ကမ္ဘာမှာ သရော်ခံခဲ့ရတဲ့ ၇၅ ကျပ်တန် ငွေစက္ကူ အဖော်ရပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမ္ဘာမှာ သရော်ခံခဲ့ရတဲ့ ၇၅ ကျပ်တန် ငွေစက္ကူ အဖော်ရပြီ

မြန်မာ့ယတြာငွေစက္ကူအဖြစ်တချိန်က ပြက်ရယ်ပြု
သရော်ခံရတဲ့(၇၅)ကျပ်တန်သည် နှစ်ပေါင်း(၃၅)နှစ်အကြာတွင် အထီးကျန်ဘဝကနေလွတ်မြောက်တော့မည်ဖြစ်ပြီး အင်ဒိုနီးရှား၏မျက်နှာပြင်တန်ဖိုး(၇၅၀၀၀)တန်ငွေစက္ကူနှင့်အဖေါ်ရရှိတော့မည်ဖြစ်ပါသည်။

၇၅ကျပ်တန် ငွေစက္ကူအား ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့တွင်လည်းကောင်း၊ ၃၅ကျပ်တန်ငွေစက္ကူအား ၁၉၈၆ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့တွင်လည်းကောင်း အသီးသီး ထုတ်ဝေခဲ့ပါသည်။

 

အင်ဒိုနီရှား 75000 Rupiah တန်ငွေစက္ကူသည် ၎င်းနိုင်ငံ၏(၇၅)နှစ်မြောက်လွတ်လပ်ရေးအထိမ်းအမှတ်အနေဖြင့် အထူးထုတ်ဝေလိုက်သည့်ငွေစက္ကူဖြစ်သည်။

 

အင်ဒိုနီးရှား Rupiah ၏တန်ဖိုးအရ 75 Rupiah တန်ကိုထုတ်ဝေရန်အခက်အခဲရှိသောကြောင့် 75000 တန်အဖြစ် သုည(၃)လုံးကိုအငယ်ထားကာ ထုတ်ဝေလိုက်သည်ဟု ခန့်မှန်းရပါကြောင်း တင်ပြလိုက်သည်။

Credit – Zaw Oo Thein


Spread the love
  •  
  •  
  •  
  •  
  •  
  •