ကိုဗစ်ကာကွယ်ဆေးနဲ့တောင်ဖရိကက ဗီဇကွဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

💉 #ကိုဗစ်ကာကွယ်ဆေးနဲ့တောင်ဖရိကကဗီဇကွဲ။ 🦠

🔬သိပ္ပံပညာရှင်တွေဟာ 🇿🇦 တောင်အာဖရိကနိုင်ငံရှိ ကိုဗစ်ဗီဇကွဲ 501.V2 အပေါ်စိုးရိမ်မှုတွေရှိနေပါတယ်။

BioNTech ရဲ့ CEO ဖြစ်သူ Ugur Sahin ကရော University of Oxford က Regius Professor of Medicine ဖြစ်သူ John Bell ကရော ကိုဗစ်ဗီဇကွဲအသစ်တွေကိုလေ့လာနေပြီး ရက်သတ္တပတ် ၆ ပတ်လောက်နဲ့ ကာကွယ်ဆေးအသစ်ကိုထုတ်နိုင်တယ်လို့ ဆိုထားပါတယ်။

(Regius Professor ဆိုတာ Oxford နဲ့ Cambridge တက္ကသိုလ်တွေမှာ ဘုရင်/ဘုရင်မတို့က ခန့်အပ်ထားတဲ့ပါမေက္ခရာထူးမျိုးပါ။)

🇬🇧 ယူကေနိုင်ငံမှာရော 🇿🇦 တောင်အာဖရိကနိုင်ငံမှာရော ကိုဗစ်ဗိုင်းရပ်စ်ဗီဇကွဲအသစ်ကိုတွေ့ရှိတယ်လို့ဆိုပေမယ့် #ယူကေမှာတွေ့တဲ့ဗီဇကွဲအသစ်ကိုကာကွယ်ဆေးကအာနိသင်ထိရောက်နိုင်မယ်လို့ယုံကြည်ထားကြပါတယ်။

သိပ္ပံပညာရှင်တွေအဆိုအရ 🇿🇦 တောင်အာဖရိကနိုင်ငံက ကိုဗစ်ဗိုင်းရပ်စ်ဗီဇကွဲအသစ်ဟာ spike ပရိိုတိန်းမှာ အပြောင်းအလဲများတယ်လို့ဆိုထားပါတယ်။

🦠 501.V2 variant မှာ E484K mutation အပြောင်းတွေ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် viral load ပိုးပမာဏကလည်းပိုများစွာတွေ့ရတဲ့အတွက် ကူးစက်မှုနှုန်းပိုများနိုင်တယ်လို့ဆိုထားပါတယ်။

ဒါ့ကြောင့် Oxford ရဲ့ Regius Professor of Medicine ဖြစ်သူ John Bell က တောင်အာဖရိကက ဗီဇကွဲအပေါ်မှာ “big question mark❓” ဖြစ်နေတယ်လို့ တနင်္ဂနွေနေ့က ဆိုထားတာပါ။

သူ့အပြောအရ အခု Oxford ကာကွယ်ဆေးကို ထပ်ပြင်ဆင်လို့ရပြီး ၁ လကနေ ၁ လခွဲအတွင်းမှာ ကာကွယ်ဆေးအသစ်ရနိုင်တယ်လို့ ဆိုပါတယ်။

အကယ်လို့ကာကွယ်ဆေးအသစ်ထွက်လာရင်လည်း အသိအမှတ်ပြု Approval ကထုံးစံအတိုင်းထပ်ယူရမှာပါ။

အဲ့ဒီတောင်အာဖရိကမှဗီဇကွဲအသစ်ကို နော်ဝေ 🇳🇴, ဩစတြီးယား 🇦🇹 , ဂျပန် 🇯🇵, ယူကေ 🇬🇧 နိုင်ငံတွေမှာလည်းတွေ့ရှိခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ဗိုင်းရပ်စ်ကိုကာကွယ်နိုင်နင်းမယ့်လမ်းစတွေ့ပြီးသားမို့ အသစ်ဗီဇပြောင်းလည်း သိပ်မခက်တော့ပါခင်ဗျား။

Richard Myo Thant
5-January -2021


Spread the love
  •  
  •  
  •  
  •  
  •  
  •