ကိုဗစ်ရှိ/မရှိကို နာရီဝက်အတွင်းသိနိုင်မည့် Antigen test kit များဖြင့် မနက်ဖန်ကစပြီး စတင်စမ်းသပ် လုပ်ဆောင်သွားမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ယနေ့ ပိုးတွေ့လူနာသစ် ၈၉၇ ဦးပါ။ စံချိန်တင်ပြီလား၊ မလန့်သွားကြနဲ့ဦး။ နက်ဖြန်ကစပြီး ဒီထက်ပိုတွေ့လာရတော့မှာပါ။ ဘာလို့လဲဆိုတော့

ကိုဗစ်ရှိ/မရှိကို နာရီဝက်အတွင်းသိနိုင်မည့် Antigen test kit များဖြင့် မနက်ဖန်ကစပြီး စတင်စမ်းသပ် လုပ်ဆောင်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

( အဆိုပါ Antigen test kit တွေဟာ ရောဂါပိုးရှိကြောင်း ၉၅ ရာခိုင်နှုန်းအထိ မှန်ကန်စွာ အဖြေထုတ်နိုင်ပြီး ရောဂါပိုးမရှိကြောင်း ၉၈ ရာခိုင်နှုန်းအထိ မှန်ကန်မှုရှိကြောင်း WHOက အသိအမှတ်ပြုထားတာပါ)

ယနေ့ ည ၈ နာရီက နိုင်ငံပိုင်ရုပ်သံလိုင်းမှတစ်ဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း COVID -19 ရောဂါဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က “ တောင်ကိုရီးယားက မှာထားတဲ့ ၂ သိန်းက မနေ့က ခြောက်သောင်းရောက်ပါတယ်။ ဒီနေ့ တစ်သိန်းလေးသောင်းရောက်ပါတယ်။ မနက်ဖန်စပြီးတော့ဆေးရုံတွေမှာ စတင်စမ်းသပ်အသုံးပြုသွားပါမယ်။ အဲဒီလိုစစ်တဲ့အတွက် ပိုးတွေ့တဲ့သူက ပိုများလာနိုင်တယ်။ မြန်မြန်သိရတော့ မြန်မြန်ကုသနိုင်ရင် မြန်မြန်ပျောက်ကင်းနိုင်ပါမယ်။ ပိုးတွေ့များလို့လည်း စိတ်မပူပါ နဲ့” လို့ထည့်သွင်းပြောကြားပါတယ်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •