ကသာမြို့၏ ဧရာဝတီမြစ်ရေ နောက် (၂)ရက်အတွင်း စိုးရေမှတ်သို့ ရောက်ရှိနိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကသာမြို့၏ ဧရာဝတီမြစ်ရေ နောက် (၂)ရက်အတွင်း စိုးရေမှတ်သို့ ရောက်ရှိနိုင်

 

(၁၃-၇-၂၀၂၀)ရက်နေ့၊ (၁၂ ၃၀)အချိန်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၏ ဧရာဝတီမြစ်ရေအမှတ်သည် 979 Cm သို့ ရောက်ရှိနေပြီး နောက် (၂)ရက် အတွင်း စိုးရေအမှတ် 1040 Cmသို့ ရောက်ရှိနိုင်ပါတယ်။

 

အဲဒါကြောင့် ကူးကာကျေးရွာ၊ ကျားသေကျေးရွာ၊ အောက်ဝဲကြီးရေလယ်ကျွန်းနှင့် သုံးဆယ်ပေးကျေးရွာများ မြစ်ကမ်းဘေး၌ နေထိုင်သူများ သတိပြု နေထိုင်ကြရန် ကြိုတင်အသိပေးနိုးဆော်ခြင်း၊ ရေဘေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများအား ကသာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ဘေးအန္တရာယ်ဆိုင်ရာ ဦးစီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။

 

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •