“ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပြီးတဲ့နောက်မှာ နှာခေါင်းစီးမျက်နှာဖုံးမတပ်ဆင်တော့ပဲနေလို့ရနိုင်လား”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပြီးတဲ့နောက်မှာ နှာခေါင်းစီးမျက်နှာဖုံးမတပ်ဆင်တော့ပဲနေလို့ရနိုင်လား”

December 11 , 2020

ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးပြီးတဲ့နောက်မှာ နှာခေါင်းစီးမျက်နှာဖုံးမတပ်ဆင်တော့ပဲနေလို့ရနိုင်လား?

ဒီမေးခွန်းကိုဖြေရရင် မရဘူး လို့ဖြေရမှာဖြစ်ပါတယ်။

လူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့နောက်မှာ

နှခေါင်းစီး မျက်နှာဖုံးတပ်ဆင်တာ နဲ့ တယောက်နဲ့တယောက်အလှမ်းကွာအောင်နေထိုင်ခြင်း (Social Distancing)တို့ဟာ ဆက်လက်ဆောင်ရွက်နေရအုန်းမှာဖြစ်ပါတယ်လို့ အကြံပေးထားပါတယ်။

စတင်ထိုးနှံတဲ့အခါ ပဌမဆုံး ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေးတွေဟာ နှစ်ကြိမ်ထိုးနှံဖို့လိုအပ်ပါတယ်။Pfizerကထုတ်တဲ့ ကာကွယ်ဆေးဟာ ပဌမအကြိမ် ထိုးပြီးတဲ့နောက် ၃ပတ်အကြာ

ဒုတိယအကြိမ် ထပ်မံထိုးနှံဖို့လိုအပ်ပြီး၊မိုဒန်နါ

ကထုတ်တဲ့ကာကွယ်ဆေးကတော့ ၄ပတ်အကြာမှာ ဒုတိယအကြိမ်ထပ်မံထိုးပေးဖို့လိုအပ်ပါတယ်။ကာကွယ်ဆေးထိုးနှံမှုဟာ ယေဘူယျအားဖြင့်

ချက်ချင်းအကျိုးသက်ရောက်မှုမရှိပါဘူး။

လူတွေကို ကာကွယ်ဆေးပဌမအကြိမ်ထိုးနှံပြီး

တဲ့နောက် ၂ပတ်အတွင်းမှာ အကျိုးသက်ရောက်မှုတွေရှိလာမယ်လို့

မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးနောက်၂ပတ်ကြာတဲ့အထိတိုင်အောင် အပြည့်အဝကာကွယ်နိုင်စွမ်းကိုရအုန်းမှာ

မဟုတ်သေးပါဘူး။

ဒါ့အပြင် ဖိုင်ဇာ နဲ့ မိုဒန်နါ ကထုတ်တဲ့ကာကွယ်ဆေး တွေက ရောဂါကူးစက်ပြန့်ပွါးမှုကို အပြည့်အဝ

ကာကွယ်ပေးနိုင်သလား(ဒါမှမဟုတ်)

ရောဂါလက္ခဏါမဖြစ်ပေါ်တော့ရုံသာ ကာကွယ်

ပေးနိုင်သလားဆိုတာ အခုအထိ အတိအကျ

မသိရသေးပါဘူး။ဒီအချက်က ကာကွယ်ဆေး

ထိုနှံထာပြီးတဲ့သူတွေဟာ ရောဂါထပ်မံကူးစက်

နိုင်သေးလား၊ဗိုင်းရပ်(စ်)ပိုးကိုဆက်လက်ဖြန့်ဝေနိုင်သေးလားဆိုတာသေချာမသိသေးဘူးဆိုတဲ့

အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ ရောဂါကူးစက်

ပြန့်ပွါးမှုနှုန်းကတော့အတော်များများလျှော့ချပေးနိုင်လိမ့်မယ်လို့ ဝါရှင်တန်တက္ကသိုလ်က

ကာကွယ်ဆေး ပါရဂူတဦးဖြစ်တဲ့

ဒေဘိုရာ ဖူလာက ပြောဆိုပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •