ကိုဗစ်ကာလအတွင်း ပထမဆုံးနိုင်ငံခြားအစိုးရဧည့်သည်အဖြစ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်ကာလအတွင်း ပထမဆုံးအဖြစ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်
———————————————-
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ဖွယ်ရှိကာ ကိုဗစ်ကာကွယ်တားဆီးရေးအတွက် ဆွေးနွေးသွားရန်ရှိဟုဆိုဟုဆို

တိုကျို၊ သြဂုတ်လ ၁၂ ရက်။

ကိုဗစ်ကာလအတွင်း ပထမဆုံးအဖြစ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi သည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ပါပူအာ နယူးဂီနီနိုင်ငံတို့သို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းသည် အဆိုပါခရီးစဉ်အတွင်း သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ကာကွယ်တားဆီးရေးလုပ်ငန်းစည်များကို ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

သို့ရာတွင် ကျွမ်းကျင်သူများကမူ ၎င်းခရီးစဉ်သည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား အရှေ့တောင်အာရှဒေသကို အကြောင်းပြု၍ သ‌ဘောထားတင်းမာလာမှု အရှိန်မြင့်တက်နေသည့် ကာလတွင် ယခုကဲ့သို့ သံတမန်ဆက်ဆံရေးအတွက် အရေးပါသော အရှေ့တောင်အာရှဒေသသို့ လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် ကိုဗစ်အလွန်ကာလတွင် အရှေ့တောင်အာရှဒေသအတွင်း တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချလိုနေခြင်းဖြစ်သလို တောင်တရုတ်ပင်လယ်အရေးအငြင်းပွားမှုကိုလည်း ယခုခရီးစဉ်အတွင်း ထည့်သွင်းဆွေးနွေးသွားဖွယ်ရှိနေကြောင်း ခန့်မှန်းကြသည်။

Motegi သည် လာမည့်သြဂုတ်လ ၂၀ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ပါပူအာ နယူးဂီနီနိုင်ငံများသို့လာရောက်လည်ပတ်မည်ဖြစ်သည်။

အဆိုပါခရီးစဉ်မတိုင်မီ ပထမခရီးစဉ်အဖြစ် ယနေ့တွင် စင်ကာပူသမ္မတနိုင်ငံသို့ စတင်ရောက်ရှိမည်ဖြစ်ပြီး အဆိုပါခရီးစဉ်သည် ကိုဗစ်ကာလ ပိတ်ဆို့ကန့်သတ်မှုများထားရှိနေစဉ်အတွင်း စင်ကာပူသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားအစိုးရဧည့်သည်ဖြစ်ကြောင်းလည်းသိရသည်။

 


Motegi သည် စင်ကာပူနိုင်င်ငံတွင် ဝန်ကြီးချုပ် လီရှန်လွန်း၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သြဂုတ်လ ၁၄ ရက်နေ့တွင် သွားရောက်မည် ဖြစ်သည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ သြဂုတ်လ ၂၀-၂၅ အတွင်း မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ပါပူအာ နယူးဂီနီနိုင်ငံများသို့သွားရောက်မည်ဖြစ်ကြောင်း The Japan Times သတင်းစာက ရေးသားထားသည်။

လင်းလင်း/Myanmar Harp
ကိုးကား/The Japan Times


Spread the love
  •  
  •  
  •  
  •  
  •  
  •