ကိုဗစ်သတင်းအတိုအထွာ (20.10.202)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

📰 #ကိုဗစ်သတင်းအတိုအထွာအချို့ကိုရေးပေးပါမယ်။

▪️ကိုဗစ်ကြောင့် ကိုယ်အင်္ဂါတွေရောင်ရမ်းပြီး ရောဂါဆိုးဆိုးရွားရွားမဖြစ်အောင် (immune system) လူရဲ့ကိုယ်ခံအားစနစ်တုန့်ပြန်မှုကို ပိတ်ဆို့နိုင်မယ့်နည်းလမ်းကို Johns Hopkins မှ ဆေးသုသေသနပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ကုသဆေးကို စောင့်နေချိန်မှာ ကိုဗစ်ကြောင့်လူရဲ့ကိုယ်ခန္ဓာက immune system ကိုယ်ခံအားစနစ်တုန့်ပြန်မှုကို ထိန်းချုပ်ဖို့ကြိုးစားလာကြပါတယ်။

အဲ့လိုထိန်းချုပ်နိုင်ရင် ICU ထဲမှာ ကြပ်မတ်ကုသရတဲ့ လူနာအရေအတွက်နည်းသွားပါမယ်။

ဗိုင်းရပ်စ်က factor D လို့ခေါ်တဲ့ ပရိုတိန်းတွေကိုနှိုးဆွပြီး ကိုယ်အင်္ဂါရောင်ရမ်းမှုတွေကို အကြီးအကျယ်ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။

အခုအဲ့ဒါအတွက်ဆေးတောင် စမ်းသပ်နေပြီလို့ဆိုပါတယ်။

ကဲ … နောက်သတင်းတစ်ပုဒ်ကိုဆက်ပါမယ်။

▪️အင်ဒိုနီးရှားသမ္မတက သူ့နိုင်သားတွေကို ကိုဗစ်ကာကွယ်ဆေးအတွက် စိတ်မလောကြဖို့ ပြောကြားလိုက်ပါတယ်။

အဓိကက ဒီကာကွယ်ဆေးဟာ halal ဟာလာ ဖြစ်မဖြစ်နဲ့ အစ္စလမ်တရားတော်နဲ့အညီထုတ်လုပ်ထားခြင်းရှိမရှိ သိဖို့လိုတယ်လို့ဆိုပါတယ်။

အင်ဒိုနီးရှားဟာ တရုတ်ပြည် Sinovac က ကာကွယ်ဆေးကိုကြိုဝယ်ထားတာပါ။

နောက်တပုဒ် ..

▪️အိန္ဒိယနိုင်ငံက Alpesh Deshmukh ဆိုတဲ့ ဓာတ်ခွဲခန်း technician တစ်ယောက်ဟာ ရှော့ပင်းမောဝန်ထမ်းအမျိုးသမီး တစ်ယောက်ဆီက ကိုဗစ် Test လုပ်ဖို့ swab ယူရာမှာ အာခေါင်တို့ဖတ်မယူပဲ အမျိုးသမီးအင်္ဂါကနေရယူခဲ့လို့ မုဒိမ်းမှုနဲ့ အဖမ်းခံထားရပါတယ်။

၂၃ နှစ်အရွယ်အမျိုးသမီးဟာ TCTL ဓာတ်ခွဲခန်းမှာ ဇူလိုင်လတုန်းက swab အယူခံစဉ်မှာ အသက် ၃၀ ရှိ Deshmukh က အာခေါင်တို့ဖတ်က positive ထွက်ပါတယ်ဆိုပြီး ဆီးစစ်ရမယ်လို့ ပြန်ခေါ်ကာ vaginal swab ယူခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးက မသင်္ကာတာနဲ့ သူ့အကိုဖြစ်သူကိုမေးခဲ့ပါတယ်။ သူ့အကိုက ဆရာဝန်ပါ။ အဲ့ဒါနဲ့ ရဲတိုင်ခဲ့တာဖြစ်ပါတယ်။

နောက်တစ်ပုဒ် …

▪️အမေရိကန်နိုင်ငံမှာ survey စစ်တမ်းကောက်ယူကြည့်ရာမှာ ၂၃% ကကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတယ်လို့ယူဆကြပါတယ်။

စုစုပေါင်း ငါးနိုင်ငံမှာ survey စစ်တမ်းကောက်ယူကြည့်တာပါ။

ဗြိတိန်နိုင်ငံမှာလည်း ၂၂% – ၂၃% လောက်က အဲ့ဒီလို ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတယ်လို့ယူဆကြပါတယ်။

အိုင်ယာလန်နိုင်ငံမှာ ပိုတောင်မြင့်မားပါသေးတယ်။ ၂၆% ပါ။

စပိန်နိုင်ငံမှာဆိုရင် ၃၃% ကအဲ့ဒီလိုယူဆကြပါတယ်။

မက္ကဆီကိုမှာဆိုရင် ၄၀% အထိတောင် အဲ့ဒီလိုယူဆကြပါတယ်။

အသက်နည်းနည်းပိုကြီးပြီး သိပ္ပံပညာရဲ့အခြေခံကိုပိုသိထားကြသူတွေကတော့ အဲ့ဒီလိုမယုံကြည်ကြတာကို တွေ့ရပါတယ်။

နောက်တစ်ပုဒ် …

▪️ကိုဗစ်ကပ်ဆိုးကြီးဖြစ်လိုက်တာ တရုတ်နိုင်ငံမှာ ဘီလျံနာသူဌေးတွေအများကြီးပေါ်ထွက်လာခဲ့ပါတယ်။

Zoom သူဌေး၊ အလီဘာဘာသူဌေး၊ ဝက်သာလုပ်ငန်းရှင်ကြီး၊ ​ရေသန့်လုပ်ငန်းရှင်ကြီးတွေ၊ mask 😷 နဲ့ PPE သူဌေးတွေ၊ ventilator သူဌေးတွေကအစ အများကြီးချမ်းသာသွားကြပြီး အလယ်အလတ်နဲ့သာမန်လုပ်ငန်းရှင်တွေက ထိခိုက်ခဲ့ပါတယ်။

အမေရိကန်မှာလည်း ဘီလျံနာသူဌေးတွေက ပိုချမ်းသာသွားပြီး အလားတူဖြစ်ခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးမှာ ဘီလျံနာတွေဟာ အဆပွားပြီးကြောက်စရာကောင်းလောက်အောင်ချမ်းသာလာခဲ့တာပါ။

Netfkix သူဌေး Andrew Cuomo ဆိုရင် အကျိုးအရှိဆုံးပါ။ Amazon သူဌေး Jeff Bezos ဆိုရင် ၂၀၂၀ မှာ အရင်ကထက် ၇၃ ဘီလျံပိုချမ်းသာခဲ့ပါတယ်။

facebook သူဌေး Mark Zuckerberg ဆိုရင် အရင် ၅၄ ဘီလျံမှာ ၄၆ ဘီလျံထပ်ချမ်းသာခဲ့ပါတယ်။

Elon Musk ဆိုရင် အရင် ၂၅ ဘီလျံကနေ ၉၂ ဘီလျံအထိချမ်းသာလာခဲ့ပါတယ်။

ကာကွယ်ဆေးသတင်းအနေနဲ့ …

▪️ယူကေနိုင်ငံမှာ ဒီနှစ်မကုန်ခင် ကာကွယ်ဆေးအလုံးရေ သန်း ၄၀ ရမယ်လို့ဆိုပါတယ်။

ဘယ်ဂျီယံနိုင်ငံရှိ Pfizer ရဲ့ကာကွယ်ဆေးစက်ရုံကရမှာပါ။

ဒါကြောင့် ၂ လုံးစီထိုးပေးရရင် ယူကေနိုင်ငံရဲ့လူဦးရေ ၃ ပုံ ၁ ပုံစာနီးပါးကို ရမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဘယ်သူတွေကာကွယ်ဆေးအရင်ရမလဲဆိုတာကို အခုချိန်ကတည်းက စတင်၍ ရွေးချယ်မှုပြုလုပ်နေပါပြီ။

သတင်းတွေကမေးလွန်းလို့သာ တင်ပေးလိုက်တာပါ။ ကျနော်ဒီရက်မအားလို့ သည်းခံကြပါ။

Richard Myo Thant
20-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •