ကိုဗစ် ကာကွယ်ဆေး(သယ်ယူ၊သို​​ေလှာင်ရေး)အတွက်ကြိုတင်ပြင်ဆင်ထားကြဖို့အရေးကြီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

★ #ကာကွယ်ဆေးအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့အရေးကြီးပါတယ်။ ★

ကာကွယ်ဆေးဟာ ကိုဗစ်အကျပ်အတည်းက ရုန်းထွက်ဖို့ #အားလုံးရဲ့မျှော်လင့်ချက်ဖြစ်နေပါတယ်။

ကျနော်တို့ #အခုအချိန်ကတည်းကပြင်ဆင်ထားဖို့လိုတာတွေရှိပါတယ်။

★ #မဖြစ်မနေပြင်ဆင်ထားရမှာပါ။ မပြင်ဆင်ထားခဲ့ရင် ရလာမယ့် ကာကွယ်ဆေးဟာ #သဲထဲရေသွန်သလိုဖြစ်သွားပါလိမ့်မယ်။

★ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတကယ်ထိရောက်ဖို့ သယ်ယူ၊ သိုလှောင်၊ဖြန့်ဖြူး၊ထိုးနှံတဲ့အချိန်မှာ #လိုအပ်တဲ့အအေးဓာတ်ရကိုရဖို့လိုပါတယ်။

အခုနောက်ဆုံးပန်းဝင်ခါနီးကာကွယ်ဆေးတွေနဲ့ အအေးဓာတ်လိုအပ်ချက်ကိုပြောပြပါမယ်။

▪️Pfizer/BioNTech ရဲ့ကာကွယ်ဆေး

BNT162b2

🌡️ စက်ရုံကထုတ်ချိန်မှာ -70 degree Celsius နဲ့ အေးခဲထားပြီးထုတ်ပေးလိုက်တယ်။

ကုမ္ပဏီက ၁၀ ရက်ခံတဲ့ suitcase sized ultracold temperature container (ခရီဆောင်အိတ်အရွယ်အအေးလွန်ပုံး) နဲ့ထည့်ပေးလိုက်လိမ့်မယ်။

တစ်ပုံးကို အလုံးရေ ၁၀၀၀ ကနေ ၅၀၀၀ အထိပါတယ်။

အဲ့ဒီ စပယ်ရှယ်ပုံးနဲ့ ၁၀ ရက်ထားလို့ရတယ်။

အခဲဘဝကနေ အရည်ဖြစ်သွားပြီဆိုတာနဲ့ ရေခဲသေတ္တာထဲမှာ ၂ ရက်ပဲထားလို့ရမယ်။

ဒါဆိုရင် ရွှေဘိုကလူတွေအတွက်ကာကွယ်ဆေးဘယ်လိုထိုးမလဲ❓

မြိတ်ကလူတွေအတွက် ကာကွယ်ဆေးဘယ်လိုထိုးမလဲ❓ဒါတွေအတွက် ကြိုတင် (ကြိုတင်) စီစဉ်ဖို့လိုပါတယ်။

▪️Moderna ရဲ့ ကာကွယ်ဆေး

mRNA-1273

🌡️ အစကသူလည်း – 70 degree Celsius နဲ့သယ်ပို့ရမယ်လို့ဆိုတယ်။ အခုတော့ – 20 degree Celsius နဲ့ သယ်ပို့လို့ရပါပြီတဲ့။

▪️Oxford/AstraZeneca ရဲ့ကာကွယ်ဆေး

AZD1222 (အိန္ဒိယက Covisheid နာမည်နဲ့ထုတ်တယ်)

🌡️ သူကတော့ 2 to 8 degree Celsius နဲ့သိုလှောင်၊ သယ်ပို့၊ ထိုးနှံ့လို့ရတယ်။

ဒီကာကွယ်ဆေးဆိုရင် ကျနော်တို့အတွက်ပိုဖြစ်နိုင်တယ်။

▪️ရုရှားရဲ့ကာကွယ်ဆေး

Sputnik V

🌡️ – 18 degree Celsius ထက်ပိုတဲ့အပူချိန်နဲ့ သယ်ပို့သိုလှောင်လို့မရဘူး။

▪️တရုတ်ကာကွယ်ဆေး

SinoVac

🌡️ 25 degree Celsius မှာ ၄၂ ရက်ခံတယ်၊

37 degree Celsius မှာ ၂၈ ရက်ခံတယ်၊

2 to 8 degree Celsius မှာ ၅ လခံတယ် #လို့ဆိုတယ်။

*တရုတ်မှာအခြားကိုဗစ်ကာကွယ်ဆေးတွေရှိသေးတယ်။

▪️Johnson & Johnson ကာကွယ်ဆေး

JNJ-78436735

🌡️ သူကတော့ တစ်လုံးပဲထိုးဖို့လိုမယ်။ standard refrigeration နဲ့ သယ်ယူသိုလှောင်လို့ရတယ်။

သဘောက – 20 degree Celsius နဲ့သယ်ယူသိုလှောင်ရမယ်လို့ နားလည်ထားတယ်။

အထက်ကရေးခဲ့တဲ့ #သယ်ယူ၊ #သိုလှောင်၊ #ဖြန့်ဖြူး၊ #ထိုးနှံ့ အဆင့်လေးဆင့်လုံးဟာ အလွန်အရေးကြီးပါတယ်။

အဲ့ဒီအဆင့်လေးဆင့်အတွက် လိုက်နာရမယ့်အပူချိန်ဟာ အတိအကျမဟုတ်သေးပါ။ ကာကွယ်ဆေးထွက်မှ အတိအကျသိပါလိမ့်မယ်။

သို့သော် အကြမ်းဖျင်းတော့ ဘယ်ကာကွယ်ဆေးဟာ ဘယ်အပူချိန်လိုအပ်လဲဆိုတာ သိရပါပြီ။ သို့သော် ကုမ္ပဏီတစ်ခုနဲ့တစ်ခု အပူချိန်သတ်မှတ်ပုံ #တာဝန်ယူမှုတာဝန်ခံမှုကွားခြားနိုင်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံဟာ ကိုဗစ်ကာကွယ်ဆေးရောက်လာရင် သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး၊ ထိုးနှံ့ အဆင့် ၄ ဆင့်လုံးအတွက် …..

(၁) လိုအပ်တဲ့အအေးဓာတ်ရဖို့လိုက်နာရန် #ညွှန်ကြားချက်တွေအဆင်သင့်ဖြစ်အောင်ပြင်ဆင်နေပြီလား❓

(၂) မှာယူထားတဲ့ကာကွယ်ဆေးတွေအတွက်လိုအပ်တဲ့ သယ်ယူမယ့်အပူချိန်ရမယ့်ရေခဲသေတ္တာပုံး၊ နယ်ဆေးရုံတွေမှာ ကြာရှည်သိုလှောင်နိုင်ရန် သိုလှောင်ရမယ့်အပူချိန်ရမယ့်ရေခဲသေတ္တာတွေအတင်သင့်ဖြစ်ပြီလား❓

ဥပမာ ( – 20 degree Celsius အပူချိန်ရေခဲသေတ္တာရှိပြီလား?)

ဘယ်ကာကွယ်ဆေးဝယ်ထားပြီး ဘယ်မြို့နယ်တွေမှာထိုးရမှလဲ? #တိုက်နယ်ဆေးရုံတွေမှာထိုးလို့အဆင်ပြေမလား?

(၃) လျှပ်စစ်မီးမတော်တဆပျက်ရင်ဘယ်လိုလုပ်မှာလဲ❓

ဒါလည်းကျနော့်အတွေ့အကြုံအရပြောပါမယ်။

ကျနော်တို့ စင်ကာပူရုံးအဆောက်အဦးမှာ အကြောင်းကိစ္စတစ်ခုနဲ့ လျှပ်စစ်မီးပျက်သွားတာ deep-freezer မီးမရလို့ 🐇 ယုန်သုက် (Rabbit sperm) တွေပြဿနာတက်သွားဖူးပါတယ်။ အထဲကဆေးတွေရော အကုန်လုံးပျက်ကုန်တာပါ။

ပြီးခဲ့တဲ့အပတ်က လိုအပ်တဲ့ cold chain အအေးဓာတ်ရရန်စီစဉ်မှု အချိန်မီမရခဲ့ရင် ကာကွယ်ဆေးအာနိသင်ပျက်မှုကြောင့် ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါး လူဦးရေ ၃ ဘီလျံဟာ #ကာကွယ်ဆေးရရှိဖို့ခက်မယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

​အဲ့လိုဖြစ်မယ့်နိုင်ငံတွေထဲမှာ အရှေ့တောင်အာရှကဆင်းရဲတဲ့နိုင်ငံတွေလည်းပါနေပါတယ်။

#ကမ္ဘာ့ဆင်းရဲတဲ့နိုင်ငံအချို့မှာ ဖြစ်နေတဲ့ အခြေအနေကိုပြောပြပါမယ်။

☆ တိုက်နယ်ဆေးရုံတွေမှာ deep-freezer အအေးဓာတ် – 20 degree Celsius ပေးနိုင်တဲ့ #ရေခဲသေတ္တာမရှိပါ။ ရေခဲသေတ္တာရှိတောင် #မီးမရှိပါ။ မီးရှိရင်လည်း #မကြာခဏပျက်တတ်ပါတယ်။

☆ ဆေးနဲ့ဆေးပစ္စည်းသိုလှောင်ဖြန့်ဖြူးရေးဌာနက #လိပ်ထက်နှေးပါတယ်။ 👈

ကမ္ဘာမှာအဲ့လိုကိုဖြစ်နေတာပါ။

PPE နဲ့ 😷 mask တွေတုန်းက ဆေးပစ္စည်းသိုလှောင်ဖြန့်ဖြူးရေးဌာနမှာပြဿနာအများကြီးရှိတာကိုတွေ့ခဲ့ရပါတယ်။

ကာကွယ်ဆေးသည်တိုင်းပြည်ရဲ့ စီးပွားရေးနဲ့လူ့အသက်ကိုကယ်ဖို့အရေးကြီးတယ်ဆိုတာထက် မနက်အလုပ်လာ၊ ညနေပြန်ဖို့ပဲသိကြပါတယ်။ တိုင်းပြည်အတွက်မသိပါ။ #ငါ့အတွက်ပဲသိကြပါတယ်။

☆ အစိုးရဝန်ထမ်းတွေက #မလုပ်မရှုပ်မပြုတ်ပါ။ အထက်ကနေအောက်ကို #ကိုယ့်လက်ကလွတ်ဖို့ကိုယ်တာဝန်မယူရဖို့သာတွေးကြပါတယ်။

#နိုင်ငံသားကောင်းအသိစိတ်ဓာတ်လုံးဝမရှိကြပါ။

☆ မြေပြင်ကဆေးရုံဝန်ထမ်းတွေနဲ့ အထက်ကကျန်းမာရေးဌာနက လူကြီးတွေအကြား #နားလည်မှုတွေလွဲကြပါတယ်။

အောက်ကမြေပြင်ကတင်ပြသမျှကို #အထက်ကအတ္တနဲ့လက်မခံပါဘူး။ အထက်ကစီမံသူတွေဟာ #အောက်ခြေကတင်ပြသမျှကိုလစ်လျူရှုနေသမျှကာလပတ်လုံး #ကာကွယ်ဆေးထိုးနှံမှုမှာအာနိသင်အပြည့်အဝမရပဲကျရှုံးသွားနိုင်ပါတယ်။

ဒါတွေက 🇧🇫 Burkina Faso လိုနိုင်ငံတွေမှာ အဲ့လိုကိုဖြစ်နေတာပါ။

☆အဲ့ဒီနိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ကာကွယ်ဆေးကိုရေခဲပုံးနဲ့ မော်တော်ဆိုင်ကယ်နဲ့ လမ်းကျဉ်းတွေလမ်းကြမ်းတွေကြားက သွားသယ်ရပါတယ်။

ရေခဲပုံးက ဘယ်လောက်အအေးဓာတ်ပေးနိုင်မလဲ? ကာကွယ်ဆေးအာနိသင်ပျက်သွားမလား? မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

Johnson & Johnson ကလွဲလို့ ကာကွယ်ဆေးအများစုက ၂၈ ရက်လောက်ခွာပြီး နှစ်လုံးထိုးရမှာပါ။

တစ်လုံးကအာနိသင်ပျက်ကာ နောက်တစ်လုံးကအာနိသင်ကောင်းလည်း ပြဿနာရှိပါတယ်။

အချုပ်အားဖြင့်ဆိုသော် ….

▪️မြန်မာနိုင်ငံအပါအဝင် ဆင်းရဲတဲ့နိုင်ငံတွေဟာ ကာကွယ်ဆေး သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး၊ ထိုးနှံရေးအတွက် ကိုယ်ဝယ်ယူထားတဲ့ ကာကွယ်ဆေးကုမ္ပဏီတွေ GAVI, COVAX တို့နဲ့ ချိတ်ဆက်ပြီး #အခုကတည်းကပြင်ဆင်ဖို့လိုအပ်နေပါပြီ။

▪️ကာကွယ်ဆေးကလိုအပ်ဓာတ်အအေးဓာတ်မရလို့ ရောက်လာပြီးမှ ထိုးသာထိုးလိုက်တယ်အာနိသင်မရှိရင် ပိုမိုရှုပ်ထွေးတဲ့ပြဿနာတွေပေါ်ပေါက်လာပါလိမ့်မယ်။

▪️ကာကွယ်ဆေးအစီအစဉ်ကျရှုံးခြင်းဟာ #စီးပွားရေးကျရှုံးခြင်းပါဖြစ်လာမယ်ဆိုတာ ဂရုပြုကြဖို့လိုပါတယ်။

▪️အထက်ဌာနက အောက်မြေပြင်က ကျန်းမာရေးဝန်ထမ်းတွေရဲ့လိုအပ်ချက်ကို အမှန်တကယ်နားထောင်ပေးပြီး အချိတ်အဆက်မိအောင်စီမံပေးဖို့အချိန်ရောက်နေပါပြီခင်ဗျား။

https://www.facebook.com/109119807474881/posts/173438554376339/?d=n

Richard Myo Thant
25-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •