ကမ္ဘာ့လေကြောင်းလိုင်းတွေ ခရီးသည် တင်လေယာဥ်တွေကို ကုန်တင် လေယာဥ်အဖြစ် ပြောင်းလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမ္ဘာ့လေကြောင်းလိုင်းတွေ ခရီးသည် တင်လေယာဥ်တွေကို ကုန်တင် လေယာဥ်အဖြစ် ပြောင်းလဲ

COVID-19 ဖြစ်ပွားမှုတွေကြောင့် ကမ္ဘာ့လေကြောင်းလိုင်းတွေမှာခရီးသည် စီးနင်းမှု ဟာ ဇူလိုင်လထဲမှာ ၉၉.၆ ရာခိုင်နှုန်းအထိလျော့ကျသွားခဲ့တာမို့၊လေကြောင်းလိုင်း တွေဟာ လူစီးလေယာဉ်တွေက ထိုင်ခုံတွေဖယ်ပြီး၊ ကုန် ၂ ဆ ပိုတင်နိုင်အောင် လုပ်လာကြပါတယ်။

ခုလိုခုံတွေဖယ်လိုက်လို့ ကုန်ပစ္စည်းတန်ချိန် ၂၀ အထိ တိုးတင်ရလာနိုင်လို့ ကျနေတဲ့စီးပွားရေးအတွက် ဝင်ငွေပိုတိုးလာတယ်လို့ လေကြောင်းလိုင်းတွေက ဆိုပါတယ်။ ခုလို လူစီးလေယာဉ်ကို ကုန်တင်လေယာဉ်အဖြစ်ပြောင်းနိုင်ဖို့  ၄ ရက် လောက် အချိန်ယူပြီး ပြင်ဆင် ရပါတယ်။

ခုံတွေဖယ်ရုံတင်မဟုတ်ဘဲ၊ ကုန်ပစ္စည်းတင်တဲ့နေရာအမှတ်အသားတွေကိုပါ လုပ်ပေးရသလို၊ မီးသတ်ဗူးအပိုတွေပါထပ်ထည့်ပေးရပါသေးတယ်လို့ သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •