ကယားပြည်နယ်လွှတ်တော်၊ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကယားပြည်နယ်လွှတ်တော်၊
ကယားပြည်နယ်အုပ်ချုပ်ရေးအကြီးအမှူး ဝန်ကြီးချုပ်၊ နှင့်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး –

ကယားပြည်နယ်အစိုးရအဖွဲ့အကြီးအမှူးဖြစ်သည့် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို
အပေါ် စွပ်စွဲချက်များ မှန်ကန်ကြောင်း
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂၀) ဦးရှိသည့်အနက်
(၁၆) ဦးကထောက်ခံဆန္ဒမဲပေးပြီး၊
(၄)ဦးက ကန့်ကွက်မဲများပေးလိုက်ကြတာကို တွေ့ရပါတယ်၊

ကယားပြည်နယ်သည် မြို့နယ်ပေါင်း(၇) ခုရှိကာ လူဦးရေ (၃၃၀၀၀၀) သုံးသိန်းသုံးသောင်းကျော်ရှိပါတယ်၊
(၂၀၁၅) အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နေရာတွင်၊
NLD မှ(၆) ဦးနှင့် ပြည်ခိုင်ဖြိုးမှ(၁) ဦး၊
အမျိုးသားလွှတ်တော်နေရာတွင်၊
NLD မှ (၉) ဦး၊ပြည်ခိုင်ဖြိုးမှ (၂)ဦး၊တစ်သီးပုဂ္ဂလ(၁)ဦး၊
ပြည်နယ်လွှတ်တော်တွင်၊
NLDမှ (၉)ဦး၊ ပြည်ခိုင်ဖြိုးမှ(၄)ဦး၊ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ(၁)ဦး၊ တစ်သီးပုဂ္ဂလ(၁)ဦး၊
အနိုင်ရရှိခဲ့ပါတယ်၊
ထို့ကြောင့်ပြည်နယ်လွတ်တော်ကို (၂၀) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၊တပ်မတော်သားကိုယ်စားလှယ်( ၅) ဦးပါဝင်ခဲ့ပါတယ်။

ကယားပြည်နယ်လွှတ်တော်၌ ယခုဆုံးဖြတ်လိုက်သော ပြသာနာ အစကို အကျယ်ချဲ့ မရေးသားတော့ပေမယ့် အကြမ်းဖျဉ်းတော့ ရေးသားတင်ပြပါရစေ၊
ကယားပြည်နယ်ဝန်ကြီးချုပ်သည် ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူထားသည့် စက်ယန္တရားငှားရမ်းခ ရငွေများကို နိုင်ငံတော်ဘဏ္ဍာငွေစာရင်းမှ ဖျောက်ဖျက်ကာ
မိမိတစ်ဦးတည်းအကျိုးစီးပွားအတွက်
သီးခြားရန်ပုံငွေဖွင့်လှစ်သုံးစွဲခြင်း၊
နိုင်ငံတော်က ချမှတ်ထားသည့် ဘတ်ဂျက်
ဥပဒေ၊စည်းမျဉ်း စည်းကမ်းများကိုလိုက်နာဆောင်ရွက်မူမရှိခြင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၆၃)(က)၊ပုဒ်မခွဲငယ်(၅) ပါ ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာဆောင်ရွက်ခြင်းမရှိဟု၊
လွှတ်တော်က စွပ်စွဲခဲ့ပါတယ်၊
အများပြည်သူပိုင်မြေနေရာအဖြစ်ထားရှိရေးတိုက်တွန်းကြောင်းအဆိုကို အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းမရှိခြင်း၊

လွှတ်တော်က အခါအားလျော်စွာချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရမည်၊
မိမိ၏ အရေးယူဆောင်ရွက်ချက်များ လွှတ်တော်သို့ပြန်လည်အစီရင်ခံ တင်ပြရမည် ၊
ဟူသောပြဌာန်းချက်များအားလိုက်နာမူမရှိခဲ့ ကြောင်း လွတ်တော်က စွပ်စွဲခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ –
ပုဒ်မ(၂၅၈)(က)(ခ) ဖွင့်ဆိုချက်ဖြစ်ပါတယ်။

စာရေးသူမှ ဖွဲ့စည်းပုံအခြေခံဥပဒေမှ
ဆက်စပ် ဥပဒေ ဖွင့်ဆိုချက်များအား အကုန်လုံးမရေးတော့ပါ၊
အချို့စွပ်စွဲပစ်တင်မူတို့သည်ပင်လျှင် ဖွဲ့စည်းပုံ ဖွင့်ဆိုမူနှင့် မကိုက်ညီမူတွေရှိနေပါတယ်။

ဆိုလိုတာက တိုက်တွန်းကြောင်းအဆိုသည်
လုပ်ကိုလုပ်ရမည်ဟု သဘောမပါပေ၊

ပြည်နယ်အစိုးရမှ လုပ်လျှင်လည်းလုပ်လို့ရသလို မလုပ်ပဲလည်း နေနိုင်ပါတယ်၊
လွတ်တော်တွင် ထိုတိုက်တွန်းကြောင်း
အဆိုသည် မှတ်တမ်းတင်ခွင့်တော့ရှိရမှာပါ၊
ဒါကလည်း အဆိုရှင်၏ သဘောသာလျှင်ဖြစ်ရပါမယ်။

ထို့ကြောင့် ဤစွပ်စွဲချက်သည် ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့်သော်လည်းကောင်း၊
အစိုးရ၏ တည်ဆဲဥပဒေအရသော်လည်း ကောင်း၊
အကြောင်း အချက် ခိုင်လုံမူမရှိပါ။

နိုင်ငံတော်ဘဏ္ဍာငွေစာရင်းမှ ဖျောက်ဖျက်ကာ မိမိတစ်ဦးတည်းအကျိုးစီးပွားအတွက်
သီးခြားရန်ပုံဖွင့်လှစ်သုံးစွဲခြင်း၊
ဟူသည့် စွပ်စွဲချက်သည် ဖွဲ့စည်းပုံအခြေဥပဒေနှင့် ပုဒ်မ(၂၆၃)(က)၊ပုဒ်မခွဲငယ်(၅) အရစွပ်စွဲပစ်တင်မူ မလုပ်ပါပဲ၊သက်ဆိုင်ရာ အဖွဲ့အစည်းများမှ နိုင်ငံတော်သမ္မတထံသို့ အချက်အလက် ခိုင်လုံစွာဖြင့်တိုင်တန်းရမှာသာဖြစ်ပါတယ်။
ထိုသို့တိုင်တန်းရခြင်းမှာ –
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွတ် တော်အားတာဝန်ခံရမည်၊
ဖွဲစည်းပုံအခြေခံဥပဒေ (ပုဒ်မ -၂၀၃)။

တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအားတာဝန်ခံရမည်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ- ၂၆၂)(ဌ)/(၁)။

ဖွင့်ဆိုချက်နှင့်အညီ ဥပဒေ အဆင့်လိုက် သွားဘို့နဲ့ဆောင်ရွက်တတ်ကြဖို့လိုအပ်ပါတယ်။
ထို့အပြင် လွတ်တော်များမှ တာဝန်အရှိဆုံး
ပုဂ္ဂုလ်များက ပုဂ္ဂိုလ်ရေး မကျေနပ်၍
တိုက်ခိုက်ရန်အတွက် လွှတ်တော်ကို
အသုံးချ လိုမူများ ထပ်ခါ ထပ်ခါ ဖြစ်လာနိုင် စေမူများ ရှိလာစေနိုင်ပါတယ်။
ဥပဒေ၊နည်းဥပဒေ များကို သူ့နေရာနဲ့သူ၊
ဥပဒေ၏ အဆင့်လိုက်သွားဖို့သည်
တိုင်းပြည်အတွက် အရေးပါ လိုအပ်ပါတယ်။

ယခု ကယားပြည်နယ်လွတ်တော်သည် ပုဂ္ဂိုလ်ရေးမကျေနပ်မူများ၊ မနာလိုမူများနဲ့တကွ အနိုင်ရပါတီကိုပါ တစ်ပါတည်း ထိုးနှက်ဖို့
လွှတ်တော်၏ ပိုင်ခွင့်ကို အပြီး သုံးလိုက်တာ
ဖြစ်ပါတယ်၊
၎င်းတို့၏ လုပ်ဆောင်မူများသည် ပြည်သူအများကိုပါ အထင်မှတ် မှားစေနိုင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် လွှတ်တော်က လုပ်ချင်ရာ လုပ်လို့ရတယ်၊ဟုထင်မြင်ကြမှာက
မလွဲဧကန်ပါ၊
လုပ်လို့ရတာမှန်သည်မှာ ဥပဒေ၊နည်းဥပဒေ၊အချက်အလက်များအား ဆင်ချင်တုံတရားများဖြင့် သွားကြဖို့လိုအပ်နေတာက ယနေ့ မိမိတို့ မြန်မာနိုင်ငံ၏ လက်တွေ့ကျသော မြေပြင်အခြေအနေများဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ –
ပုဒ်မ(၂၄၉) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မူ အာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ဥပဒေပြု နိုင်သော
ကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်၊
ထို့ပြင် ပြည်ထောင်စု ဥပဒေတစ်ရပ်ရပ်အရ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအား ဆောင်ရွက်ခွင့်ပြု သည့် ကိစ္စရပ်များသို့လည်းသက်ရောက်ပျံ့နှံ့သည်။

အထက်ပါစွပ်စွဲချက် အားလုံးကို
ဤပုဒ်မ(၂၄၉) ကလွှမ်းမိုးနိုင်ပါတယ်။

ယခုဖြစ်စဉ်သည် ကယားပြည်နယ် လွှတ်တော်မှ ဥပဒေ ကို တစ်ဆုံးလုပ်လိုက်တာဟု ယူဆပါတယ်၊
ပုဒ်မ (၂၆၃) (က)(၅)ပါပြဌာန်းချက်ကို အသုံးချပြီး ဆောင်ရွက်ဖို့ မလိုအပ် ပါဘဲ
လွှတ်တော်တွင်းအုပ်စုကို လက်ကမ်းပြီး
ဥပဒေ အဆင့်ကျော် ဆောင်ရွက်လိုက်ကြ
တာဖြစ်နေပါတယ်။

ဥပမာ သက်ဆိုင်ရာတိုင်းေးသကြီး သို့မဟုတ် ပြည်နယ်အစိုးရများကသာလျှင် တင်သွင်းနိုင်သော ဥပဒေကြမ်း (၃) ခု ၊
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဒေသန္တရ စီမံကိန်းဥပဒေကြမ်း၊
(၂) နှစ်စဉ်အရ၊အသုံး ဆိုင်ရာခန့်မှန်းခြေ ငွေစာရင်းဥပဒေကြမ်း၊
(၃) အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း၊
စသည်တို့အပြင် –
နိုင်ငံတော်သမ္မတဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်တွင် ဒုသမ္မတများက ဒုတိယဥက္ကဌများ၊ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုရှေဲနေချုပ်၊ပြည်ထောင်စုစာရင်းစစ်ချုပ်၊
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များအားလုံး၊
နေပြည်တော်ကောင်စီဥက္ကဌ၊ နှင့်
ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီး မှ အတွင်းရေးမှူး၊
အဖြစ်ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့်
ဘဏ္ဍာရေးကော်မရှင်၊
တွင်တာဝန်ပေးဆောင်ရွက်စေမူ၊
တာဝန်နှင့်လုပ်ပိုင်ခွင့်ကို
ပုဒ်မ(၂၃၀)မှာ ပုဒ်မခွဲ(၅) ခု၊ခွဲငယ်(၃)ခု၊ နှင့်
ပုဒ်မ(၂၃၁)မှာ ပုဒ်မခွဲ(၃) ခုဖြင့် ဖွင့်ဆို
ပြဌာန်းထားပါတယ်။

ကယားဝန်ကြီးချုပ်အားစွပ်စွဲပြစ်တင် စုံစမ်းရေးအဖွဲ့၊ မဲခွဲဆုံးဖြတ်မူ ဖြစ်စဉ်အား
အကျဉ်းရုံးတင်ပြပါမယ်။
(၁) စွပ်စွဲ ပြစ်တင်ရန်လိုအပ်သော လွတ်တော်ကိုယ်စားလှယ်၏ လေးပုံတစ်ပုံ ဖြစ်သည့် အရေအတွက် (၅) ဦးမှ တစ်ဦးက ရုပ်သိမ်းနုတ်ထွက် သွားပါသောကြောင့်
ပုဒ်မ(၂၆၃)(ခ) နဲ့ညီပါရဲ့လား ?

(၂) ကျန်သော စွပ်စွဲ ပြစ်တင်သည့် (၄) ဦးမှ
နှစ်ဦးသည် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင်
ပါဝင်ပြီး ဥက္ကဌ နှင့်အတွင်းမှူးအဖြစ်
ဆောင်ရွက်ပါသောကြောင့် လွတ်တော်၏ ထုံးနှင့် ညီပါရဲ့လား ?

စသည်တို့အား ပြည်ထောင်စုလွတ်တော်
ဥပဒေရေးရာကော်မတီအား
လွတ်တော်နာယကမှ တာဝန်ပေးစုံစမ်း
စစ်ဆေးနိုင်ရန်၊
နှင့်…..

နိုင်ငံတော်သမ္မတမှ သက်ဆိုင်ရာ ဥပဒေရေးရာအဖွဲ့များမှ စစ်ဆေးစေခြင်း၊
တို့အပါအဝင် –

ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန်တင်သွင်းခြင်း ဆိုင်ရာ နည်းဥပဒေ –
ပုဒ်မ (၁၃) ပေးထားချက်အရ –
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးသို့ လုပ်ထုံးနှင့်အညီ နိုင်ငံတော်သမ္မတက ခုံရုံးသို့တိုက်ရိုက် တင်သွင်းခွင့်ရှိပါ၍
တင်သွင်းမေးမြန်းဘို့လိုအပ်ပါတယ်၊

ကယားပြည်နယ်ဝန်ကြီးချုပ်သည် မိမိ၏ တင်သွင်းလွာကို နိုင်ငံတော်သမ္မတမှ
တစ်ဆင့် ခုံရုံးသို့ပေးပို့ ခွင့်လည်းရှိပါတယ်။
(ပုဒ်မ -၁၅ )(က) ၏ ဖွင့်ဆိုပြဌာန်းချက်။

စာရေးသူသည် ကယားဝန်ကြီးချုပ်နှင့်
ကယားပြည်နယ် လွတ်တော်ဥက္ကဌ တို့အား
မရင်းနှီးပါ၊
ပုံကိုလည်း သတင်း ဖော်ပြမူ သတင်းဓာတ်ပုံများမှာသာ မြင်ဖူးပါတယ်၊

သို့ပေမယ်လို့ ယခုဆောင်းပါးကို ရေးသား
ရခြင်းသည် မိမိတို့တိုင်းပြည် ဒီမိုကရေစီခေတ်သစ်ဆီသို့ သွားနေဆဲ ကာလ၌
ဆိုင်ရာ ဆိုင်ရာ လွှတ်တော်များမှာ လုပ်ပိုင်ခွင့်၊ဆုံးဖြတ်ပိုင်ခွင့်ဥပဒေ၊ထုံးများအား တလွဲ အသုံးချ နေမူအား အခွင့် ပေးမိသကဲ့သို့ အစဉ်အလာ ဖြစ်သွားမည်ကို စိုးရိမ်ပါ၍
အကြောင်းအချက်များကို ရေးသားတင်ပြ
ရခြင်းဖြစ်ပါတယ်။

အမှတ်ရစရာ တစ်ခုကို အားလုံးတွေးဆ
စရာ ရေးသားအသိပေးမူဖြင့် –
မိမိ၏ဆောင်းပါး ကို အဆုံးသတ်ပါရစေ၊

အကယ်၍များ တပ်မတော်သား သို့မဟုတ် တပ်မတော် အရာရှိ တစ်ဦးဦးအား
စွပ်စွဲ ပြစ်တင်လိုက်ပါက…
၎င်းလွတ်တော်ကိုယ်စားလှယ်များနှင့်
လွတ်တော် ဥက္ကဌ ကြီးတို့သည် –
ပုဒ်မ(၅၀၅)(က) နဲ့တော့ ငြိ ကြပြီသာ မှတ်… !

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (၂.၉.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •