ကိုဗစ်ကာလ စည်းကမ်းမလိုက်နာသူများအား ဒဏ်ငွေအပြင် အခြားပြစ်ဒဏ်များပါ ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်ကာလ စည်းကမ်းမလိုက်နာသူများအား ဒဏ်ငွေအပြင် အခြားပြစ်ဒဏ်များပါ ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား

ကိုဗစ်ကာလ စည်းကမ်းမလိုက်နာသူများအား ဒဏ်ငွေအပြင် အခြားပြစ်ဒဏ်များပါ ပေးမည်ဖြစ်ကြောင်း၊ မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ အတည်ပြုလူနာဦးရေ များလာနေသော်လည်း ပြည်သူများအနေဖြင့် ချမှတ်ထားသော စည်းကမ်းများကို တိကျစွာ လိုက်နာကြမည်ဆိုပါက COVID-19 ရောဂါ ဖြစ်ပွါးမှု မကြာမီ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)အပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွါးမှုနှင့် သေဆုံးမှု ပိုမိုများပြားလာသည့်အတွက် မန္တလေးခရိုင်အတွင်းနေ ပြည်သူများအနေဖြင့် (၅-၁၂-၂၀၂၀)ရက်နေ့မှ (၁၈-၁၂-၂၀၂၀)ရက်နေ့အထိ မိမိတို့နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပရဟိတလူမှုကူညီရေးအသင်းများ၊ အလှူရှင်များနှင့် ပူးပေါင်းကာ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •