ကမ္ဘာ့ပထမဆုံးကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

#ကမ္ဘာ့ပထမဆုံးကိုဗစ်ကာကွယ်ဆေးကိုအရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပါပြီ။ 💉

🇬🇧 ယူကေနိုင်ငံဟာ 🇺🇸 အမေရိကန်ကုမ္ပဏီ Pfizer နဲ့ 🇩🇪 ဂျာမန်ကုမ္ပဏီ BioNTech တို့ရဲ့ ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။

“The government has today accepted the recommendation from the independent Medicines and Healthcare products Regulatory Agency (MHRA) to approve Pfizer-BioNTech’s COVID-19 vaccine for use,” the government said.

🇬🇧 ယူကေနိုင်ငံမှာ FDA မရှိပဲ Medicines and Healthcare products Regulatory Agency (MHRA) ဆိုတဲ့ ဆေးနဲ့ကျန်းမာရေးပစ္စည်းစည်းကမ်းထိန်းသိမ်းရေးအေဂျင်စီဆိုတာ ရှိပါတယ်။

ဒီနေရာမှာထူးခြားချက်က #အခြားနိုင်ငံမှာထုတ်တဲ့ကာကွယ်ဆေးကို ယူကေနိုင်ငံမှာ အသိအမှတ်ပြုတဲ့အချက်ဖြစ်ပါတယ်။

ကိုယ့်နိုင်ငံထဲမှာ ဘယ်လောက်ခွင့်ပြုသည်ဖြစ်စေ #အခြားနိုင်ငံမှာခွင့်ပြုချက်မတင်ရဲရင် ကိုယ့်ငါးချဉ်ကိုယ်ချဉ်တဲ့အဆင့်ပဲရှိပါတယ်။

ဒါ့ကြောင့် Pfizer/BioNTech ရဲ့ကာကွယ်ဆေးဟာ #ကမ္ဘာ့အဆင့်မီအဖြစ်ပထမဆုံးအသိအမှတ်ပြုခံရတဲ့ သဘောဖြစ်ပါတယ်။

​အခုယူကေအစိုးရကခွင့်ပြုလိုက်ပြီဆိုတော့ နောက်အပတ်ကစပြီး ယူကေနိုင်ငံမှာစတင်ထိုးနှံပေးနိုင်ပါပြီ။

https://www.facebook.com/109119807474881/posts/190752869311574/?d=n

Richard Myo Thant
2-December -2020


Spread the love
  •  
  •  
  •  
  •  
  •  
  •