေးတော့ရှိကြပါ။ စည်းကမ်းလေးတော့လိုက်နာကြပါ။
ကိုယ်ကစလို့ စည်းကမ်းမလိုက်နာရင် (တယောက်ချင်းစီက စည်းကမ်းမလိုက်နာရင်) ဘယ်သူမှလိုက်နာမှာမဟုတ်ပါဘူး။
Richard Myo Thant
10-Aug-2020