ကမ်ပိန်းဆောင်ရွက်နေသူအားလုံးကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အဖွဲ့ချုပ်နှင့် ပြည်သူအောင်လံ ဆက်လက်ခိုင်မြဲစေဖို့ ကမ်ပိန်းဆောင်ရွက်နေသူအားလုံးကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
=====================

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ့အောင်လံ ဆက်လက်ခိုင်မြဲရေးအတွက် ကမ်ပိန်းဆောင်ရွက်နေသူများအားလုံးကို ကျေးဇူးတင်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ပြည်သူများကို ပြောကြားလိုက်သည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အဖွဲ့ဝင်မဟုတ်ကြတဲ့ သာမန်ပြည်သူတွေက အားပေးထောက်ခံမှုပြတဲ့အနေနဲ့ ပါတီအလံတွေထူကြတာ စတစ်ကာတွေကပ်ကြတာ ဝတ်စုံတွေဝတ်ဆင်ကြတာ စသဖြင့် ဆောင်ရွက်ပေးနေကြတာ ဝမ်းသာမိပါတယ်။

ဒီလိုကမ်ပိန်းတွေကိုလုပ်နေကြသူတွေအများကြီးထဲကမှ Reds Vote NLD ဆိုတဲ့အဖွဲ့လေးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့မိတာလေးတွေကတော့ ဆိုက်ကားနီနီ ဒို့ NLD၊ တစ်ကိုယ်တည်းလဲနီနီရဲရဲ၊ စက်ဘီးနီနီ ဒို့ NLD၊ နီနီရဲရဲ ဒို့ NLD စုံတွဲ၊ ဆိုင်ကယ်နီနီ ဒို့ NLD၊ နီနီရဲရဲ ဒို့ NLD လှည်း စတဲ့ခေါင်းစဉ်လေးတွေနဲ့ ပြိုင်ပွဲလေးတွေကျင်းပနေကြတာကိုပါ။

အဖွဲ့ချုပ်နဲ့ပြည်သူ့အောင်လံ ဆက်လက်ခိုင်မြဲစေဖို့ ခုလိုကမ်ပိန်းလေးတွေလုပ်ပေးနေကြသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ၎င်း၏ ဖေ့စ်ဘုတ်ပေ့ချ် ဖြစ်သည့် Chair NLD မှတစ်ဆင့် ပြည်သူများကို ကျေးဇူးတင်စကား ပြောကြားလိုက်သည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •