ကိစ္စတစ်ရပ်နဲဲ့ပတ်သက်လို့ စည်းမျဉ်းညွှန်ကြားချက်တွေ ထုတ်ပြီးတဲ့အခါ၊ သင့်တော်ရဲ့လား၊ အလုပ်ဖြစ်ရဲ့လား ဆိုတာကိုလည်း လေ့လာသုံးသပ်ရပါတယ်(ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ကိစ္စတစ်ရပ်နဲဲ့ပတ်သက်လို့ စည်းမျဉ်းညွှန်ကြားချက်တွေ ထုတ်ပြီးတဲ့အခါ၊ ဒီစည်းမျဉ်းတွေဟာ သင့်တော်ရဲ့လား၊ အလုပ်ဖြစ်ရဲ့လား ဆိုတာကိုလည်း လေ့လာသုံးသပ်ရပါတယ်။

မကြာမီက စားသောက်ဆိုင်များပြန်လည်ဖွင့်ရေးအတွက် စည်းကမ်း သတ်မှတ်ချက်တွေချပြီး လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေးကိုဦးတည်ခဲ့ပါတယ်။ နေပြည်တော်စားသောက်ဆိုင်အချိို့လည်း အစစ်ဆေးခံပြီး ပြန်ဖွင့်လာပါတယ်။ ဒါနဲ့ နိုးကြား တက်ကြွ အလုပ် ပျော် အရာထမ်း တစ်ယောက်က မိမိစိတ်ကူးဆန္ဒအရ၊ ထမင်းနပ် ထပ်ပါစေ၊ လေ့လာဖို့လိုတယ်လို့ ဆုံးဖြတ်ပြီး စားသောက်ဆိုင် ၃-၄ ဆိုင် လှည့်ပြီးစားခဲ့ပါတယ်။ ကျွန်မတို့အတွက် အကျိုးရှိတဲ့ (အစိုးရ စရိတ်မကုန်)လှည့်လည် စားသောက်မှုပါ။

ကိုယ်တိုင်စမ်းကြည့်ခဲ့တော့ ပြည့်ပြည့်စုံစုံ သိခဲ့ရပြီး ကျွန်မ တို့ကိုအသေးစိတ် သုံးသပ်ချက်တွေ ပြောပြနိုင်ပါတယ်။ ပထမဦးဆုံးကျေနပ်စရာကတော့ ဆိုင်တွေကော စားသုံးသူတွေပါ စည်းကမ်းချက်တွေကို လိုက်နာစိတ်ရှိကြပါတယ်။ မပြည့်စုံတာလေးတွေတော့ရှိသေးပါတယ်။ ဆိုင်ဝန်ထမ်းများ mask တပ်ဆင်ကြသော်လည်းအချို့တွေက face shield၊ လက်အိတ်တို့ မပါတာ တွေ့ခဲ့ရပါတယ်။ဒါတွေဟာ လာရောက် စားသုံးသူများ၊ ဆိုင်ဝန်ထမ်းများအားလုံးအတွက် အလွန်အရေးကြီးတာကြောင့် ကျွန်မတို့ ထပ်မံညွှန်ကြားပါမယ်။

ကျွန်မတို့ အရာထမ်းကြီး ကျေးဇူးကြောင့် နောက်ထပ် စဉ််းစားရတဲ့ကိစ္စကတော့ အတူလာရောက်သူများ အတူစားနိုင်ရေး ဖြစ်ပါတယ်။ ကားတစ်စီးထဲ အတူ စုလာကြ၊ ဆိုင်ကယ်တစ်စီးထဲပေါ် အတူထိုင်ပြီး လာကြသူတွေ စားသောက်ဆိုင်ရောက်မှ အတူမထိိုင််ရဘူးဆိုတဲ့ကိစ္စ။ ဒါက လက်တွေ့အကျိုးရှိမဲ့စည်းကမ်း မဟုတ်လို့ မသတ်မှတ်သင့်တာ တွေ့ရပါတယ်။ အရေးကြီးတာက သူစိမ်းများနဲ့ ထိတွေ့မှု မရှိစေရန် ခွါထားတဲ့ စားပွဲခုံများအကြား အကာတွေ ထားဖို့ပါပဲ။

Covid ကြောင့် စဉ်းစား သင်ယူစရာတွေကို နေ့စဉ်နဲ့အမျှ တွေ့နေရ ပါတယ်။ လွန်ကဲတယ်လို့ မရှိနိုင်တဲ့ ‘သတိ’အား ကောင်းအောင် လေ့ကျင့်ရခြင်းကတော့ covid ကနေ ရတဲ့ တန်ဖိုးအရှိဆုံးသင်ခန်းစာပါပဲ။


Spread the love
  •  
  •  
  •  
  •  
  •  
  •