ကိုဗစ်အတွက်သွေးစစ်တဲ့ antibodies Test kit တွေကအရေးပါသလား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်အတွက်သွေးစစ်တဲ့ antibodies Test kit တွေကအရေးပါသလား

🇸🇬 စင်ကာပူကို ကျနော်တို့ရောက်တော့ လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေး ICA officer က လိုအပ်တာတွေသေချာမှာကြားပါတယ်။
ကျနော်တို့ကို ဟော်တယ်မှာထားပြီး ၁၂ ရက်မြောက်နေ့မှာ swab test ယူရမယ်လို့ပြောပါတယ်။
အဲ့ဒီအတွက်ကုန်ကျငွေကို ကျနော်တို့ကပေးရမှာပါ။
အဲ့ဒီမှာမသေချာလို့အကြိမ်ကြိမ်ယူရရင် ထပ်ပေးရလားမပေးရလားမသိပါ။
ကျနော်တို့ကို #ဟော်တယ်အခန်းထဲမှာ (၁၂) ရက်လုံးဝပြင်ပနဲ့ထိတွေ့ခွင့်မပေးပဲထားတဲ့အတွက် ၁၂ ရက်မြောက်နေ့မှာ swab test ယူရင် “Negative” ထွက်ဖို့ကသေချာသလောက်ရှိပါတယ်။
ကျနော်တို့ကိုအခန်းထဲကနေ ခြေတစ်လှမ်းမှအထွက်မခံတာရယ်၊ အခန်းသန့်ရှင်းရေးမဝင်တာရယ်၊ အစားအသောက်ပို့သူ၊ မျက်နှာသုတ်ပဝါပို့သူတွေနဲ့တောင် #ထိတွေ့မှုမရှိအောင်တင်းတင်းကျပ်ကျပ်ထားတာကြောင့် ကျနော်တို့မှာ စင်ကာပူကိုမဝင်ခင် ကိုဗစ်ကူးစက်ခံထားရရင်တောင် သူများကိုပြန်ကူးစက်နိုင်တဲ့ viral shedding ကာလကိုကျော်ခဲ့ပြီးဖြစ်ပါမယ်။
သို့သော် 🧬 PCR swab Test မှာလည်း သိနိုင်မိနိုင်တဲ့ detection threshold ဆိုတာရှိပါတယ်။
အားလုံးက RT PCR test ကို Covid positive ဖြစ်မဖြစ် Gold Standard အနေနဲ့ထားနေပေမယ့် antibodies test ကလည်း #လိုအပ်တဲ့အချိန်တွေရှိပါတယ်
ဒီနေရာမှာ RT PCR Test ဟာ false positive ရော false negative ရောအဖြေမှားပြတတ်တာကိုသိထားဖို့လိုပါတယ်။
false positive ကဖြစ်ခဲပြီး false negative ကပိုဖြစ်တတ်ပါတယ်။
False Negative အကြောင်းကိုအတိအကျပိုသိချင်ရင် The New England Journal of Medicine မှာသွားဖတ်ပါ။ အောက်မှာကျနော်လင့်ပေးထားပါတယ်။ 👇
🇸🇬 စင်ကာပူက Case နှစ်ခုကိုပြောပါမယ်။
(၁) အသက် ၂၁ နှစ်ရှိစင်ကာပူနိုင်ငံသား ယောက်ျားလေးတစ်ယောက်ဟာ 🇬🇧 ယူကေနိုင်ငံကနေ ဒီဇင်ဘာလ ၇ ရက်နေ့မှာ စင်ကာပူကိုရောက်လာပါတယ်။
သူ့ကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ swab test ယူစစ်ပါတယ်။ “Negative” ပါ။
ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဟော်တယ် Q ဝင်ရက် ၁၄ ရက်ပြည့်လို့ အိမ်ပြန်သွားပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ချောင်းဆိုးလို့ ဆေးရုံသွားပြီးစစ်ရာမှာ Positive ထွက်ပါတယ်။
အဲ့ဒီမှာ သူ့ရဲ့ပထမ swab ယူထားတဲ့ နမူနာကို National Public Health Laboratory ပို့ပြီးစစ်ဆေးရာမှာ Positive ဖြစ်နေတာကိုတွေ့ပါတယ်။
သူ့ရဲ့ ပထမ swab နမူနာလို့ပြောရခြင်းဟာ “his original sample” လို့ပြောထားလို့ပါ။ ဘယ်ဟာကိုဆိုလိုမှန်းမသိပါ။
အကယ်လို့ ဒီဇင်ဘာ ၁၇ က sample ကိုဆိုလိုခဲ့ရင် အဲ့လိုပြန်စစ်လို့ရလို့လားလို့မေးစရာဖြစ်လာပါတယ်။
ကျနော်ကတော့ ဒီဇင်ဘာ ၂၃ ရက်နေ့က sample နမူနာကို သေချာအောင် ဆေးရုံကရော National Lab ကပါစစ်တယ်လို့ ယူဆပါတယ်။
ထားပါတော့။ ဒီဇင်ဘာလ ၂၄ ရက်နေ့ရက်နေ့မှာ ထပ်စစ်တော့ “Negative” ပြန်ထွက်ပါတယ်။
အဲ့ဒီတော့ သွေးဖောက်စစ်ပြီး🩸serological test လုပ်ပါလေရော။
အဲ့ဒီမှာ Positive ပြတယ်။ ဒါပေမယ့် Positive ပြပုံက likely past infection လို့ပြောထားတဲ့အတွက် ကျိန်းသေ IgG ပြလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။
ဒါ့ကြောင့် စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက သူ့ကို “ဗိုင်းရပ်စ် RNA အစိတ်အပိုင်းတွေတွေ့ရသူ။ #အခြားသူကိုကူးစက်မှာအန္တရာယ်မရှိသူလို့” ဆိုထားပါတယ်။
(၂) နောက် case တစ်ခုကတော့ 🇵🇭 ဖိလစ်ပိုင်ကပြန်လာတဲ့ အသက် ၄၇ နှစ်အရွယ် PR တစ်ယောက်ဟာ စင်ကာပူကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ
ရောက်လာပါတယ်။ Mandrain Orchard Hotel မှာ Q ဝင်ရပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ကျတော့ Mandrain Orchard Hotel မှာ ၁၃ ယောက်ကူးစက်တဲ့ကိစ္စကို စစ်ဆေးမှုလုပ်လို့ သူကဟော်တယ်ပြောင်းရပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ swab test ယူတော့ Negative ပါ။
ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ swab test ထပ်ယူတာလည်း Negative ပါ။
ဒါပေမယ့် စင်ကာပူအစိုးရက ဒီဇင်ဘာလ ၂၄ ရက်နေ့သူအိမ်မပြန်ခင် swab test ကိုသေချာအောင်ထပ်ယူလိုက်ပါတယ်။
အဲ့ဒီမှာ Positive တွေ့ပြီးသူ့ကို နောက်နေ့မှာဆေးရုံကိုခေါ်သွားပါတယ်။
သူ့ကို သွေးဖောက်စစ်ထားပြီး အဖြေမသိရသေးပါ။
အဲ့ဒီတော့ RT PCR test လုပ်ပေမယ့် လိုအပ်ရင်လိုအပ်သလို antibodies test ကို clinical assessment tool အနေနဲ့ မဖြစ်မနေထည့်စစ်ရပါတယ်။
အဲ့ဒီတော့ 🩸သွေးဖောက်စစ်တဲ့ antibodies test တွေဟာ အောက်ပါနေရာတွေမှာ အသုံးဝင်ပါတယ်။
✅ PCR Test ကို အားဖြည့်ကူညီတဲ့ clinical assessment tool အဖြစ်အသုံးဝင်ပါတယ်။
✅ ကိုဗစ်ဗိုင်းရပ်စ်နဲ့ထိတွေ့ဖူးလားသိဖို့အတွက်အသုံးဝင်ပါတယ်။
ကျနော်က စိတ်ချရတဲ့ Singapore made ကိုဆောင်ထားပြီး လိုအပ်တယ်ထင်ရင် ထုတ်စစ်ကြည့်ပါတယ်။
ကျနော်အသိတစ်ယောက်နဲ့ ဒီဇင်ဘာ ၁ ရက်နေ့က စကားပြောခဲ့ပါတယ်။ သူက အနံ့လုံးဝမရတော့ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့မှာသိရပါတယ်။
ကျနော်က စိတ်ချရတဲ့ antibodies test kit နဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့၊ ဒီဇင်ဘာ ၁၅ ရက်နေ့နဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့တွေမှာ သွေးဖောက်စစ်ကြည့်ပါတယ်။
ကျနော်က စင်ကာပူ HSA အသိအမှတ်ပြု test kit ကိုပဲသုံးပါတယ်။
IgG ရော IgM ရော #မပေါ်တော့မှ စိတ်ချမ်းသာပါတယ်။
✅ သွေးဖောက်ရတာလွယ်ကူပြီးအဖြေသိရတာမြန်လို့ပါ။
✅ ကိုဗစ်ကုသရေးအတွက် convalescent plasma လှူဒါန်းသူတွေကို ရှာဖွေရာမှာအလွန်အသုံးဝင်ပါတယ်။
သူတို့မှာ ကိုဗစ်ကိုခုခံမယ့် antibodies ရရှိထားကြောင်း IgG ပေါ်မပေါ်စစ်ကြည့်နိုင်ပါတယ်။
✅ ကူးစက်ရောဂါဗေဒသဘောတရားအရ နေရာဒေသတစ်ခုမှာ လူထုကြားထဲ ကိုဗစ်ရောဂါဘယ်လောက်ပြန့်နှံ့နေသလဲသိချင်ရင် antibodies test kit ကိုသုံးကြပါတယ်။
မသိချင်ရင်တော့ မတတ်နိုင်ပါ။ 😔
Richard Myo Thant
26-December-2020

Spread the love
  •  
  •  
  •  
  •  
  •  
  •