ကိုဗစ်ကမြန်မာပြည်ကိုတစ်နှစ်ပဲဖျက်ဆီးနိုင်မယ် ၊စစ်အာဏာရှင်စနစ်ဆိုးကနှစ်ပေါင်း (၃၀) လောက်ဖျက်ဆီးလိမ့်မယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျနော်ဒီရက်ပိုင်း COVID-19 နဲ့ကာကွယ်ဆေးသတင်းတွေဆက်ရေးပေးမယ်လို့ လူတွေကိုနှစ်သိမ့်ပါတယ်။

“#မရပါ။”

“#မရေးပါနဲ့တဲ့။ ကမ္ဘာ့သတင်းနဲ့လက်ရှိအခြေအနေကိုပဲရေးပေးပါတဲ့။”

ကျနော်ဘာပြောရမှန်းမသိတော့ပါ။

ကျနော်ဘာကိုနားလည်သွားသလဲဆိုတော့ လူတွေဟာ 🦠 ကိုဗစ်ကပ်ဆိုးထက် 👹#စစ်အာဏာရှင်စနစ်ဆိုးရဲ့ရန်ကိုပိုကြောက်နေကြပြီဆိုတာပဲ။

Covid-19 ဖြစ်လို့သေချင်မှသေမယ်၊ သေခဲ့ရင်တောင် ဖြစ်တဲ့သူမှာပဲသေမှာ။

အကယ်လို့စစ်အာဏာရှင်စနစ်အောက်သာရောက်သွားရင် လူဦးရေ (၅၄) သန်းစလုံး #နှစ်ပေါင်းများစွာဘဝတွေသေသွားမှာပိုကြောက်နေတာတွေ့ရပါတယ်။

🦠 ကိုဗစ်က🇲🇲 မြန်မာပြည်ကိုတစ်နှစ်ပဲဖျက်ဆီးနိုင်မယ်။

👹 စစ်အာဏာရှင်စနစ်ဆိုးကမြန်မာပြည်ကို နှစ်ပေါင်း (၃၀) လောက်ဖျက်ဆီးလိမ့်မယ်ဆိုတာ #လူတွေအားလုံးကောင်းကောင်းသဘောပေါက်နေတာသွားတွေ့ရပါတယ်။

ဒီတခါတော့ #လူတွေအားလုံးဘယ်ရန်ကိုကြောက်နေသလဲဆိုတာ ကျနော်သေချာနားလည်သွားပါတယ်။

အားလုံးကို “Full Respect” ပါ။

ပုံကတော့ ကျနော် ဟော်တယ်ကွာရန်တင်းဝင်နေတုန်းက အခန်းထဲမှာရိုက်ခဲ့တဲ့ပုံပါ။

အားလုံးနီပြနေချိန်မှာ တမင်ထုတ်မပြခဲ့တဲ့ပုံပါ။ ငါ့ရဲ့လေးစားမှုကိုလူသိစရာမလိုဘူးထင်ခဲ့လို့ပါ။

ကျနော်အကြောက်တရားဝင်လာတိုင်း အန်တီ့ရဲ့ Freedom from Fear ကိုပြန်ပြန်ကြည့်ပြီး အားယူလေ့ရှိပါတယ်။

ဒီတခါတော့လူတွေကိုဘာနဲ့မှနှစ်သိမ့်လို့မရတော့ဘူးလို့ထင်ပါတယ်။

#မတရားမှုတွေမြင်လေ ငါတို့အပေါ်၊ #ငါ့တို့သားသမီးရင်သွေးတွေအပေါ်လည်းတနေ့ဒီထက်ပိုမတရားတာလုပ်တော့မယ်လို့ မြင်လာကြလေဖြစ်ပုံပါပဲ။

Richard Myo Thant
5-February-2021


Spread the love
  •  
  •  
  •  
  •  
  •  
  •