ကာကွယ်ရေးဝန်ကြီးဟောင်း ကိုမဲထပ်နိုင်လိုက်တဲ့ ကဗျာဆရာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကာကွယ်ရေးဝန်ကြီးဟောင်း ကိုမဲထပ်နိုင်လိုက်တဲ့
ကဗျာဆရာ

NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရည်မွန်ရဲ့ လူမှုကွန်ရက်မှာ  ဖော်ပြချက်အရ သူ့အနေဖြင့် စုစုပေါင်း မဲအရည်အတွက် ၄၃၁၀၁ မဲ ရရှိခဲ့ပြီး ၁၀၁၅၉ မဲ အသာ ရရှိခဲ့တယ်လို့ သိရပြီး ကော်မရှင်ထံတွင် မဲရလဒ် အတည်ပြုသည့် ပုံစံ ၁၉ ပင် လက်မှတ်ထိုးပြီးပြီလို့ဆိုပါတယ်။

ပုပ္ဗသီရိ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးရည်မွန်(ခ)မောင်တင်သစ် ဟာ
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၊ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်ကို ၂၀၁၅ ရွေးကောက်ပွဲမှာ
မဲအနည်းငယ်အသာဖြင့် အနိုင်ယူခဲ့သူဖြစ်ပါတယ်။

ဦးရည်မွန်(ခ)မောင်တင်သစ်ဟာ   ၂၀၁၅-၂၀၂၀
လွှတ်တော်တွင်းမှာ
-သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဝင်-
-၂၁ ရာစုပင်လုံညီလာခံမှာ လုံခြုံရေးကဏ္ဍလုပ်ငန်း
ကော်မတီဝင်-
-၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး (၄၅ ဦး) ပူးပေါင်းကော်မတီ
တာဝန်တွေမှာ ပါဝင်ထမ်းဆောင်ခဲ့ပါတယ်။

အမျိုးသားနိုင်ငံရေးဦးဆောင်မှု့ အခန်းကဏ္ဍမှာသာ
ပါဝင်ခွင့်မရဘူးဆိုရင် တပ်မတော်ဟာ ဒို့တာဝန်အရေး(၃)ပါးကို ထမ်းဆောင်လို့ မရနိုင်တော့ဘူးလားဆိုတဲ့မေးခွန်းအပြင်၊
သီးခြားသဘောဆောင်တဲ့အခွင့်ရေးတွေ ဖွဲ့စည်းပုံမှာယူမထားလည်း တပ်မတော်ဟာ၊တပ်မတော်သာဖြစ်ကြောင်း
တပ်မတော် အနေနဲ့
ငါတို့ပဲ တိုင်းပြည်ကို ချစ်တယ်
ငါတို့ပဲ တိုင်းပြည်ကို ကာကွယ်နေတယ်
ငါတို့ပဲ တိုင်းပြည်ကို တည်ဆောက်နေတယ်လို့ အထင်ရောက်နေသမျှ ပြည်သူ့ပုခုံးပေါ်တက်ထိုင်ဖို့ပဲ
စဉ်းစားလာပါလိမ့်မယ်ဆိုတဲ့အကြောင်း

ပြည်သူနဲ့တသားတည်းဖြစ်ဖို့ဆိုလျင်
ပြည်သူကအပ်နှင်းလိုခြင်းမရှိတဲ့တာဝန်တွေ၊ဝန်ပိုတွေကို
ထမ်းဆောင်ဖို့၊ပါဝင်ဖို့ တောင်းဆိုနေမယ့်အစား
ပြည်သူကအပ်နှင်းထားတဲ့ တာဝန်ကို professional ကျကျတာဝန်ကျေအောင်ထမ်းဆောင်ဖို့သာ လိုအပ်ကြောင်း

ပုဒ်မ ၆(စ) ပါ အမျိုးသားနိုင်ငံရေးဦးဆောင်မှု့ အခန်းကဏ္ဍဟု ဆိုရာဝယ် အာဏာ(၃)ရပ်လုံးမှာ တပ်မတော်ပါဝင်နေသည်ကို တွေ့ရတဲ့အတွက် အာဏာနိုင်ငံရေးမှာ
တပ်မတော်၏ပါဝင်မှု့ကိုပဲ အမျိုးသားနိုင်ငံရေးဟုဆိုလိုသလား မှတ်ယူရမလိုသာရှိကြောင်း စသဖြင့်
ဦးထွန်းထွန်းဟိန်အပါဝင် ပြည်သူ့ရွေးချယ်ခံကိုယ်စားလှယ် ၃၅၁ ဦးတင်သွင်းထားတဲ့ ပုဒ်မ ၆(စ)၊
ပုဒ်မ ၁၄ ၊ပုဒ်မ ၁၇(ခ) အစရှိတဲ့ပြင်ဆင်ချက်များကိုထောက်ခံကြောင်းအဆိုကို နှုတ်တိုက်( အလွတ် )တင်သွင်းခဲ့သူပါ။

နေပြည်တော်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ နေရာနှင့် အမျိုးသား လွှတ်တော်တွင် မဲဆန္ဒနယ် ၂ နေရာတွင် နိုင်ငံရေးပါတီပေါင်း ၁၁ ပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

နေပြည်တော်မှာ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်း မြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ ပါဝင်ပါတယ်။

နေပြည်တော်မှာ မဲရုံပေါင်း ၇၀၀ နီးပါးတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူ ၉ သိန်းကျော် ရှိပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •