ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့အဆို ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု အောင်မြင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့အဆို ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု အောင်မြင်

စက်ယန္တရားကြီးတွေကို ငှားရမ်းပြီးသုံးစွဲခဲ့မှုနဲ့ ကယားဒေးကွင်းမြေနေရာ ငှားရမ်းသုံးစွဲခဲ့မှုနဲ့ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ကယားပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာကိုဒီကနေ့ ကျင်းပါတဲ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ဥက္ကဋ္ဌက ဖတ်ကြားခဲ့ပြီး  လျှို့ဝှက် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၁၆  မဲနဲ့  အနိုင်ရရှိခဲ့တာပါ။

 

ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၀ ဦးစလုံး တက်ရောက်ခဲ့ပြီး လျှို့ဝှက်ဆန္ဒမဲ ပေးရာမှာ ထောက်ခံမဲ ၁၆မဲ၊  ကန့်ကွက်မဲ ၄ မဲ နဲ့  စွပ်စွဲပြစ်တင်မှု အနိုင်ရခဲ့တာဖြစ်ပါတယ်။

 

လွှတ်တော် ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတထံ တင်ပြအစီရင်ခံရမှာဖြစ်ပြီး ဒီတင်ပြချက်ရတဲ့အခါ နိုင်ငံတော်သမ္မတ အနေနဲ့ စွပ်စွဲပြစ်တင်ခံရတဲ့ ဝန်ကြီးချုပ်ကို ရာထူးတာဝန်ကနေ ရပ်စဲရမယ်လို့  ၂၀၀၈ ဖွဲစည်းပုံမှာ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •