ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို တာဝန်လွှဲပြောင်းပြီး ဇာတိမြေ မယ်စဲ့မြို့ကို အပြန်မှာ လူထုက သောင်းသောင်းဖြဖြကြိုဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို
တာဝန်လွှဲပြောင်းပြီး ဇာတိမြေ မယ်စဲ့မြို့ကို အပြန်မှာ
လူထုက သောင်းသောင်းဖြဖြကြိုဆို

( ဦးအယ်လ်ဖောင်းရှို ရဲ့ ဖေ့စ်ဘွတ် မှ)

ကျွန်တော့ရဲ့ ဇာတိမြို့နယ်‌လေးဖြစ်တဲ့ မယ်စဲ့မြို့လေးကို တာဝန်လွှဲပြောင်းပြီးလို့ အပြန်ခရီးလေးတလျှောက် ကျွန်တော့ကို ချစ်ခင် ကြတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ မယ်စဲ့ မြို့နယ်မှ ကြိုဆိုပေးကြတဲ့ ပြည်သူများရဲ့ တစ်ဦးချင်း တစ်ဦးချင်းက ပေးတဲ့ မေတ္တာ များကို ကျွန်တော်ရရှိပါတယ်။

တန်ဖိုးလည်း ထားနေမှာပါ။

 

Covid ကာလ ဖြစ်တာကြောင့် တားမြစ်လိုပေမဲ့လည်း အသိအမှတ် ပြုသူများရဲ့ မေတ္တာကို မလွန်ဆန်နိုင်ခဲ့ ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့်အညီ အတတ်နိုင်ဆုံး ကြို ဆိုပေးကြသူများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

 

ပြည်သူ‌တွေက ပေးတဲ့  မေတ္တာခွန်အားတွေနဲ့ ကျွန်တော် တို့ ဖော်ဆောင် ကြိုးပမ်းချင်ကြတဲ့ စနစ် ကောင်း အ‌ရွေ့ တစ်ခုကို အားမာန် ခွန်အား အပြည့်နဲ့ ကျွန်တော် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း သွားမယ်ဆိုတာ ကို လေးနက်စွာ ကျေးဇူးမေတ္တာ ပြန်လည် တုံ့ပြန် အသိပြုပါကြောင်း ပြောကြားလိုပါ တယ်။

 

ကယားပြည်နယ်မှ မိဘ၊ ပြည်သူအားလုံး Covid ဘေးမှ ကင်းဝေးကြပါစေ။


Spread the love
  •  
  •  
  •  
  •  
  •  
  •