ကမ္ဘာ့ခေါင်းဆောင်များရှိတဲ့ မြန်မာပြည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

*ကမ္ဘာ့ခေါင်းဆောင်များရှိတဲ့ မြန်မာပြည်*

 

ကမ္ဘာမှာ ဒီမိုကရေစီခရီးရှည်တွေကို ချီတက်ခဲ့ကြတဲ့၊ ချီတက်နေကြဆဲ နိုင်ငံတွေရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးရှည်ဟာ ဖြတ်သန်းမှုအရာမှာ၊ ရုန်းကန်ရမှုအရာမှာ၊ ကြံ့ကြံ့ခံရတဲ့အရာမှာ အခြားနိုင်ငံတွေထက် နည်းနည်းလေးမှ မလျော့ဘူး။ သာမယ်ဆို ရင်တောင် သာဖို့ပဲ ရှိပါတယ်။ ဘာကြောင့် ဒီလိုအတပ်ပြော နိုင်ရသလဲဆိုရင် ဓာတ်ပုံထဲက လူသားနှစ်ယောက်အပါအဝင် ဒီမိုကရေစီခရီးအတွက် တစ်လက်မမှ မဆုတ်ခဲ့တဲ့ ရဲဘော်ရဲဘက် အပေါင်းတို့ကြောင့်ပါ။ ဆရာဦးဝင်းတင်ဟာ ခုခံတွန်းလှန်မှုရဲ့ မီးရှုးတန်ဆောင်ပါ။ နှိပ်စက်ညှင်းပန်းမှု အထွေထွေကို အပြုံးမပျက်၊ ယုံကြည်ချက်ကို မစွန့်လွှတ်ဘဲ ရဲရဲကြီး ရင်ဆိုင်ခဲ့တာပါ။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လောက်ပဲ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြုံနေရပါစေ အပြုံးမပျက်ခဲ့တာ ယနေ့ထက်တိုင်ပါ။

ကမ္ဘာ့ဒီမိုကရေစီဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲကနေ တက်လာပြီး သူ့နိုင်ငံရဲ့ ပြည်သူကိုသာ ကိုယ်စားပြုကြတာဖြစ်ပေမယ့် ငွေကြေးချမ်းသာမှုအရ၊ အင်အားကြီးမှုအရ သူတို့ကို ကမ္ဘာ့ခေါင်းဆောင်တွေလို့ သတ်မှတ်ခံကြရပါတယ်။ ငွေကြေးတို့၊ အင်အားတို့နဲ့မတိုင်းဘဲ ဖြတ်သန်းရုန်းကန်မှုနဲ့သာတိုင်းရမယ်ဆိုရင် ဆရာဦးဝင်းတင်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ကမ္ဘာ့ ခေါင်းဆောင်တွေပါပဲလို့ ရဲရဲကြီးပြောရဲပါတယ်။

မြန်မာပြည်သူတွေအနေနဲ့လည်း နိုင်ငံရေးလောကဓံရဲ့ ရိုက်ပုတ် ချက်တွေကို အပြုံးမပျက် ရင်ဆိုင်ခဲ့၊ ရင်ဆိုင်နေဆဲ ခေါင်းဆောင် တွေရဲ့ ဦးဆောင်မှုရှိတဲ့ ပါတီကို ရွေးချယ်ကြလိမ့်မယ်လို့ ရဲရဲကြီး ပြောရဲပါတယ်။
photo credit Chair NLD
#GoVote2020
#VoteNLD
#AllianceForNOV8


Spread the love
  •  
  •  
  •  
  •  
  •  
  •