ကိုဗစ်ကာကွယ်ဆေးရဖို့ဘယ်လောက်နီးနေပြီလဲ⁉️

Spread the love
  •  
  •  
  •  
  •  
  •  
  •  

💉 #ကိုဗစ်ကာကွယ်ဆေးရဖို့ဘယ်လောက်နီးနေပြီလဲ⁉️

​ဒီနှစ်ဒီဇင်ဘာလမှာ #ကာကွယ်ဆေးတစ်ခုသို့မဟုတ်အဲ့ဒီထက်ပိုပြီးအတည်ပြုလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

အခုရှေ့ဆုံးကပြေးနေတာက …

💉 Pfizer/BioNTech,
💉 Oxford/AstraZeneca,
💉 Moderna

🇺🇸 Pfizer/BioNTech ရဲ့ကာကွယ်ဆေးဟာ #ဒီအောက်တိုဘာလကုန်မှာ phase 3 trial အဖြေထွက်ဖို့ရှိပါတယ်။

🇺🇸 Moderna ရဲ့ကာကွယ်ဆေးဟာ #နိုဝင်ဘာလထဲမှာ phase 3 trial အဖြေထွက်ဖို့ရှိပါတယ်။

🇬🇧 Oxford/AstraZeneca ရဲ့ကာကွယ်ဆေးဟာ #ဒီဇင်ဘာလထဲမှာ phase 3 trial အဖြေထွက်ဖို့ရှိပါတယ်။

▪️သတင်းကောင်းတစ်ခုက Oxford/AstraZeneca ရဲ့ကာကွယ်ဆေးရဖို့ပိုမြန်လာပါလိမ့်မယ်။

🇬🇧 ယူကေနိုင်ငံမှာ ကိုဗစ်လူနာတွေပြန်များလာတဲ့အတွက် ကာကွယ်ဆေးစွမ်းမစွမ်း သိစေမယ့်လူနာအရေအတွက် positive events number ကိုပြည့်မီဖို့ပိုမြန်သွားလို့ဖြစ်ပါတယ်။

▪️သတင်းဆိုးတစ်ခုက အထက်ကဖော်ပြခဲ့တဲ့ ကာကွယ်ဆေး ၃ မျိုးရဲ့နောက်က ကပ်လိုက်နေတဲ့ Johnson & Johnson ရဲ့ကာကွယ်ဆေးက ကာကွယ်ဆေးစမ်းသပ်နေတဲ့သူမှာ ရှင်းမပြနိုင်သေးတဲ့ ပြဿနာကြုံနေရလို့ #ခေတ္တရပ်ဆိုင်းထားရပါတယ်။

ဒါမျိုးက Oxford/AstraZeneca မှာပြီးခဲ့တဲ့လကဖြစ်ခဲ့ဖူးပြီး လွတ်လပ်တဲ့စစ်ဆေးသူဘုတ်အဖွဲ့ကစစ်ပြီးမှ ကာကွယ်ဆေးနဲ့ ဘာမှမသက်ဆိုင်ခဲ့လို့ ဆက်စမ်းသပ်ခွင့်ပေးခဲ့ဖူးပါတယ်။

အခုလည်း Johnson & Johnson ကာကွယ်ဆေးနဲ့ မပတ်သက်ပါစေနဲ့လို့ဆုတောင်းပါတယ်။

Johnson & Johnson ရဲ့ကာကွယ်ဆေးဟာ သူများတွေလိုမဟုတ်ပဲ #တစ်ခါပဲထိုးဖို့လိုတာမို့လို့ အလွန်စိတ်ဝင်စားစရာပါ။

ပြီးတော့ Johnson & Johnson သာအောင်မြင်ရင် ကာကွယ်ဆေး အနည်းဆုံး အလုံးရေ သန်း ၄၀၀ လောက်အင်အားဝင်ဖြည့်နိုင်မှာ။

အမေရိကန် FDA က ကာကွယ်ဆေးအရေးပေါ်ခွင့်ပြုချက် EUA ပေးဖို့ Guideline ကိုပြောင်းလိုက်တယ်။

▪️အဲ့ဒီအတွက် FDA approved ကာကွယ်ဆေးဆိုရင်တကယ်ကိုယုံကြည်စိတ်ချလို့ရတယ်။

▪️သို့သော်ကာကွယ်ဆေးရဖို့ အနည်းငယ်နှေးသွားတယ်။ အသစ် guideline အရ ကာကွယ်ဆေးနောက်ဆုံး ထိုးပြီး အနည်းဆုံး ၂ လစောင့်ကြည့်ထားတဲ့ မှတ်တမ်းရှိရမယ်။

အဲ့ဒီမှတ်တမ်းရဖို့ ၂ လစောင့်ကိုစောင့်ပြီး လူကိုအန္တရာယ်မဖြစ်စေမှ EUA ထုတ်ပေးမှာ။

သို့သော် 🇬🇧 ယူကေနိုင်ငံက သူ့အေဂျင်စီကသူ့သတ်မှတ်ချက်ရှိသလို ဥရောပသမဂ္ဂမှာလည်း ဥရောပသမဂ္ဂဆေးအေဂျင်စီ European Medicines Agency သပ်သပ်ရှိတယ်။

အဲ့ဒီ ၃ ခုထဲက ဘယ်ကခွင့်ပြုချက် Approval ရရ ထိုးရဲတယ်။

အဲ့ဒီတော့ နိုဝင်ဘာလထဲမှာ Pfizer/BioNTech ရု့ကာကွယ်ဆေးတကယ်အောင်မြင်မလားဆိုတာ သိရတော့မယ်။

🇨🇳 တရုတ်ပြည်မှာ Sinovac, CanSino, CNBG စသဖြင့် အနည်းဆုံး ကာကွယ်ဆေး ၄ မျိုးရှိတယ်။

Sinovac နဲ့ CNBG က နိုဝင်ဘာလထဲမှာ phase 3 စမ်းသပ်မှုရလဒ်ကို သိရမယ်။

🇷🇺 ရုရှားက Gamaleya ရဲ့ Sputnik V ကာကွယ်ဆေး phase 3 စမ်းသပ်မှု ရလဒ်ကလည်း အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာသိရမယ်။

ရုရှားနဲ့ တရုတ်ကသူ့ဘာသာသူ ဘယ်လိုပဲအောင်မြင်နေပြီပြောပြော တကယ့်ရလဒ်ကတော့ နောက်လထဲမှာ သိရမှာပဲ။

ရုရှားက ဘာဖြစ်ဖြစ် အီဂျစ်ကိုတင်ပို့နေပြီ။

အိန္ဒိယက ရုရှားရဲ့ကာကွယ်ဆေးကို လူအမြောက်အများမှာစမ်းသပ်တာလက်မခံဘူး။ နည်းနည်းစစမ်းမယ်။ ကောင်းရင်ဆက်စမ်းမယ်တဲ့။ အမှန်ပါပဲ။ ရလဒ်မှသေချာမပြနိုင်တာကိုး။

🇹🇭 ယိုးဒယားရဲ့ကိုယ်ပိုင်ကာကွယ်ဆေးကတော့ ရပ်တန့်နေပါတယ်။ အဲ့ဒီအကြောင်းကို ကာကွယ်ဆေးထုတ်လုပ်ခြင်း (၃) မှာ ရေးပါမယ်။

အခုယိုးဒယားက Oxford/AstraZeneca ရဲ့ကာကွယ်ဆေးကို နည်းပညာယူထုတ်မယ်။

🇬🇧 သမ္မတထရမ့်ရဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကာကွယ်ဆေးရရှိရေးအစီအစဉ်ကပျက်လောက်တယ်။

သို့သော် ထရမ့်မှာက FDA ရဲ့ guideline ကို ကျော်လုပ်နိုင်တဲ့ အာဏာရှိနေတယ်။

U.S. Health and Human Services (HHS) က FDA ကိုကျော်လို့ရတဲ့ ပါဝါရှိတယ်။ HHS ကို ထရမ့်က ခန့်လို့ ဖြုတ်လို့ရတယ်။

▪️အဲ့ဒီတော့ကာကွယ်ဆေးအောင်မြင်တဲ့သတင်းကို ကုမ္ပဏီတွေကထကြေညာမှာက နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်းမှာကျိန်းသေဖြစ်မယ်။

▪️FDA ရဲ့ EUA ခွင့်ပြုချက်က ဒီဇင်ဘာလထဲမှာ ဖြစ်နိုင်တယ်။ စောရင် နိုဝင်ဘာ။

▪️EUA အရေးပေါ်ခွင့်ပြုချက်ရပြီးရင် ကျန်းမာရေးဝန်ထမ်းတွေလိုမျိုး အရေးကြီးတဲ့ဝန်ထမ်းတွေက အရင်ကာကွယ်ဆေးရမယ်။

▪️ကာကွယ်ဆေးထုတ်လုပ်ရာမှာ နှောင့်နှေးစေမယ့်ပြဿနာလေးတွေရှိသေးတယ်။

ဥပမာ – Oxford/AstraZeneca ဆိုရင် သန္ဓေသားလောင်းက ဆဲလ်ကိုသုံးရတယ်။ ဒါကြောင့်ထုတ်လုပ်ရေးမှာ အမြောက်အများလိုသလောက်ရဖို့ အခက်အခဲရှိနိုင်တယ်။

နောက်တစ်ခုက Tobacco ဆေးရွက်ကြီးလိုအပ်ချက်တွေမြင့်တက်လာလိမ့်မယ်။ ကာကွယ်ဆေးထုတ်ရာမှာ သုံးဖို့လိုလာမယ်။

နောက်ဆုံးပြောချင်တာက အခုပြောခဲ့သလို ကာကွယ်ဆေးထုတ်လုပ်သူတွေ အလျင်မမီလက်မလည်တဲ့ ပြဿနာဖြစ်တော့မှာမို့ ကျနော်တို့လက်ထဲကို ၂၀၂၁ နှစ်ဆန်းပိုင်းကနေ ၂၀၂၁ နှစ်လယ်လောက်မှာ အတော်များများထိုးနိုင်ခဲ့ရင် အောင်မြင်မှုတစ်ခုပါပဲ။

ကူးစက်မှုကို ကာကွယ်ဆေးနဲ့ အောင်အောင်မြင်မြင်ထိန်းချုပ်ဖို့က အနည်းဆုံး နိုင်ငံအတွင်းရှိလူဦးရေ ၅၀ ရာနှုန်းအထက် ထိုးထားဖို့လိုတယ်။

နိုင်ငံတော်အတွင်းမှာ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်တွေပေါ်လာလိမ့်မယ်။

အဲ့ဒီ မြန်မာပြည်ရဲ့ လူဦးရေ ၅၀ – ၇၀ ရာနှုန်းကို ထိုးပေးနိုင်မယ့်နေ့ကို မျှော်လင့်လျှက်။

https://www.facebook.com/109119807474881/posts/170889244631270/?extid=0&d=n

Richard Myo Thant
16-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •