ကား​နောက်ဆုတ်စဥ် ဘရိတ်နှင့်လီဗာ မှားနင်းမိပြီး ​ရေကန်ထဲထိုးကျ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကား​နောက်ဆုတ်စဥ်
ဘရိတ်နှင့်လီဗာ မှားနင်းမိပြီး ​ရေကန်ထဲထိုးကျ ။
================================

၂၀.၁.၂၀၂၁ ရက်နေ့၊ ၀၆ ၃၀ အချိန် ၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်၊ ကန်ကြီးရေကန်၊ ကန်ပတ်လမ်းတွင် Wish (အမဲရောင်)ယာဉ်အား နောက်ဆုတ်ကွေ့ရာတွင် ဘရိတ်နှင့်လီဗာမှားနင်းမိ၍ ကန်ကြီးရေကန်ထဲသို့ နောက်ပြန်ထိုးကျသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာသို့ မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၀၈ ၁၀ အချိန်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •