ကိုဗစ်ကာလအတွင်း ပြန်လည်စတင်လိုက်တဲ့ ပြည်တွင်းလေကြောင်းခရီးစဥ်မြင်ကွင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လေကြောင်းခရီးနှင့်ကိုဗစ်
************************

လေကြောင်းခရီးတွေပြည်တွင်းစဆွဲနေပြီ ..
ပြည်ပခရီးစဉ်တွေလဲဆွဲခွင့်ပေးတော့မယ် … ကိုဗစ်ကာလလေယာဉ်ထဲစီးရင်းပိုးကူးမှာကြောက်တယ်ဆိုတာမျိုးလဲစိတ်ထဲဖြစ်ကြသူတွေရှိနေမှာပါ …
တချို့ကပြောကြတယ်လေ ,,.
လေယာဉ်ပေါ်မှာခရီးသည်တွေအပြည့်တင်တော့ ခုံချင်းကပ်ထိုင်ရတယ် …
​၆ ပေမခြားဘူး ., ပိုးကူးမှာကြောက်တယ်ပေါ့ …
………………

ဒီနေရာမှာ Airbus ကနေဆန်းစစ်ထားချက်လေးတွေဝေမျှပေးချင်ပါတယ် ..

#Cabin Air : Clean by Design (ပုံ – ၁)

လေယာဉ်တွေမှာ လေသန့်စင်မူ့စနစ်နဲ့အတူအောက်ပါအချက်များရှိနေတယ်ဆိုတာလေးသိစေချင်ပါတယ် …
– လေယာဉ်အတွင်းကလေဟာ ၂-၃ မိနစ်တိုင်းမှာ လေအသစ်နဲ့အပြည့်အဝလဲလှယ်ပေးတယ် …
– လတ်ဆတ်တဲ့လေကိုအချိန်ပြည့်သွင်းပေးနေတယ် ..
– လေစစ်တွေဟာ ဆေးရုံတွေမှာသုံးထားတဲ့အကောင်းစားလေစစ်မျိုးတွေဖြစ်ပြီး အမှုန်လေးတွေကို ၉၉.၉% ကျော်အထိစစ်ထုတ်ပေးနိုင်တယ် …
– အပေါ်မှအောက်ကြမ်းပြင်ထိအကောင်းဆုံးစီးဆင်းတဲ့လေက ခုံတန်းတွေကြားလေရောနှောမူ့ကိုကန့်သတ်စေတယ် ….
– ခုံရဲ့ကျောမှီတွေဟာ ခုံအတန်းတတန်းနဲ့တတန်းကြား နောက်ထပ်တားဆီးထားတဲ့အရာတွေပါ …

#Physical Distance in both Worlds (ပုံ-၂)


ကမ္ဘာမှာ ကိုဗစ်နဲ့ပါတ်သတ်ပြီးရောဂါထိမ်းချုပ်ရေးစင်တာ CDC (Center for Disease Control) ကအကြံကြုထားတဲ့ Mask မတပ်ထားရင်တဦးနဲ့တဦး အနဲဆုံး ၆ ပေကွာနေရမယ်ဆိုတဲ့အရာဟာ လေယာဉ်ပေါ်မှာ Mask တပ်ထားရင်တပေကွာနေလို့ရတာနဲ့ညီမျှတယ်လို့ဆိုတယ် ..
သဘောကထိုင်နေတဲ့လူတယောက်ရဲ့ခေါင်းအလယ်ကနေတပေကွာဟာ ဘေးလူနဲ့ခြားထားတဲ့လက်တန်းနေရာလောက်မှာဖြစ်မှာပေါ့ ,,,
အထက်မှာပြောထားသလိုလေတွေဟာ အပေါ်အောက်ခုံတန်းတွေကြားစီးဆင်းနေတာဆိုတော့လေရောနှောမူ့နည်းပါလိမ့်မယ် ..
ဒါကြောင့် လေယာဉ်ပေါ်မှာခရီးသည်အပြည့်တင်ရင်တောင်ပိုးကူးစက်မူ့ကအလွန့်အလွန်နည်းပါးပါတယ် ….
တခုတော့ရှိတယ် ပိုးရှိသူဆိုရင်လဲ Mask တပ်ထားတော့သူ့ဆီကပိုးထွက်တာနည်းမယ် ,,.
ထွက်ရင်လဲ အပေါ်အောက်လှည့်နေတဲ့လေက ပိုးကိုအောက်ကိုပဲကျစေမှာဖြစ်တယ် …
အဓိကကတော့ လက်တန်းကအစ ဟိုကိုင်ဒီကိုင်မကိုင်ပဲ လက်အငြိမ်နေတာပိုကောင်းတာပေါ့ …

​ကိုဗစ်ကာလလေကြောင်းနဲ့သွားလာခြင်းကို လေဆိပ်ချက်ကင်၊ လေဆိပ်တွင်း၊ ထွက်ခွါ ဆိုက်ရောက်ဆောင်၊ လေယာဉ်တက်တဲ့တံတား၊ လေယာဉ်အတွင်းစသဖြင့်ဆန်းစစ်ချက်အရ
– Hidden ဖြစ်နိုင်တာ ၀.၀၁၅%
– Overall Risk (အားလုံးထဲကအန္တရာယ်ရှိနိုင်မူ့) – 49310 မှာ 1
– လေဆိပ်တွင်း – 70900 မှာ 1
– ခရီးစဉ်တလျှောက်လေယာဉ်ပေါ် – 161931 မှာ 1
လို့ဖော်ပြထားပါတယ် …. (ပုံ – ၃)

လေယာဉ်တွေဆိုက်ရောက်ပြီးရင်တော့ လေယာဉ်ခုံတွေ လက်တန်းတွေကအစ လေယာဉ်တွင်းကိုသေချာ Disinfect လုပ်ဖို့တော့လိုပါတယ် … (ပုံ-၄)

ကျွန်တော်တို့အဲလိုင်းတွေ ပြည်ပနိုင်ငံတွေသွားပြီးမြန်မာနိုင်ငံသားတွေကယ်ဆယ်ရေးဖလိုက်တွေများစွာသွားထားပါတယ် ..,
ကိုဗစ်ဖြစ်ပြီး ကယ်ဆယ်ရေးဖလိုက်တွေစတဲ့ မေလပိုင်းကတွက်ရင် ၇ လလောက်မှာပိုင်းလော့ လေယာဉ်မောင်မယ်တွေ လေယာဉ်ပေါ်ကကူးတာမရှိသလောက်ပါပဲ .,,
ပြင်ပကကူးတယ်လို့ယူဆရတဲ့ကူးသူတချို့ရှိပါတယ် .,

ဒါကြောင့် ကိုဗစ်ကာလ လေယာဉ်နဲ့ခရီးသွားဖို့ကြောက်နေသူများ အရမ်းကြီးမစိုးရိမ်ဖို့ဝေမျှပေးလိုက်ပါတယ် …

ပုံ-၅ ကတော့ စာရေးသူကျော်နဲ့ ကျော့်ရဲ့ခရီးစဉ်မှာလိုက်ပါလာကြတဲ့သွေးချင်းညီကိုရွှေမြန်မာများပါ 😊

ရွှင်လန်းပါစေ ❤️
ထွန်းထွန်းဝင်း
၁၈.၁၂.၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •