ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ထောက်ခံမှု (၇၄.၄%) ဖြင့် အနိုင်ရရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ထောက်ခံမှု (၇၄.၄%) ဖြင့် အနိုင်ရရှိ

 

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး သည်ကား အောင်မြင်စွာ ပြီးမြောက်ခဲ့လေပြီ။

ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကယားပြည်နယ်၊ မယ်စဲ့ မြို့နယ်လေးမှာတော့ အနီရောင် အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့ပါပြီ။

ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှာတော့ (ကြိုတင်ဆန္ဒမဲနှင့် ဆန္ဒမဲများ) တွင် ခိုင်လုံမဲ ရရှိမှုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် ကျွန်တော့အတွက် ထောက်ခံမှု (၇၄.၄%) ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ကျွန်တော့ အပေါ် ယုံကြည်ကြတဲ့၊ အားပေးဝန်းရံထောက်ခံမှုကြောင့် ယခုလို အောင်မြင်မှုရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။

ကျွန်တော့အနေနဲ့ ယခင် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သလို ပေးအပ်တဲ့ တာဝန်ထမ်းဆောင်မှုများမှ နိုင်ငံရေးအတွေ့ အကြုံ၊ မိမိရဲ့ အားနည်းချက်၊ အားသာချက်များကိုလည်း ကောင်းစွာ သိမြင်ခဲ့ပြီးဖြစ်ပါတယ်။

အားနည်းချက်တွေကို အကောင်းဆုံးပြင်ဆင်ပြီး ပေးအပ် လာတဲ့ တာဝန်အပေါ်မှာ တာဝန်ကျေပွန်သည်ထက် ကျေပွန်အောင် စေတနာ၊ မေတ္တာ အပြည့်နှင့် ထမ်းရွက်သွားပါ့မယ်လို့ ကတိပြုပါတယ်။

ဆန္ဒမဲပေးခြင်း တစ်ခုတည်းရယ်မဟုတ်ဘဲ
ကျွန်တော့ကို မြန်မာနိုင်ငံအနှံ့
Social Media မှ ဖြစ်စေ၊
တစ်စုံတစ်ခုသော အင်အားဖြင့် အားပေးရပ်တည်ခဲ့ကြတဲ့ မည်သူ့ကိုမဆို ကျေးဇူးအထူးတင်ရှိပါကြောင်းပါတယ်။

တာဝန် ဆက်လက် ထမ်းရွက်ခွင့်ရရှိအောင် အားပေးထောက်ခံ ဝန်းရံပေးကြတဲ့ ပြည်သူအားလုံးကို ကျွန်တော့အနေနဲ့ လေးလေးစားစား အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်း ပြောကြားပါရစေ ခင်ဗျာ…


Spread the love
  •  
  •  
  •  
  •  
  •  
  •