ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို မယ်စဲ့မြို့နယ် အတွင်း မဲဆွယ်စည်းရုံးရေး စတင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို မယ်စဲ့မြို့နယ် အတွင်း မဲဆွယ်စည်းရုံးရေး စတင်

ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို က မယ်စဲ့မြို့နယ် အတွင်း မှာ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့တဲ့
အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အခုလိုရေးသားထားပါတယ်။

———-
ယနေ့ ကျွန်တော့ရဲ့ မဲဆွယ်စည်းရုံးခွင့်ကာလအတွင်း မယ်စဲ့မြို့နယ်ထဲက ကျောက်စု ကျေးရွာကို ရောက်ရှိ ခဲ့ပါတယ်။

ကျောက်စုကျေးရွာဆိုတာ ကျွန်တော် မဲဆွယ်မှ ရောက်တယ်ရယ်မဟုတ်ပါဘူး။ ကျွန်တော် ယခင် ဝန်ကြီးချုပ် တာဝန်မထမ်းဆောင်ခင် ကာလရော၊ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ အစဉ်အမြဲ ရောက်ဖြစ်ခဲ့တဲ့ ရွာလေးလည်း ဖြစ်ပါတယ်။

 

ကျွန်တော် တာဝန်ထမ်းဆောင်ချိန်က ဌာနဆိုင်ရာ အများစု က ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် သိသိသာသာ တိုးတက်တဲ့ရွာဆို ကျောက်စုလို့တောင် ပြောတဲ့အထိပါပဲ။

ကျောက်စုကျေးရွာအတွက် ကျွန်တော် လုပ်ပေးနိုင်တဲ့ မူဘောင်ထဲကနေ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး လင်းရေးအပြင် မြေပေးမိန့်ရရှိရေးအထိ ဆောင်ရွက်နိုင် ခဲ့ပါတယ်။

အမှတ်ရဆုံးတစ်ခုပြောပါဆိုရင် ကျေးရွာတည်ထောင်စဉ် ကတည်းက ရေမရရှိခဲ့တဲ့ ကျေးရွာလေး ကျွန်တော် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်အခါ ရေရရှိရေး ဆောင်ရွက်ပေးဖို့ အတန်တန်တင်ပြကြသလို ကျွန်တော် အနေနဲ့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။

 

နောက်ဆုံး အားလုံးမျှော်လင့်မထားဘဲ ၂၀၁၈ ခုနှစ်မှာ အဝီစိတွင်းကို အောင်မြင်စွာ တူးဖော်နိုင်ခဲ့ပြီး ကျေးရွာ လေး ရေရရှိရေးအတွက် ရေကော်မတီထားပြီး ဆောင် ရွက် နိုင်ခဲ့တယ်။

ယနေ့ ကွင်းဆင်းဆောင်ရွက်တဲ့အချိန် ကကျေးရွာနေ ‌ပြည်သူတွေ အားကိုးတကြီး ထိုရေတွေ သုံးစွဲနေတာ တွေ့ရတော့ ရင်ထဲ အတိုင်းမသိကြည်နူးမိပါတယ်။

ယနေ့မှာတော့ မယ်စဲ့မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကျွန်တော်နဲ့အတူ အဖွဲ့သားများ က ကျေးရွာအတွင်း ဆိုင်းဘုတ်ထောင်ခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကယားပြည်နယ်ကြီး ဘက်စုံဖွင့်ဖြိုးတိုးတက်ပါစေ။

COVID ရောဂါကပ်ဆိုးကြီးကို အားလုံး အင်အားနဲ့ တိုက်ထုတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •