ကိုဗစ်ကာကွယ်ဆေးများတမင် ပျက်စီးစေခဲ့လျှင် ဘယ်လိုအရေးယူမလဲ⁉️

Spread the love
  •  
  •  
  •  
  •  
  •  
  •  

💉 #ကိုဗစ်ကာကွယ်ဆေးများပျက်စီးစေခဲ့လျှင်။

🇺🇸 အမေရိကန်ပြည်ထောင်စု Wisconsin မှာ ရာနဲ့ချီတဲ့ #ကိုဗစ်ကာကွယ်ဆေးတွေကိုရည်ရွယ်ချက်ရှိရှိပျက်စီးစေမှုနဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်ကို အရေးယူထားပါတယ်။

the Milwaukee Journal Sentinel ရဲ့ ရီပို့အရ အဲ့ဒီဆေးရုံဝန်ထမ်းဟာ ဆေးရုံရေခဲသေတ္တာထဲကနေ Moderna ရဲ့ ကာကွယ်ဆေးပုလင်းပေါင်း ( ၅၇ ) ပုလင်းကို ထုတ်ယူပြီး အပြင်မှာ တမင်သက်သက် ညအိပ်ထားခဲ့တယ်လို့ဆိုပါတယ်။

ဆေးပုလင်းတစ်ပုလင်း (1 vial) မှာ လူ ၁၀ ယောက်စာပါတဲ့အတွက် စုစုပေါင်း လူပေါင်း ( ၅၇၀ ) ယောက်စာ ကာကွယ်ဆေးတွေပျက်စီးခဲ့တာဖြစ်ပါတယ်။

Moderna ရဲ့ကာကွယ်ဆေး mRNA-1273 ဟာ 25 ဒီဂရီစင်တီဂရိတ်အပူချိန်မှာ ၁၂ နာရီအထားခံပါတယ်။ ၁၂ နာရီကျော်ရင် သုံးလို့မရတော့ပါဘူး။

အခုလိုရည်ရွယ်ချက်ရှိရှိနဲ့ လူသားအားလုံးအတွက်တန်ဖိုးရှိတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ပျက်စီးအောင် ရေခဲသေတ္တာအပြင်ထုတ်ကာ ညအိပ်ထားခဲ့တဲ့ဆေးရုံဝန်ထမ်းကို အရေးယူထားပြီဖြစ်ပါတယ်။

အခုအခါမှာ 🇺🇸 FBI, ရဲ၊ FDA စတဲ့အဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

ဆေးရုံမှာလည်း ဌာနအတွင်းစုံစမ်းစစ်ဆေးမှု internal probe စတင်နေပါပြီ။

ဒီနေရာမှာကျနော်မေးလိုတာက …

အကယ်လို့ မြန်မာနိုင်ငံမှာ လူတစ်ယောက်ဟာ ကိုဗစ်ကာကွယ်ဆေးတွေကို #သတ်မှတ်အပူချိန်မှာထားသင့်တာသိပါရဲ့နဲ့ အကြောင်းပြချက်တစ်ခုခုပြပြီး #တာဝန်သိစွာမထိမ်းသိမ်းခဲ့ဘူးဆိုရင် ဘယ်လိုအရေးယူခံရမလဲ⁉️

နောက်တစ်ခုက အကယ်၍တာဝန်သိစွာဆေးရုံရေခဲသေတ္တာထဲမှာထားပေမယ့် မီးမတော်တဆပျက်ခဲ့ရင် ဘယ်လိုလုပ်မလဲ⁉️

ဒီနေရာမှာဆေးရုံးဝန်ထမ်းကိုတာဝန်ယူခိုင်းလို့မရပါ။

သယ်ယူပို့ဆောင်တဲ့အချိန်မှာတာဝန်လစ်ဟင်းမှုကြောင့်ပျက်စီးဆုံးရှုံးမှုမပေါ်အောင်ဘယ်လိုလုပ်မလဲ⁉️

ဆေးပစ္စည်းသိုလှောင်ဖြန့်ဖြူးရေးမှာ တာဝန်ရှိသူတွေဟာ မလုပ်မရှုပ်မပြုတ်လုပ်ခဲ့ရင် expiry date ပြဿနာရှိတဲ့ဆေးတွေဟာ ပြည်သူသုံးစွဲဖို့မသင့်ပဲရောက်လာတတ်ပါတယ်။

ဆေးကိုတော့လက်ခံရရှိပါရဲ့ သုံးစွဲဖို့မသင့်ဘူးဆိုတဲ့ပြဿနာမျိုးတွေပါ။

ကျနော်ပြီးခဲ့တဲ့လက ကိုယ်တွေ့ပြဿနာတစ်ခုကြုံပါတယ်။

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာလမှာအရေးတကြီးလိုနေတဲ့ဆေးရုံသုံးပစ္စည်းအချို့ကို တာဝန်ရှိသူအချို့က လက်ခံမရရှိလေကောင်းလေလုပ်ထားတာခံခဲ့ရပါတယ်။

ကျနော့်မှာမျက်နှာပူပူနဲ့အလှူရှင်လက်ထဲကို ပစ္စည်းတွေပြန်အပ်ခဲ့ရပါတယ်။

အလှူရှင်ကတော့ရန်ကုန်ဆေးရုံကြီးနဲ့အခြားကျန်းမာရေးဝန်ကြီးဌာနလက်အောက်ကဌာနတစ်ခုကို သူ့အစီအစဉ်နဲ့သူ သွားလှူပါလိမ့်မယ်။

ကျနော်တို့နိုင်ငံမှာ ရာထူးယူထားပြီး ဘာကြောက်နေမှန်းမသိအလုပ်လုံးဝမလုပ်ချင်သူတွေရှိနေပါတယ်။

ကျနော်ကိုယ်တိုင် သူများတွေပြောတာကိုမယုံပဲ ကြိုးစားကြည့်လို့ ကိုယ်တွေ့ကြုံလာရတဲ့အခါမှာ #ကိုဗစ်ကာကွယ်ဆေးတွေများဒီလိုလူတွေတာဝန်ယူကိုင်တွယ်ခဲ့ရင်ဆိုပြီး စိတ်အတော်ပူမိပါတယ်။

ပြည်သူလူထုကကိုယ့်လက်ကိုယ့်ခြေနဲ့ဝယ်လှူပါရဲ့၊ နိုင်ငံတော်လူကြီးတွေကလည်း ကြိုဆိုပါရဲ့ ခက်တာကဌာနဆိုင်ရာဝန်ထမ်းတွေက “Noted with Thanks” ဆိုတဲ့ email လေးတစ်စောင်ပြန်ဖို့တောင် #မလုပ်ပေးပါဘူးဆိုတော့ ရှေ့တန်းမှာအသက်ကိုယ်မငှဲ့ပဲနေ့စဉ်တာဝန်ယူလုပ်နေကြသူတွေ၊ လုပ်အားပေးတွေကို #တစ်စက်မှအားမနာတော့ဘူးလား၊ #ခင်ဗျားတို့ကျန်းမာရေးဝန်ထမ်းတွေမဟုတ်ဘူးလားလို့မေးချင်ပါတယ်။

ခင်ဗျားတို့က အဲ့ဒီစာလေးတောင်မပြန်လေတော့ ကျနော်တို့က Customs မှာဘယ်လိုရှင်းမလဲ?။ နဂိုကတည်းကဝန်ကြီးဌာနလက်ထဲတိုက်ရိုက်ထည့်ဖို့ email ပို့တာလေဗျာ။

ကိုယ့်ရဲ့ Profession ကိုကိုယ်အားနာကြပါအုံး။ ရှက်တတ်ကြပါအုံးလို့ပြောလိုက်ပါမယ်။

တခြားအချိန်မှာ မလုပ်မရှုပ်မပြုတ်လို့ရတယ်။ အခုဟာက ရှေ့တန်းမှာအားလုံးလက်ပန်းကျတော့မယ်ဗျ။ နည်းနည်းလေးအားနာကြအုံး။

အခုကလည်းပြောချင်လွန်းလို့မဟုတ်ပါ။။ နာမည်ပျက်တော့အစိုးရနဲ့ချီပြီးနာမည်ပျက်မှာမို့ပြောနေရတာ။

#ကိုဗစ်ကာကွယ်ဆေးကိစ္စကအားလုံးရဲ့အသက်နဲ့ဆိုင်နာမို့ပြောရတာပါ။

ခင်ဗျားတို့အကြောင်းပြည်သူကိုပြောပြရမှာတောင်ကျနော်ရှက်တယ်။ 🤮

Richard Myo Thant
2-January -2021


Spread the love
  •  
  •  
  •  
  •  
  •  
  •