ကိုကိုးကျွန်းရှိ NLD ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ပိုစတာများ ဖျက်ဆီးခံရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုကိုးကျွန်းမြို့နယ် NLD ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ပိုစတာများ ဖျက်ဆီးခံရ

စက်တင်ဘာလ ၈ ရက်နေ့ မနက် ၈ နာရီတွင် တစ်နိုင်ငံလုံးနည်းတူ ကိုကိုးကျွန်း၌လည်း အခြားပါတီများ မစိုက်ထူမီ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ပိုစတာများကို အစောဆုံးစိုက်ထူခဲ့ပါတယ်။

 

အဲဒီပိုစတာများအနက် အနက် ကိုကိုးကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး‌တွင် စိုက်ထူထားသည့် ပိုစတာ ၂ခု၊ အမှတ်(၂)ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် စိုက်ထူထားသည့် ပိုစတာ ၁ခုနှင့် ကျောင်းလမ်းနှင့် ရွေးကောက်ပွဲကော်မရှင်ရုံးသစ်ကြားတွင် စိုက်ထူထားသည့် ၁ခု၊ စုစုပေါင်း  ၄ခုမှာ စက်တင်ဘာ ၁၀ ရက်နေ့ ညအချိန်၌ ဖျက်ဆီးခံခဲ့ရပါတယ်။

 

အဲဒါကြောင့်သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးသို့ တင်ပြ၍ ဖြစ်ရပ်မှန်ကို ဖော်ထုတ် အရေးယူနိုင်ရန် အမှုဖွင့်တိုင်ကြား
သွားမယ်လို့ ကိုကိုးကျွန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းဖော်ပြထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •