ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်ဆိုင်းဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ကိစ္စဟာ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း NLD CEC ကရှုမြင်သုံးသပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်ဆိုင်းဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ကိစ္စမှာ လုပ်ငန်းစဉ်တွေ မှားယွင်းနေတယ်လို့ ဒုဥက္ကဌ(၂) ပြော

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ကို တာဝန်ကနေ ရပ်ဆိုင်းဖို့ စက်တင်ဘာ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကယားပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ကိစ္စမှာ လုပ်ငန်းစဉ်တွေ မှားယွင်းနေတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ(၂) လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်ဆိုင်ရာ အငြင်းပွားမှုကို အခြေခံဥပဒေခုံရုံးကပဲ ဖြေရှင်းနိုင်မယ်လို့ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်တွေက တွေ့ဆုံ မေးမြန်းချိန်မှာ ဖြေကြားခဲ့တာပါ။

“ နံပတ်တစ်အချက်က စွပ်စွဲပြစ်တင်တဲ့သူက လေးပုံတစ်ပုံ ရှိရမယ်။ ငါးယောက် ရှိရမယ်။ တစ်ယောက် ထွက်သွားတယ်။ ပုဂ္ဂိုလ်ရေးဆန်တဲ့အတွက်တဲ့၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်ကြား ပုဂ္ဂိုလ်ရေးဆန်တယ် ဆိုပြီး ထွက်သွားတယ်။ အဲဒီမှာ လေးယောက်ပဲ ကျန်မယ်။ တိုင်တဲ့သူ သုံးယောက်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ထည့်လိုက်တယ်။ ဒါက ဘယ်လုပ်ငန်းစဉ်မှ မရှိဘူး၊ တိုင်တဲ့သူကို တရားသူကြီး ခန့်လိုက်တယ်ဆိုတာ တရားလိုကို တရားသူကြီးခန့်တာ ဖြစ်သွားတယ်။ အဲဒီတော့ စုံစမ်းရေး ခုနကဟာတွေ ပါသွားတယ်။ အဲဒီလုပ်ငန်းစဉ်တွေ မှားနေတယ်။ ပြောချင်တာက လုပ်ငန်းစဉ်ကတော့ မှားနေတယ်။ အယ်လ်ဖောင်းရှိုးရဲ့မိန့်ခွန်းကို ဖတ်၊ အဲဒါက ဖြေရှင်းချက်ပဲ၊ ဘာပဲပြောနေနေ လွှတ်တော်ကတော့ မဲခွဲသွားပြီ၊ သမ္မတကနေ အတည်ပြုပေးရမှာ၊ သမ္မတအပေါ် ရောက်သွားပြီ၊ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်မှာက အခြေခံဥပဒေခုံရုံးက ဖြေရှင်းနိုင်မှာပေါ့”

ဥပဒေချိုးဖောက်ရင်တော့ ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်ကို ရာထူးကနေ ရပ်ဆိုင်းဖို့ စက်တင်ဘာ ၁ ရက်နေ့မှာ ပြည်နယ်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တာပါ။

 

ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကတော့ သူ့အနေနဲ့ သမ္မတရုံးညွှန်ကြားချက်၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့တာသာဖြစ်တယ်ဆိုပြီး စက်တင်ဘာ (၁)ရက်နေ့က ပြည်နယ်လွှတ်တော်မှာ ပြန်လည်ချေပခဲ့ပါတယ်။

ဒါ့အပြင် သူ့ကို စွပ်စွဲပြစ်တင်သူတွေထဲက သုံးယောက်ဟာ စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲမှာ ပြန်လည် ပါဝင်နေတာကြောင့် ဒါဟာ တရားလိုက တရားသူကြီးသဖွယ် ဆောင်ရွက်တာဖြစ်ကြောင်းနဲ့ ဒီအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ မှန်ကန်မျှတတဲ့ စစ်ဆေးမှုမျိုး ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်လွှတ်တော်၌ ပြောကြားခဲ့သည်။

Nyo Nyo Theint
Source – RFA


Spread the love
  •  
  •  
  •  
  •  
  •  
  •