ကာဘိုး အကြမ်းဖက်မှုအခြေအနေ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သွားရောက်စစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကာဘိုးအကြမ်းဖက်မှုအခြေအနေ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သွားရောက်စစ်ဆေး

(၂၄.၁၀.၂၀၂၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာတွင် (၂၂.၁၀.၂၀၂၀)ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဝန်းရံထောက်ခံသူများက ကိုဗစ်စစ်ဆေးရေးဂိတ်နှင့် ဒေသခံလူငယ်များနှင့် နေအိမ်အချို့အပေါ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရာ ကာဘိုးကျေးရွာသို့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်အတူအမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်တည်လုံဥက္ကဌ ဦးဝင်းအောင်၊ တိုင်းရဲမှူးကြီးဦးဝင်းကြည်၊ တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာပေါင်စပ်ညှိနှိုင်းရေးအဖွဲ့ဝင် ဦးသန်းဌေး၊ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဇင်လတ် နှင့် ခရိုင်၊မြို့နယ်တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြပြီး အကြမ်းဖက်ခံရသူများကို အားပေးနှစ်သိမ့်စကားဆိုခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က
” ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ကိုဗစ်ကပ်ရောဂါကိုပြည်သူနှင့်အတူရင်ဆိုင်ရင်း
လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကို
အောင်မြင်စွာ ကျင်းပနိုင်ရန် ကျိုးစားနေပါတယ်။
ကျွန်တော်တို့အစိုးရက နိုင်ငံသားနဲ့ ပါတီတွေကို
လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူအခွင့်အရေးရှိစေခြင်းတို့ကို အစဉ်တစိုက် အလေးထားဖော်ဆောင် လျှက်ရှိပါတယ်။

အကြမ်းဖက်မှုနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့်ဖြစ်စေလုံးဝလက်မခံပါဘူး။ ဖြစ်စဉ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကြည့်ပါ၊ တုတ်တွေ၊ သံပိုက်တွေ၊ ဓားတွေ ကိုင်ဆောင်လာကြတာ ဆိုကတည်းက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ပေါ်လွင်ပါတယ်။
ခင်ဗျားတို့ ရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများကို
တယောက်မကျန်ဖော်ထုတ်စစ်ဆေးပြီး ဥပဒေအရ အမြန်ဆုံးအရေးယူဖို့ လိုအပ်ပါတယ်။
ဒီဖြစ်စဉ်ကို ကျွန်တော်စောင့်ကြည့်အရေးယူသွားပါ့မယ်..”ဟုပြောဆိုသွားခဲ့ပါသည်။

ထို့နောက် ဖျက်ဆီးခံရသော နေအိမ်နှင့် ရိုက်နှက်ခံရသော လူငယ်လေးအိမ်များသို့ သွားရောက်မေးမြန်ကာ
အားပေးနှစ်သိမ့်စကားဆိခဲ့ပြီး ထောက်ပံ့ငွေအချို့လှူဒါန်းခဲ့ပါသည်။

(နောက်ဆက်တွဲ- သတင်းရေးနေစဉ်အတွင်း အရိုက်နှက်ခံကလေးမှာ မန္တလေးဆေးရုံမှပြန်လွှတ်လိုက်၍ ပြန်လာစဉ် လမ်းခရီးတွင် #သေဆုံးကြောင်း သိရပါသည်။)


Spread the love
  •  
  •  
  •  
  •  
  •  
  •