ကိုဗစ်ကာလတွင် တရားမဝင်ဖွင့်လှစ်ခဲ့သည့် Music Zone KTV ကိုတရားစွဲတော့မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်ကာလတွင် တရားမဝင်ဖွင့်လှစ်ခဲ့သည့် Music Zone KTV ကိုတရားစွဲမည်

ရန်ကုန် စက်တင်ဘာလ၊ ၁၂
ကိုဗစ်ကာလအတွင်း တရားမဝင်ဖွင့်လှစ်ခဲ့သည့် Music Zone KTV မှ ရောဂါပိုးကူးစက် မမှုများဖြစ်ပေါ်ခဲ့ကြောင့်တွေ့ရှိရသဖြင့်၊သ င်္ဃန်းကျွန်းမြို့နယ် Covid- 19 ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းသိမ်းရေးကော်မတီ က တရားစွဲသွားမည်ဖြစ်ကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး ထံမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ၊ သုမင်္ဂလာလမ်း၌ ဖွင့်လှစ်ထားည့် Music Zone သည် စားသောက်ဆိုင် ၊ စင်တင်တေးဂီတနှင့် KTV ပါတွဲ၍ ဖွင့်လှစ်ထားပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့် ပွားနေစဉ်ကာလအတွင်း တရားမဝင်ဖွင့်လှစ်ခဲ့ခြင်းကြောင့် ၎င်း KTV သို့လာရောက်သူများမှတဆင့် ရောဂါပိုးဆင့်ပွားကူးစက်သူ စက်တင်ဘာ၁၂ရက်မနက်ပိုင်းထိ ၉၁ဦးအထိတွေ့ရှိခဲ့ပြီး ဝန်ထမ်းများနှင့်ထိတွေ့ ဆက်စပ်မိသူတွေကိုလည်း ရှာဖွေမှုများဆက်လက် ပြုလုပ်ဆောင်ရွက်နေကာ ဝန်ထမ်း(၂၇)ဦးကို Home Quarantine အဖြစ်ထား၍ စောင့်ကြည့်နေ ကြောင်းသိရသည်။
” ကျွန်တော်တို့မနေ့က ကိုဗစ်အစည်းအဝေးဆုံးဖြတ်ချက်အရ အဲ့ဒီ KTV ကိုတရားစွဲမယ်၊တရားစွဲတဲ့အခါ ဇဝနရပ်ကွက်အပိုင်ထဲမှာဖြစ်တဲ့အတွက် ဇဝနအုပ်ချုပ်ရေးမှူးက တရားလိုလုပ်မယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမသိသေး ဘူးဆိုတာ သူအစည်းအဝေးကို မတက်ရတဲ့ အတွက်ဖြစ်မှာပါ၊ ရက်ပိုင်းအတွင်းတရားစွဲ မှာပါ ၊ဘယ်ပုဒ်မနဲ့စွဲမှာလည်းဆိုတာကတော့ ဥပဒေအကြံပေးကချမှတ်တဲ့အပေါ်မှာပေါ့ ” ဟု ၎င်းက ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းအတွင်းကိုဗစ်ကူးစက်သူ (၁၂၇၁) ဦးအနက် သင်္ဃန်းကျွန်းမြို့ယ်၌ယနေ့ မနက်ပိုင်းထိ (၂၂၇)ဦးအထိရှိလာပြီဖြစ်ကြေ ာင်းသိရသည်။
ကိုဗစ်ကာလအတွင်း Music Zone KTV သို့သွားရောက်ခဲ့သူများအား ကျန်းမာရေးစောင့် ကြည့်စစ်ဆေးမှုခံယူရန် CCTV မှတ်တမ်းမျ ားမှတဆင့် ဖေါ်ထုတ်ရှာဖွေခဲ့ခြင်းဖြစ်ကြောင် းနှင့်၎င်း KTV ကို လာမည့် တနင်္လာနေ့တွင် တရားစွဲဆိုရန် တာဝန်ရှိသူများပြင်ဆင်နေပြီဖြစ် ကြောင်းးသိရသည်။
” Music Zone KTV ကိုတရားစွဲဖို့ကိစ္စ ကျွန်တော့်ကို ဘာမှတော့မပြောသေးဘူး၊အဲ့ဒီကိုဗစ်အစည်းအဝေးကလည်းကျွန်တော်မပါတော့မသိရသေးဘူး၊ တကယ်ဆိုရင်တော့ မြို့နယ်ကော်မတီကပဲလုပ်ရမယ်လို့ ထင်ပါတယ်၊ကျွန်တော် အခုတိတိကျကျဘာမှ မသိရသေးဘူး၊ ဒီကိစ္စ ဖေ့ဘွခ်မှာတက်လာမှ ကျွန်တော်လည်းသိတာဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ဆီ ဖုန်းဆက်မေးကြည့်ပါဦးမယ် ” ဟု ဇဝနရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသန်းက ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှစက်တင်ဘာလ၁၂ရက်ည၈နာရီချိန်ထုတ်ပြန်ကြေညာချက်အရco vid 19 ဓာတ်ခွဲအတည်ပြုလူနာသစ်၁၅၀ဦးတွေ့ရှိခဲ့ပြီးစုစုပေါင်း၂၅၉၅ ဦးရှိပြီဖြစ်ကြောင်းယနေ့ဆေးရုံဆင်းခွင့်ရရှိသူ(၅၁)ဦးရှိပြီးစုစုပေါင်းဆေးရုံဆင်းခွင့်ရ(၆ ၇၆)ဦးရှိပြီဖြစ်ကြောင်းယနေ့သေဆုံးသူ(၁)ဦးရှိပြီးသေဆုံးသူစုစုပေါင်း(၁၆)ဦးရှိပြီဖြစ်ေ ကြာင်းသိရသည်။
ZBK

Spread the love
  •  
  •  
  •  
  •  
  •  
  •