ကိုဗစ်ပိုးရှိ မွေးလူနာတစ်ဦး ကျောက်တံခါးမြို့နယ်ဆေးရုံတွင် ကလေးမွေးဖွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ကိုဗစ်ပိုးရှိ မွေးလူနာတစ်ဦး ကျောက်တံခါးမြို့နယ်ဆေးရုံတွင် ကလေးမွေးဖွား

 

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုဒေသမှ ကိုဗစ်ပိုး တွေ့ရှိပြီးသား ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သက်ဆိုင်ရာ ကျောက်တံခါး မြို့နယ်ဆေးရုံကြီးတွင် ​အောက်တိုဘာလ ၁၇ ရက်​နေ့ နေ့လည် တစ်နာရီ ၅၀ မိနစ်တွင် အောင်မြင်စွာ က​လေးမွေးဖွားပေးခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဟိန္ဒူလူမျိုး ဒေါ်စံဂီသားဖြစ်ပြီး ဒုတိယမြောက် သားယောက်ျားလေးမွေးဖွားတာဖြစ်ပါတယ်။
ကလေးငယ်မှာ ကျန်းမာလျှက်ရှိပြီး ၇ ပေါင်ရှိတယ်လို့သိရပါတယ်။
အမျိုးသားပါ ကိုဗစ် ပိုးအတူတွေ့ရှိသူဖြစ်ပြီး ဇနီးမောင်နှံ နှစ်ဦးလုံး ပိုးတွေ့ရှိခဲ့ပေမယ့် ၃ နှစ်အရွယ် သားအကြီးဖြစ်သူမှာ ရောဂါပိုးတွေ့ရှိခြင်း မရှိဘူးလို့သိရပါတယ်။

ယခုအခါ ကျောက်တံခါးမြို့နယ် ဆေးရုံသီးသန့်ဆောင်တွင် ထားရှိပြီး လူနာစောင့်အဖြစ် လူနာရဲ့အမျိုးသားကို ပေးစောင့်ခိုင်းထားတယ်လို့ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန့်လွင်က ​ပြောပါတယ်။
ကိုယ်ဝန်ဆောင်မိခင်ကို ppe ဝတ်စုံအပြည့်ဖြင့် မွေးဖွားပေးခဲ့သူများကတော့ မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာထက်ထက်ကျော်ဦးဆောင်ပြီး သူနာပြု မလှိုင်သန့်စင်ချို၊ကျန်းမာရေးဝန်ထမ်း ကိုခင်မောင်ဦးတို့က အောင်မြင်စွာမွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •