“ကမ္ဘာ့တစ်လွှား ကိုဗစ်ကြားက ပြီးစီးသွားခဲ့သည့် ရွေးကောက်ပွဲများ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကမ္ဘာ့တစ်လွှား ကိုဗစ်ကြားက ပြီးစီးသွားခဲ့သည့် ရွေးကောက်ပွဲများ”

တစ်ကမ္ဘာလုံးကို အနီးကပ် ခြိမ်းခြောက်နေတဲ့ ကိုဗစ်နတ်ဆိုးကြီးကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ကျော်ဖြတ်ပြီး ရွေးကောက်ပွဲတွေကို အောင်မြင်ချောမွေစွာ ကျင်းပခဲ့ကြတဲ့ နိုင်ငံတွေ ရှိနေကြပါတယ်။

ကမ္ဘာ့အနှံအပြား ကိုဗစ်ကပ်ဆိုးကြီးနဲ့ တိုက်ပွဲဝင်နေရတဲ့အချိန်ဖြစ်ပေမယ့် အအောင်မြင်ဆုံးရလဒ်တွေရခဲ့တဲ့ နိုင်ငံအသီးသီးရဲ့ အထွေထွေရွေးကောက်ပွဲ အကြောင်းဖော်ပြပေးလိုက်ပါတယ်။

(၁) တောင်ကိုရီးယားနိုင်ငံ

ရွေးကောက်ပွဲ ပြုလုပ်ကျင်းပခဲ့တဲ့ အချိန်က ၂၀၂၀ ဧပြီ၁၅ ဆိုတော့ တစ်ကမ္ဘာလုံးမှာ Covid 19 ရဲ့ ပြန့်နှံ့ကူးစက်နူန်းနဲ့ အသေအပျောက်အများဆုံး ကာလဖြစ်ပြီး အန္တရာယ်အဆင့် အနီရောင်မှာ ရှိနေ တဲ့ ကြောက်စရာအကောင်းဆုံး အချိန်လည်းဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတမွန်ဂျေအင်းနဲ့ သူ့အစိုး ရအဖွဲက အတိုက်အခံတွေ ဝိုင်းကန့်ကွက်နေတဲ့ကြားက ရောဂါကာကွယ်ထိန်ချုပ်ရေး အစီအမံတွေ စနစ်တကျပြင်ဆင် ဆောင်ရွက်ပြီး ရွေးကောက်ပွဲကို ရဲရဲဝံ့ဝံ့နဲ့အောင်မြင် အောင်ကျင်းပပြခဲ့ပါ တယ်။ သမိုင်းဝင်တဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ရွေးကောက်ပွဲမှာ အမတ်နေရာ၃၀၀ အတွက်ယှဉ်ပြိုင်ကြရတာဖြစ်ပြီး မွန်ဂျေအင်နဲ့ သူ့ရဲ လက်ရှိ အာဏာရ ဒီမိုကရက်တစ်ပါတီကပဲ ၁၆၃ နေရာစာမဲရပြီး နောက်ထပ်အစိုးရသက်တမ်းတစ်ခု အတွက် ထပ်မံအနိုင်ရခဲ့ပြန်ပါတယ်။ ကိုဗစ်အန္တရာယ်ကြားကပဲ မဲပေးခွင့်ရှိသူ လူငယ်၊ လူကြီး နဲ့သက်ကြီး ရွယ်အိုတွေပါမကျန် သူတို့ရဲ့အိမ်တွေထဲကနေထွက်လာပြီး သူတို့ရဲ့နိုင်ငံအတွက် တာဝန်ကျေပြွန်စွာ မဲပေးခဲ့ကြပါတယ်။ ရလဒ်ကတော့ ၆၆ ဒဿမ ၂ရာခိုင်နူန်းသော ပြည်သူတွေက မဲလာပေးခဲ့တဲ့ အင်မ တန်မှကို အံ့သြဂုဏ်ယူဖွယ်ရွေးကောက်တစ်ခု ဖြစ်ခဲ့တယ် လို့ ဆိုကြရမှာပဲ ဖြစ်ပါတယ်။

(၂) မွန်ဂိုလီးယားနိုင်ငံ

Covid 19 ရဲ့စိန်ခေါ်မှုတွေကြားထဲက ပြည်သူနှစ်သန်းကျော်အထိ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆင်နွဲခဲ့တဲ့မွန်ဂိုလီးယားနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲ အကြောင်း ပဲ ဖြစ်ပါတယ်။ ကိုဗစ်ရဲ့အန္တရာယ်ကလည်း ကမ္ဘာအနှံ ကျရောက်နေတာမို မွန်ရိုလီးယား အစိုးရက လည်း အများနည်းတူ စိုးရမ် ပူပန်မှုတွေ အမြောက်အများရှိခဲ့ပါတယ်။ သိုသော်ငြား ဒီအတား အဆီး တွေကို အကောင်းဆုံးရင်ဆိုင်ပြီး သူတို့ရဲ့ ရွေးကောက်ပွဲကို ၂၀၂၀ ဇွန်လ ၂၄ရက်နေ့က ကျင်းပ ခဲ့ကြပါတယ်။ မွန်ဂိုလီးယားပါလီမန်မှာ ရှိနေတဲ့ ၇၆နေရာကို မဲပေးကာ ယှဉ်ပြိုင်အပြီးမှာတော့ ၂၀၁၆ ရွေးကောက်ပွ ဲမှာ အနိုင်ရခဲ့တဲ့ လက်ရှိ အာဏာရပါတီလည်းဖြစ်တဲ့ Mongolia’s People Party ကပဲ ကိုယ်စားလှယ်နေရာ ၆၂နေရာစာအတွက် မဲရပြီး အပြတ်အသတ်အနိုင်ရခဲ့ကြပါတယ်။ ဒုတိယ လိုက်တဲ့ Cemter-Right Democret Party က၁၁ နေရာသာရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင် ရပါတီ အပါအဝင်နိုင်ငံရေးပါတီ ၁၃ ဖွဲ့ နဲ့ညွှန်ပေါင်းအဖွဲ လေးဖွဲ့ စုစုပေါင်း ပါတီအစုအဖွဲ့၁၇ ခုက ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံခဲ့ကြပေမယ့် ၁၃ဖွဲ့ကတော့ မဲတစ်ပြားမှ မရခဲ့ကြလို့ဘဲဥ တောင် မကွဲခဲ့ကြပါဘူး။ ၆၂နေရာစာအတွက် ဝင်ယောက်အရွေးခံခဲ့ကြတဲ့ အမတ်လောင်းက ၆၀၆ဦး အထိတောင် လည်းရှိခဲ့ တယ်လို့သိရပါတယ်။

(၃) စင်ကာပူနိုင်ငံ

ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ အရေအတွက် ၄၀၀၀၀ ကျော်လောက်ရှိနေတဲ့ အချိန်မျိုးမှာ စိန်ခေါ်မှုတွေ ခြိမ်းခြောက် ဟန့်တားမှုတွေ အားလုံးကို ရအောင် ဖောက်ထွက်နိုင်ခဲ့တဲ့ စင်္ကာပူနိုင်ငံရဲ့ ၂၀၂၀ ကိုဗစ်ကာလ အထွေအထွေ ရွေးကောက်ပွဲ အကြောင်းပဲ ဖြစ်ပါတယ်။စင်င်္ကာပူရွေးကောက်ပွဲကို ၂၀၂၀ ဇွန်လ ၁၀ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ စင်္ကာပူ ပါလီမန်မှာ ရှိနေတဲ့ လွတ်တော်ကိုယ်စားလှယ်နေရာ ၉၃ နေရာကို အပြိုင်အဆိုင် ယှဉ်ပြိုင်ရတာလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်က နီးလာလေလေ အတိုက်အခံတွေဖက်က ကိုဗစ်ပြဿနာကြီးနဲ့ ယှဉ်တွဲပြီး နည်းမျိုးစုံနဲ့ဗျူဟာတွေ ခင်းခဲ့ကြပါတယ်။ နောက်ဆုံး ဇွန်လ ၁၀ရက် အရောက်မှာတော့ ရွေးကောက်ပွဲဟာ အောင်အောင်မြင်မြင် ချောချော မွေမွေ နဲ့ ကျင်းပပြီးစီးသွားခဲ့ပါတယ်။ မဲရလဒ်တွေ ကြေငြာတဲ့အခါကြပြန်တော့ လက်ရှိ အာဏာ ရပါတီဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းရဲ့People’s Action Party (PAP)က အမတ် ၈၃နေရာ စာအတွက် မဲရခဲ့ပြီး အကြီးအကျယ် အောင်ပွဲခံခဲ့ပါတယ်။စင်္ကာပူရဲ့ တည်ဆဲဥပဒေအရ အသက်၂၁ ပြည့်ပြီးသူတိုင်း မဲမပေး မနေရဆိုတဲ့ဥပဒေကို ပြဌာန်း ထား တာလည်း ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ စင်္ကာပူ နိုင်ငံတစ်ဝှမ်း မဲပေးခွင့်ရှိသူ ၂ ဒဿမ ၆၅ သန်းရှိနေပါတယ်လို့လည်း သိရပါတယ်။

(၄) သီရီလင်္ကာနိုင်ငံ

ဆက်လက်ပြီး ဖော်ပြပေးမှာကတော့ ပြည်သူ ၇၀ရာခိုင်နူန်းကျော်က ကိုဗစ်ရောဂါကြီးကို မကြောက် မရွံ့ ညီညီညွတ်ညွတ် မဲပေးခဲ့ကြတဲ့ ၂၀၂၀ ကိုဗစ်ကာလ သီရီလင်္ကာရွေးကောက်ပွဲ အကြောင်းပဲ ဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့ နေ့ရက်ကတော့ သြဂုတ်လ ၅ရက်နေ့ဖြစ်ပါတယ်။ ရွေးကောက်ပွဲ တာ ဝန်ရှိသူတွေကလည်း ဘေးအန္တရာယ်ကင်းစေဖို့ အချိန်တွေယူပြီး ကိုဗစ်ကာကွယ်ရေး စည်းကမ်း နည်းလမ်းတွေကို တိတိကျကျ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ပရဟိတ အဖွဲ့တွေရဲ့ ဝန်းရံအားဖြည် မှုကလည်း ထိထိရောက်ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိ သီရိလင်္ကာနိုင်ငံမှာ လူဦးရေ ၂၂သန်းဝန်းကျင် မှီတင်နေထိုင်လျက်ရှိကြပြီး လူဦရေရဲ့၇၀ ရာခိုင်နူန်းသောပြည်သူ ၁၆ သန်း ၂သိန်း ၆သောင်း ၃၈၈၅ ဦး က တက်တက်ကြွကြွနဲ့ကိုဗစ်ကို အံတုပြီး မဲထွက်ပေးခဲ့ကြပါတယ်။ ထူးခြားချက်အနေနဲ မဲဆန္ဒရှင်တွေရဲ့ ၃၁ ဒဿမ ၇၀ ရာခိုင် နူန်း ကျော်က လူငယ်တွေ ဖြစ်နေတာကိုလည်း အားတက်ဖွယ် သိရှိခဲ့ရပြန်ပါတယ်။ မဲတွေ ရေတွက် အပြီးမှာတော့ Sri Lenka People’s Freedom Alliance ပါတီက ၁၄၅မဲနဲ့ ပြိုင်ဖက်ပါတီကို မဲ၁၀၀ကျော်အသာရကာ အပြတ်အသတ် အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

(၅) ဂျပန်နိုင်ငံ

၂၀၂၀ ဇူလိုင်လက ကျင်းပခဲ့တဲ့ ဂျပန်နိုင်ငံက ပြိုင်ဆိုင်မှု ပြင်းထန် လေ့ရှိတဲ့ တိုကျိုမြိုတော်ဝန်ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ ဇူလိုင်လဆိုတာ ကလည်း လူသားတွေရဲ့ ကမ္ဘာကြီးကို ဒုက္ခပင်လယ်ဝေစေတဲ့ ကိုဗစ်ကပ်ရောဂါရဲ့ အထွတ်အထိပ်ကာလဆိုးကြီး လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တိုကျိုမြို့သူမြို့သားတွေရော ဂျပန်အစိုးရပါမကျန် စုပေါင်းအား နဲ့ဖြတ်ကျော်ပြီး ရွေးကောက်ပွဲ ကို အောင်မြင်ပြီးမြောက်အောင် ကျင်းပခဲ့ကြပါတယ်။ မဲအောင်နိုင်သူ ကတော့ တစ်သီးပုဂ္ဂလ အဖြစ်အရွေးခံခဲ့တဲ့သူလည်း ဖြစ် လက်ရှိမြိုတော်ဝန်လည်းဖြစ်သူ Yuriko Koike ပဲဖြစ်ပါတယ်။ သူက မဲအရေအတွက် ၅၉ ဒဿမ ၇ ရာခိုင်နူန်း နဲ့ထပ်ဆင့်အောင်ပွဲခံခဲ့ပြီး သူ့ရဲ့ ပြိုင်ဖက် Kenji Utsunomiya က မဲအရေအတွက် ၁၃ ဒဿမ ၇၆ ရာခိုင်နူန်းနဲ့ ဒုတိယ နေရာ မှာ ကျန်ရစ်ခဲ့ပါတယ်။ Yuriki ကို ဘာလို့ နောက်တစ်ကြိမ် တိုကျိုမြို့တော်ဝန်အဖြစ် ပြည်သူတွေက ထပ်ပြီး ရွေးချယ်ခဲ့ကြတာလည်းဆိုတဲ့ အဖြေကို စစ်တမ်းကောက်ကြည့်လိုက်တော့ ပြည်သူတွေရဲ့ တစ်ညီတစ်ညာတည်း ထွက်လာတဲ့ အသံက “ မြို့တော်တိုကျိုအတွက် ကိုဗစ်ထိန်းချုပ်ကာကွယ်မှု တွေ လုပ်ဆောင်ခဲ့တဲ့အပေါ် အားရကျေနပ်လို့ သူကို ဂုဏ်ပြုလိုက်တာပါ” ဆိုတဲ့ တူညီတဲ့ အဖြေ တစ်ခု တည်းပဲထွက်ခဲ့တယ်လို့ သိရပါတယ်။

(၆) ထိုင်းနိုင်ငံ

၂၀၂၀ သြဂုတ်လ ၉ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံက ပြည်နယ်ကြားဖြတ် ရွေး ကောက်ပွဲ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအတွက်တော့ ကိုဗစ်ကာလထဲမှာ ကျင်းပ ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲ တစ်ခု လို့လည်း ဆိုရမှာပါ။ ရွေးကောက်ပွဲ ကတော့ စမွတ် ပရာခန်ပြည်နယ်မှာ ကျင်းပခဲ့တာဖြစ်ပြီးရွေးကောက်ပွဲမတိုင်မှီကာလတွေကတည်းက ရွေးကောက်ပွဲ တာဝန်ရှိသူတွေ၊ ပရဟိတအဖွဲတွေသာမက မဲဆန္ဒရှင်ပြည်သူတွေပါမကျန် မျက်နှာ အကာတွေ၊ မတ်ခ်စ် မျက်နှာဖုံးတွေ ကိုယ်စီနဲ့ပိုးသတ်ဆေးဖြန်းခြင်းအပါအဝင် အခြား ကာကွယ်ရေး အစီအမံတွေကို ပူးပေါင်းဆောင်ရွက်ပြီးမှ ဒီရွေးကောက်ပွဲကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲရုံ အရေအတွက်က ၃၅၁ရုံအထိ ရှိခဲ့ပြီး မဲပေးခဲ့သူတွေကတော့ ၁ သိန်း ၇ သောင်း ၂၆၆၂ ဦးအထိ ရှိခဲ့တယ်လို့သိရပါတယ်။ အားလုံးရဲ့ စုပေါင်းအားကို ပြခဲ့တဲ့ ရွေးကောက်တစ်ပွဲတစ်ခုလို့ သတင်းမီဒီယာတွေက ဖော်ညွှန်းခဲ့ကြပါတယ်။
#MH
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •