

UB1001 မနက် ၉:၃၀ ထွက်မယ့်လေယာဉ်အတွက် မနက် ၆:၃၀ လေဆိပ်အရောက် သွားရပါမယ်။
* လေဆိပ်မှာ #ဆိုင်အားလုံးပိတ်ထားတဲ့အတွက် #အိမ်ကနေထမင်းကြိုစားသွားကြပါ။

လေဆိပ်အတွင်းဝင်တာနဲ့ MNA check-in ကောင်တာရောက်ရင် ခပ်ခွာခွာတန်းစီပါ။ ရှိသမျှစာရွက်စာတမ်းတွေကို print out ထုတ်သွားပါ။
* ကျနော်က Singapore PR မို့ NHL မှာ swab test ယူပြီးဆေးစစ်ဖို့မလိုပါ။
* ကျန်တဲ့သူတွေက NHL မှာမဖြစ်မနေဆေးစစ်ရပါမယ်။ ဆေးစစ်ခနှစ်သိန်းလောက်ကျတယ်ပြောပါတယ်။
* မသွားခင် ၇၂ နာရီအတွင်းမှာ စင်ကာပူ ICA website မှာဝင်ပြီး ဖောင်ဖြည့်ပြီး print ထုတ်ရပါမယ်။ အောက်ကလင့်မှာဝင်ပါ။
အဲ့ဒီမှာဖြည့်ချိန်မှာ ကျနော်က Type of accommodation in Singapore မှာ “Hotel” လို့ဖြည့်ပါတယ်။
“Others” ကိုရွေးပါတယ်။ ပြီးတော့ “SHN dedicated facility” ကိုရွေးပါတယ်။
ဆက်သွယ်ရန်ဖုံးနံပါတ်ကို ကျနော်ကကျနော်မြန်မာပြည်မှာသုံးခဲ့တဲ့ ဖုံးနံပါတ်ကို ဘေဖြည့်ပြီးထည့်ခဲ့ပါတယ်။
၁၄ ရက်အတွင်းသွားထားတဲ့နိုင်ငံတွေကိုဖြည့်ရပါတယ်။
မြန်မာနိုင်ငံထဲမှာကျနော်ခရီးသွားခဲ့တဲ့ မြို့နယ်တွေကိုလည်း ကျနော်ကရိုးသားစွာဖြည့်ခဲ့ပါတယ်။
MNA ကောင်တာမှာ ခရီးဆောင်အိတ်တွေအပ်ပြီး Boarding Pass ကိုထုတ်ပြီးရင် အပေါ်တက်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လေဆိပ်လုံခြုံရေးကိုဖြတ်ရပါမယ်။
ပြီးတာနဲ့ လေယာဉ်အလာကိုစောင့်ပါတယ်။
လေယာဉ်ပေါ်မှာ ရေသောက်လို့အဆင်မပြေလို့ ရေတောင်မသောက်ပါ။
လေယာဉ်ပေါ်မှာလူများပြီး ပုံမှန်အချိန်လိုကပ်ထိုင်ရပါတယ်။

အဲ့အချိန်မှာ မျက်နှာအကာကိုဖြုတ်ပေးရပါတယ်။
လေဆိပ်ထဲဝင်တာနဲ့ ခါတိုင်းလေယာဉ်အတက်စောင့်တဲ့အခန်းထဲကိုဝင်ရပါတယ်။

* အဲ့ဒီအခန်းထဲကလုံးဝထွက်မသွားဖို့သတိထားပါ။
အဲ့ဒီမှာ Singapore နိုင်ငံသားနဲ့ Singapore PR တွေကို သပ်သပ်ခွဲထုတ်ပြီးရင်ဘတ်မှာ စတစ်ကာအဝိုင်းတွေကပ်ပေးလိုက်ပါတယ်။
စုစုပေါင်း ကျနော်တို့ ၉ ယောက်ရှိပါတယ်။
ကျနော့်တို့ရဲ့နာမည်စာရင်းကို သူတို့ print ထုတ်ထားတဲ့စာရင်းနဲ့တိုက်စစ်ပါတယ်။
ကျနော်တို့ယူလာခဲ့တဲ့ စာရွက်စာတမ်းတွေကိုစစ်ပါတယ်။
ပြီးတာနဲ့ ကျနော်တို့ကို ICA Officer တွေက ဟော်တယ်မှာလိုက်နာရမယ့်စည်းကမ်းတွေကို ရှင်းပြပေးပါတယ်။ မရှင်းတာပြန်မေးလို့ရပါတယ်။
စတစ်ကာကတော့ ကျနော်တို့ကို ဟော်တယ်ကိုတစ်စုတစ်ဝေးအတိုင်းခေါ်သွားဖို့ group ဖွဲ့ပေးတဲ့သဘောပါ။
ပြီးတာနဲ့ Immigration check point ကောင်တာကိုဖြတ်ဖို့ခေါ်သွားပါတယ်။
လမ်းမှာ စက်နဲ့ကိုယ်ပူချိန်ကို scan ဖတ်ပါတယ်။
ကောင်တာမှာ Mask ချွတ်ပေးပြီး မျက်နှာကို scan ဖတ်ရပါတယ်။ permit စာရွက်တွေပေးရပါတယ်။ ကျနော်ကတော့ PR Card နဲ့ REP စာရွက်ထုတ်ပေးလိုက်ပါတယ်။
ပြီးရင်လက်မနှစ်ဖက်ကိုစုံ scan ဖတ်ဖို့တင်ပေးလိုက်ပါတယ်။
လူစုံတာနဲ့ ကျနော်တို့ခရီးဆောင်အိတ်တွေကိုရွေးဖို့ခေါ်သွားပါတယ်။
အားလုံးပြီးတာနဲ့ ကျနော်တို့ကို Tour ကားတွေဆီကိုခေါ်သွားပါတယ်။ အပြင်ထွက်သွားလို့မရအောင် အတားအဆီးတွေလုပ်ပြီးသားပါ။
Tour bus သွားနေတဲ့အထိဘယ်ဟော်တယ်ကို မှန်းမသိပါ။ ဟော်တယ်ရောက်မှ Novotel ကိုပို့မှန်းသိပါတယ်။
ချက်ချင်းမဆင်းခိုင်းပဲ ပစ္စည်းတွေအရင်သယ်ပို့ပါတယ်။ နှစ်ယောက်စီပဲဆင်းခိုင်းပြီး ဟော်တယ်ထဲကိုခေါ်သွားပါတယ်။
ဟော်တယ်ထဲမှာတော့ ကျနော်တို့အတွက်အခန်းကဒ်ကအဆင်သင့်ပြင်ထားပြီးသားပါ။
Passport နဲ့ PR card ကိုပဲ check ပါတယ်။
ဟော်တယ်ခဘယ်လောက်ကျသလဲမေးတော့ သူတို့ကို advice လုပ်ပါလိမ့်မယ်လို့ပြောပါတယ်။
ကျနော်ကအခုထိတစ်ပြားမှမပေးရသေးပါ။
ပြီးတာနဲ့ ကျနော့်ပစ္စည်းကိုရွေးထုတ်ပြီး လူတစ်ယောက်ကဟော်တယ်အခန်းကိုလိုက်ပို့ပါတယ်။
ဟော်တယ်အခန်းထဲရောက်တာနဲ့ ကျနော်တို့က ၁၄ ရက်လုံးလုံး #ခြေတစ်လှမ်းမှအပြင်ထွက်ခွင့်မရှိတော့ပါ။
အဲ့ဒါကိုတော့သတိထားကြပါ။
* ကျနော်တို့ကို ၁၂ ရက်အထိ swab test မယူပါ။ ၁၂ မပြည့်ခင်ဟော်တယ်က ကြိုပြောပါလိမ့်မယ်။
ကျနော်တို့ကဟော်တယ်မှာ swab test ယူရမလား? တခြားတနေရာကိုသွားယူရမလားမသိသေးပါ။
အကယ်လို့သွားယူရမယ်ဆိုရင် အများသုံး public transport မသုံးပဲ Taxi (သို့မဟုတ်) Private ကားနဲ့ပဲသွားရပါမယ်။
ဒီရက်ထဲမှာကျနော်တို့အခန်းကိုဝင်မရှင်းပါ။ တစ်နေ့ကို တံခါးဝမှာ အစားအသောက် ၃ ကြိမ်ပို့ပေးပါတယ်။
အစားအသောက်က ကျနော့်အတွက်ဝပေမယ့် #အစားအသောက်များများစားတတ်သူတွေအတွက်မလောက်ပါ။
ကျနော်ကတော့ #မုန့်နဲ့ခေါက်ဆွဲထုပ်အနည်းငယ်ယူလာခဲ့ပါတယ်။
တကယ်တော့ delivery နဲ့အပြင်ကမှာစားလို့ရပါတယ်။
ဟော်တယ်ကလည်းမှာစားလို့ရပါတယ်။
အစားအသောက်လာထားပြီးရင် ဘဲလ်တစ်ချက်တီးပြီးချက်ချင်းပြန်လစ်သွားပါလိမ့်မယ်။


အမှိုက်အတွက် ပလတ်စတစ်အိတ်တွေထားပေးပါတယ်။
မျက်နှာသုတ်ပဝါနှစ်ခုကိုတစ်ပတ်ကြာရင်လာလဲလှယ်ပေးပါလိမ့်မယ်။
လိုတာရှိရင်ဟော်တယ်ကိုလှမ်းပြောလို့ရပါတယ်။
တစ်ခုခုအကြောင်းရှိရင် ခေါ်ဖို့ဖုန်းနံပါတ်ပေးထားပါတယ်။ ကျနော်တို့ ICA ဖောင်ကိုဖြည့်ပြီး print ထုတ်ရင် PDF အောက်မှာပါတဲ့နံပါတ်ပါ။
ကျနော်နေတဲ့ဟော်တယ်က အခန်းထဲစီးတဲ့ဖိနပ်မထားထားတဲ့အတွက် ကျနော်ရန်ကုန်ကကြိုယူလာတဲ့ ဖိနပ်အပါးကိုသုံးနေပါတယ်။
၁၄ ပြည့်ရင် swab test အဖြေကိုကြည့်ပြီး ပြန်လွှတ်မှာပါ။
Richard Myo Thant
25-December-2020