ကမ္ဘာ့ပထမဆုံး ဖုန်းအားသွင်းကြိုးနဲ့ ပိုးသတ်နိုင်မယ့်Mask
🇮🇱 အစ္စရေးသိပ္ပံပညာရှင် Yair Ein-Eli က အကြိမ်ကြိမ်ပိုးသတ်ပြီးအသုံးပြုနိုင်တဲ့ mask ကိုတီထွင်ခဲ့ပါတယ်။
ဖုန်းအသွင်းကြိုးနဲ့ 😷 mask ကို ပါဝါပေးလိုက်ရင် အဝတ်စတွေ အပူချိန် 65 – 70 ဒီဂရီ စင်တီဂရိတ်အထိ နာရီဝက်လောက်ပူလာပြီးရင် COVID-19 ဖြစ်စေမယ့် ပိုးတွေသေကုန်မယ်လို့ဆိုပါတယ်။
လူကဝတ်ထားချိန်မှာတော့ အပူပေးနေတာမို့ ပါဝါကြိုးနဲ့ ချိတ်ဆက်ပြီး ပိုးသတ်လို့မရပါဘူး။
သဘောက အဝတ်စတွေကြားမှာ နည်းပညာမြင့် ကာဘွန်ဖိုင်ဘာမျှင်တွေလို အပူပေးလို့ရတဲ့အလွှာကိုအပူပေးပြီးအဝတ်စတွေပေါ်က ပိုးတွေကို သေစေမှာဖြစ်ပါတယ်။
သူ့အနေနဲ့ ပိုးသေတယ်လို့ပြောထားပေမယ့် ကျနော့်အနေနဲ့ ပြင်သစ်တက္ကသိုလ်က တွေ့ရှိထားတဲ့ အပူချိန် 92 ဒီဂရီ စင်တီဂရိတ်မှာ 15 မိနစ်အပူပေးမှ ပိုးသေတယ်ဆိုတဲ့အချက်နဲ့ ချိန်ထိုးစဉ်းစားကြည့်မိပါတယ်။
အခု mask ကိုအမေရိကန်ပြည်ထောင်စုမှာ မူပိုင်ခွင့်လျှောက်မယ်လို့ဆိုပါတယ်။
♦️ သဘောကျစရာအချက်က အပြင်ကနေကားထဲရောက်တာနဲ့ mask ကိုချွတ်ပြီး ကား USB ပေါက်ကနေ နာရီဝက်ခန့် ပါဝါပေးထားလိုက်ရင် ပိုးသေစေမယ်ဆိုတဲ့အချက်ပါပဲ။
♦️ နောက်သဘောကျစရာအချက်က သူ့ရဲ့ mask တန်ဖိုးက အမေရိကန် 1 ဒေါ်လာ (မြန်မာငွေ 1400) လောက်ပဲကျမယ်ဆိုတဲ့အချက်ပါပဲ။
♦️ သူ့ပုံစံက N95 Mask နဲ့ပုံစံဆင်ပြီး N95 mask စျေးလောက်ပဲရှိတာမို့ တန်ပါတယ်။
♦️ အမေရိကန်က စစ်တမ်းအရ 66 ရာနှုန်းသော ကျန်းမာရေးဝန်ထမ်းတွေဟာ Mask အလုံအလောက်မရကြဘူးလို့ ဆိုပါတယ်။
♦️ အဲ့ဒီစျေးနဲ့ အကြိမ်ကြိမ်ပြန်သုံးလို့ရရင် အတော့်ကို လူသုံးများကြမှာ ဖြစ်ပါတယ်။
အခုမှ prototype ထုတ်ပြီးတာဖြစ်ပြီး အမြောက်အများထုတ်ဖို့က ကြာပါအုံးမယ်။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
Richard Myo Thant
17-June-2020