ကာလိမြို့တွင် ငွေကျပ် ၃၂ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၁၆၀၀ ကီလို ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကာလိမြို့တွင် ငွေကျပ် ၃၂ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၁၆၀၀ ကီလို ဖမ်းဆီးရမိ

နေပြည်တော်။ ဩဂုတ် ၂၈

ဩဂုတ်လ ၂၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ သံလွင်မြစ်ကူးတံတား(တာကော်)ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ်

ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ စိုင်းသန်းထွန်း မောင်းနှင်ပြီး ကျန်းမိန်မှေး(ခ)ဝင်းနိုင် လိုက်ပါလာသည့် ဆီဘောက်ဆာယာဉ်အား မသင်္ကာ၍ စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် စစ်ဆေးရေးဂိတ်သို့မရောက်မီယာဉ်အားရပ်တန့်၍ ယာဉ်မောင်းဖြစ်သူ စိုင်းသန်းထွန်း သည် ကားလမ်း၏တောင်ဘက် လျှိုအတွင်းမှတစ်ဆင့် သံလွင်မြစ်အတွင်းသို့ ခုန်ချထွက်ပြေးသွားခဲ့သဖြင့် ပူးပေါင်းအဖွဲ့မှသံလွင်မြစ်အတွင်းစက်လှေဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးရာ ရေထဲတွင် မြုပ်လိုက်ပေါ်လိုက်ဖြစ်ပြီး ပျောက်ဆုံးလျက်ရှိပါတယ်။

ဆီဘောက်ဆာယာဉ်အားစစ်ဆေးရာဆီဘောက်ဆာအလယ်အကန့်တွင်အံဝှက်ပြုလုပ်ထားပြီး အိုက်စ်(မက်အဖက်တမင်း) ၁,၆၀၀ကီလိုနှင့်လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ကျန်းမိန်မှေး(ခ)ဝင်းနိုင်(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source – CCDAC Myanmar


Spread the love
  •  
  •  
  •  
  •  
  •  
  •