ကမ္ဘာမှာ ၂၁-၆-၂၀၂၀ တစ်နေ့တည်း Covid လူနာအသစ်တွေ့မှု တစ်သိန်းရှစ်သောင်းကျော် နဲ.စံချိန်တင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမ္ဘာ့ COVID လူနာတွေ့နှုန်း မြင့်တက်။

🌎 မနေ့က ကမ္ဘာမှာ #တစ်နေ့တည်းCovidလူနာအသစ်တွေ့မှု 183000 ရှိခဲ့ပါတယ်။ စဖြစ်ကတည်းက 24 နာရီအတွင်း အမြင့်ဆုံး လူနာတိုးမှုဖြစ်ပါတယ်။

🇺🇸 အမေရိကန်ပြည်ထောင်စုမှာ တစ်ရက်တည်း 36617 တွေ့ခဲ့ပြီး 🇮🇳 အိန္ဒိယမှာ 15400 ကျော်တွေ့ခဲ့ပါတယ်။

အမေရိကန်မှာ အခုထိလူပေါင်း 25 သန်းကို Test စစ်ထားပြီး #များများပိုစစ်လေများများပိုတွေ့လေ ဖြစ်နေတယ်လို့ အမေရိကန်သမ္မတ ထရမ့်က Oklahoma မှာ တနင်္ဂနွေနေ့က ပြောသွားပါတယ်။

အမေရိကန်မှာ အခုထိ လူပေါင်း 2356645 ယောက်တွေ့ထားတဲ့အတွက် စစ်ထားတဲ့လူရဲ့ 10 ပုံ 1 ပုံနီးနီးမှာ တွေ့ထားတာဖြစ်ပါတယ်။

ထရမ့်က #အခုလိုစစ်လေတွေ့လေဖြစ်နေလို့ စစ်တာလျော့ချဖို့ ပြောထားတယ်လို့ဆိုပါတယ်။ ဒါကြောင့် ထရမ့်ကိုဝေဖန်နေကြပါတယ်။

ထရမ့်ရဲ့ပြိုင်ဘက် ဂျိုးဘိုင်ဒင်က “အမေရိကန်နိုင်ငံသားတွေ #အန္တရာယ်ကင်းရေးနဲ့စီးပွားရေးကောင်းရေး” ကြွေးကြော်ပြီး မဲဆွယ်နေပါတယ်။

🇺🇸 အမေရိကန်ပြည်ထောင်စုဟာ လူနာ 2.3 သန်းကျော်နဲ့ ကမ္ဘာ့ Covid လူနာအများဆုံးဖြစ်နေပြီး သေဆုံးသူ 122247 နဲ့ သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။

🇧🇷 ဘရာဇီးက လူနာ 1086990 နဲ့ ဒုတိယလိုက်နေပြီး 🇷🇺 ရုရှား က 58460 နဲ့ တတိယလိုက်နေပါတယ်။

#ကျနော်တို့ရဲ့ အိမ်နီးချင်းတွေအနေနဲ့…

🇮🇳 အိန္ဒိယက 426910 နဲ့ စတုတ္ထဖြစ်နေပြီးမနေ့ကအသစ်တွေ့နှုန်း 15000 ကျော်ပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်က 112306 နဲ့ နံပါတ် 17 ကလိုက်နေပါတယ်။ မနေ့ကအသစ်တွေ့နှုန်း 3500 ကျော်ပါတယ်။

🇲🇲 ကျနော်တို့မြန်မာနိုင်ငံက 290 နဲ့ နံပါတ် 159 မှာရှိနေတဲ့အတွက် ကံကောင်းနေပါသေးတယ်။

🌎 ကမ္ဘာ့ Covid လူနာအရေအတွက်ဟာ ဒီကပ်ကြီးပြီးသွားရင် အနည်းဆုံး သန်း 20 အထိဖြစ်သွားနိုင်တယ်လို့မှန်းပါတယ်။

ကျနော်မှန်းပုံက ကျနော်တို့က အခုထိ curve ရဲ့အမြင့်ဆုံးကိုရောက်မလာသေးပါဘူး။

♦️ အခု ကမ္ဘာ့ #Covid_လူနာအရေအတွက်ဟာ_9_သန်းကျော်ပါပြီ။ အကယ်လို့ အမြင့်ဆုံးက 10 သန်းမှာဖြစ်ခဲ့ပြီး Possion distribution နဲ့ဆင်းခဲ့ရင် သန်း 20 ကျိန်းသေထိမယ်လို့ မှန်းပါတယ်။

♦️ ကျနော်တို့အနေနဲ့ လူနာအရေအတွက်ကို 300 လောက်မှာ ရပ်အောင်လုပ်လို့မရပါဘူး။

🔥 ရောဂါဖြစ်တာများတဲ့ နိုင်ငံတွေကအဝင်ရှိနေသ၍ လူနာအရေအတွက်တိုးလာနေမှာပါ။

👉 ကျနော်တို့ #ပြည်ပကနေခိုးဝင်မရှိသ၍ စိတ်ပူစရာမရှိပါ။

🔥 #ခိုးဝင်ကနေရောဂါပါလာပြီးရောဂါလူမသိသူမသိပြန့်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့လို #ထိန်းမရအောင်တိုးပွားသွားမှာပဲစိုးရိမ်ရပါတယ်။

🔥 ပြည်တွင်းအနေနဲ့က လူမသိသူမသိကူးက်မှုရှိနေပေမယ့် သိပ်မဆိုးသေးပါ။ အခုခရီးလှည့်လည်ခဲ့တဲ့အတွေ့အကြုံအရ လူတွေ social distancing ကို #မလိုက်နာသလောက်တွေ့ရပါတယ်။

🔥 ဒီလိုပုံစံ #လျော့ရိလျော့ရဲနဲ့သွားရင်ဒုတိယလှိုင်းဝင်ရင်မလွယ်ပါ။

✍️ ခရီးတစ်လျှောက် စားသောက်ဆိုင်၊ အိမ်သာ၊ ဈေး၊ စသည်တို့မှာတွေ့ခဲ့သမျှ သပ်သပ်ရေးဖို့ရှိပါတယ်။

အခုအချိန်အထိ Covid ကို အသေအချာထိန်းဖို့ကြိုးစားဖို့ စည်းကမ်းနဲ့အတင်းပြန်ထိန်းနေတာ တရုတ်ပြည်ပါ။

တရုတ်ပြည်ရဲ့ စီးပွားရေးပြန်ကောင်းဖို့နဲ့ Covid ဒုတိယလှိုင်းအဝင်ကို သေချာကြပ်မတ်ထိန်းချုပ်နေပုံကို #အတုယူသင့်ပါတယ်။

🇨🇳 တရုတ်ပြည်ဟာ တိုးတက်မှုမြန်ဆန်ပြီးစည်းလုံးတဲ့နိုင်ငံဖြစ်တဲ့အတွက် #သူ့ဆီကကောင်းတာတွေအတုယူရပါမယ်။

ကျနော်တို့မှာ ငွေကြေးအခြေအနေအရ တရုတ်ပြည်လိုတော့ Covid Test များများမလုပ်နိုင်သလို စီးပွားရေအထောက်အကူလည်း တရုတ်လိုမလုပ်ပေးနိုင်ပါ။

ကိုယ့်အားကိုယ်ကိုးနဲ့ စည်းကမ်းရှိဖို့ အလုပ်ဖိလုပ်ဖို့ပဲ ကြိုးစားရပါတော့မယ်။

သို့သော်လူအများနဲ့ အသိပညာပေးပြီး မြန်မာပြည်မှာ စည်းကမ်းလိုက်နာတတ်ဖို့နဲ့ အလုပ်ကြိုးစားဖို့က မလွယ်သေးပါ။

ကမ္ဘာ့ Covid အခြေအနေကို တင်ပြလိုက်ပါတယ်ခင်ဗျား။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
21-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •