ကိုဗစ်ဆေး Remdesivir ကို ဘတ်ဂျတ်အကန့်အသတ်မရှိအိန္ဒိယဘက်က ရောင်းနိုင်သလောက် ဝယ်ယူမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်ဆေး Remdesivir ကို ဘတ်ဂျတ်အကန့်အသတ်မရှိအိန္ဒိယဘက်က ရောင်းနိုင်သလောက် ဝယ်ယူမယ်

မြန်မာနိုင်ငံအတွင်းက ပြင်းထန်ကိုဗစ်လူနာတွေအတွက် အသုံးပြုနေတဲ့ ကိုဗစ်ဆေးကို ထပ်မံဝယ်ယူဖို့ အစိုးရအနေနဲ့ ဘတ်ဂျက် အကန့်အသတ်မရှိ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ပြုလုပ်နဲ့ သမ္မအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသွားတာဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်ကရောင်းနိုင်တဲ့ ပမာဏအထိကို ရသလောက် ဝယ်ယူမှာဖြစ်တယ်လို့ ပြောပါတယ်။

အိန္ဒိယကထုတ်လုပ်တဲ့ Remdesivir ဆေးက တန်ကြေးအားဖြင့် ထိုးဆေးတစ်လုံးကို အမေရိကန်ဒေါ်လာ (၅၀)ဝန်းကျင်ရှိတယ်လို့လည်း ဦးဇော်ဌေးကဆိုပါတယ်။

“ Remdesivir ဆေးက အိန္ဒိယနိုင်ငံကလည်း ထုတ်သလို တခြားနိုင်ငံတော်တော်များများကလည်း ထုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အရည်အသွေးအရဆိုရင် အာမခံချက်ရှိတဲ့ အိန္ဒိယနိုင်ငံကပဲထပ်ပြီးမှာမယ်။ သူ့မှာ ဘယ်လောက်ရောင်းနိုင်မလဲ ရောင်းနိုင်သမျှထပ်ဝယ်မယ်။ ဒါနဲ့ပတ်သက်ပြီး ဘတ်ဂျက်အကန့်အသတ်မရှိပါဘူး”လို့ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

လက်ရှိ ကိုဗစ်လူနာတွေကိုလည်း Remdesivir ဆေးနဲ့ ကုသမှုတွေပေးလျှက်ရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ (၅)ရက်နေ့ကမှ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်းကလည်း ထိုးဆေးအလုံး (၃၀၀၀)လှူဒါန်းခဲ့ပါသေးတယ်။

Remdesivir ဆေးက COVID-19 လူနာတွေ အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က မေလ ၁ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးထားတဲ့ ဆေးဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •