ကမ်းနားလမ်းမှ ရေးမြစ်အတွင်းသို့ ကားတစ်စီးထိုးကျ​၊ ၂ဦး​သေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမ်းနားလမ်းမှ ရေးမြစ်အတွင်းသို့ ကားတစ်စီးထိုးကျ​၊ ၂ဦး​သေဆုံး။

၂၂.၁.၂၀၂၁ ရက်နေ့၊  ၁၀ ၅၁ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားစျေးလမ်းတွင် HONDA FIT (အဖြူရောင်) ယာဉ်(၁)စီး မောင်းနှင်လာစဉ် အရှိန်လွန်၍ ရေးမြစ်အတွင်းသို့ ထိုးကျသွားခဲ့ပါတယ်။

၁၀ ၅၅ အချိန် သတင်းရရှိသဖြင့် ရေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရန်ကြီးအောင်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ NGO(၁)အဖွဲ့အစည်းများ၊ ကမ်းနားလမ်းမှ ပြည်သူများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး အား (၁၁ ၄၀) အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး အောင်မင်္ဂလာရပ်ကွက်၊ လူနာတင်ယာဉ်ဖြင့် ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ကျား(၂)ဦး မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •