“ကိုဗစ် ကာကွယ်ဆေး နောက်ဆုံးသတင်းများ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကိုဗစ် ကာကွယ်ဆေး နောက်ဆုံးသတင်းများ”

“ရုရှမှ Sputnik Vကာကွယ်ဆေးဟာ ၉၂ရာခိုင်နှုံး ထိရောက်မှုရှိပြီး၊ဥရောပသမဂ္ဂ ကလပိုင်းအတွင်းပြည်သူတွေကိုကာကွယ်ဆေးထိုးပေးနိုင်တော့မယ်လို့မျှော်လင့်”

November 13, 2020

အမေရိကန်ပြည်ထောင်စု ဆေးဝါးကုမ္ပဏီ Pfizerက ကာကွယ်ဆေးကိုလက်တွေ့စမ်းသပ်
သုံးစွဲကြည့်ရာမှာ ထိရောက်မှုရှိကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက်မှာ နောက်နှစ်စောနိုင်သမျှစောစော နော်ဗယ်လ်ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်ဆေးပြည်သူတွေကိုထိုးပေးနိုင်ဖို့်မျှော်လင့်ထားတယ်လို့ ဥရောပသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ
ပြောဆိုဖော်ပြခဲ့ပါတယ်။

ရောဂါတားဆီးကာကွယ်ရေး နဲ့ ထိန်းချုပ်ရေး ဥရောပစင်တာ(ECDC)ရဲ့ဥက္ကဌ
အန်ဒရီယါ အမ်မွန် ကAFPကိုပြောပြရာမှာ “အကောင်းမြင်စိတ်နဲ့ပြောရရင်ကာကွယ်ဆေးကို နောက်နှစ်ပဌမသုံးလအတွင်းမှာ ရနိုင်လိမ့်မယ်၊ဒါပေမဲ့ ဒီ့ထက်ပိုပြီးတိတိကျကျတော့ကျွန်တော်မပြောပြတတ်ဘူး။”လို့ဆိုပါတယ်။
လူပေါင်း၄၃၅၀၀ကို စမ်းသပ်လေ့လာခဲ့ပြီးနောက် သူတို့ရဲ့ဆေးဟာကိုဗစ်-၁၉ဗိုင်းရပ်(စ်)ရောဂါမဖြစ်အောင်
ထိုးနှံခဲ့သူ၉၀ရာခိုင်နှုံးကိုကာကွယ်ပေးနိုင်ခဲ့
တယ် လို့ Pfizer နဲ့ BioNTechဆေးကုမ္ပဏီကြီး
တွေကပြောဆိုပြီးတဲ့နောက်မှာ ဒီ​ဖော်ပြချက်
ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဥရောပသမဂ္ဂဟာ ကိုရိုနာဗိုင်းရပ်(စ်)
ရောဂါကာကွယ်ဆေး အလုံးသန်း၃၀၀ အထိ
ဝယ်ယူဖို့ Pfizer နဲ့ BioNTech ကုမ္ပဏီကြီးတွေ နဲ့ စာချုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။
စာချုပ်အရဥရောပ၂၇ နိုင်ငံဟာ ပဌမအသုတ် ထိုးဆေးသန်း၂၀၀မှာယူထားပြီး ဆေးတခါထိုးရင် ၁၉.၅၀ဒေါ်လာ ပေးရနိုင်ပါတယ်။နောက်ထပ် ထိုးဆေးသန်း ၁၀၀ ထပ်မံ ဝယ်ယူနိုင်ပါသေးတယ်။
Pfizerက သူ့ရဲ့အခက်အခဲတွေကိုအောင်မြင်အောင်ကျော်လွှားနိုင်ခဲ့ပြီးနောက် ရုရှကလည်း
သူဦးဆောင်ဖန်တီးနေတဲ့ Sputnik Vကို အားတက်စရာထုတ်လုပ်နိုင်ခဲ့ပါတယ်။

ရုရှရဲ့ကာကွယ်ဆေးနဲ့ပတ်သက်ပြီး
ကြိုတင်စမ်းသပ်ချက်ရလဒ်တွေအရ လူပေါင်း၁၆၀၀၀ကိုနှစ်ခါပြန်စစ်ဆေး
စမ်းသပ်ကြရာမှာ ပြင်းထန်တဲ့ဘေးထွက်ဆိုး
ကျိုးတွေမရှိပဲ ၉၂ရာခိုင်နှုံးထိရောက် အောင်မြင်ကြောင်း ဗုဒ္ဓဟူးက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မော်စကိုကကူးစက်ရောဂါကာကွယ်မှုနဲ့
အနုဇီဝဗေဒ ဂါမယ်လေယာသုတေသနစင်တာ
ကအဆင့်မြှင့်ထုတ်လုပ်ထားတဲ့Sputnik V
ကာကွယ်ဆေးဟာ ဘယ်လာရုစ်၊ဗင်နီဇွဲလား နဲ့
အိန္ဒိယနိုင်ငံတို့က ဆေးခန်းထဲမှာ လူတွေကိုလက်တွေ့ထိုးနှံစမ်းသပ်တဲ့ အဆင့်၃ အထိလတ်တလော ဆက်လက်ဆောင်ရွက် နေပြီဖြစ်ပါတယ်။
စေတနာအလျှောက်ပါဝင်ပြီးကာကွယ်ဆေး၊
ဖြစ်စေ၊စမ်းသပ်ရာမှာအသုံးပြုတဲ့ဆေးအတု
ဖြစ်စေ အထိုးခံခဲ့ကြတဲ့ လူအုပ်စုတွေကြားထဲမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ၂၀ တွေ့ရှိခဲ့တယ်လို့ အင်စတီကျူ့ ကဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ပါတယ်။

Sputnik ကာကွယ်ဆေးရဲ့အားသာချက် တရပ်ကတော့Pfizer ကာကွယ်ဆေးလို -၈၀ံ
ဆဲလ်ဆီးယပ်စ် မှာသိုလှောင်သိမ်းဆည်းထားဖို့ မလိုအပ်တာပဲဖြစ်ပါတယ်။ခုထိဘေးကင်းလုံခြုံစိတ်ချရပြီလို့မထုတ်ပြန်သေးပေမဲ့ စေတနာဝန်ထမ်းတွေ ကာကွယ်ဆေးထိုးနှံမှုခံယူအပြီး၂၁ရက်အကြာမှာ မျှော်လင့်မထားတဲ့ ဆန့်ကျင်ဘက်ဖြစ်ရပ် တွေ မရှိခဲ့ဘူးလို့ ရုရှသုတေသနသမားတွေကပြောပါတယ်။

မော်စကို ဂမ်မယ်လေယာ သုတေသနသိပ္ပံက ဒါရိုက်တာ အလက်ဇန္ဒားဂင့်တ်စဘာ့(ဂ်) က “Sputnik Vကိုမကြာခင်မှာအမြောက်အများထုတ်လုပ်နိုင်မှာဖြစ်ပြီး၊ရှေးဦးစွာရုရှနိုင်ငံ နဲ့ နောက်ပိုင်းကမ္ဘာ့နေရာအနှံ့အပြားမှာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်ပြန့်ပွါးမှုနှုန်းကို သိသာထင်ရှားစွာ လျှော့ချပေးနိုင်လိမ့်မယ်။”လို့ပြောပါတယ်။
ဒါပေမဲ့ အားတက်စရာကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းတွေပေါ်ထွက်လာနေပေမဲ့ ကပ်ရောဂါကိုအဆုံးသတ်အောင်လုပ်နိုင်အုန်းမှာမဟုတ်သေးဘူးလို့ စောင့်ကြည့်လေ့လာသူတွေက သတိပေးထားပါတယ်။

အီဒင်ဘါ့(ဂ်)တက္ကသိုလ်က ပါမောက္ခ
အီလင်နော် ရိုင်လေ က ကာကွယ်ဆေး နဲ့ ပတ်သက်တဲ့အချက်အလက်တွေ သိတ်စောလွန်းစွာထုတ်ပြန်နေတာကို စိုးရိမ်ပါတယ်။
“ဒါဟာယှဉ်ပြိုင်ပွဲမဟုတ်ပါဘူး။ကာကွယ်ဆေး နဲ့ ပတ်သက်ရင် ဖြစ်နိုင်သမျှအမြင့်မားဆုံးစံချိန်မီတဲ့အထိ
လက်တွေ့စမ်းသပ်ဆောင်ရွက်ကြဖို့ကျွန်တော်တို့်လိုအပ်ပါတယ်။”လို့သူမကပြောပါတယ်။
ကြားဖြတ်ထွက်ပေါ်လာတဲ့ အချက်အလက်တွေ နဲ့ နောက်ထပ်ထွက်ပေါ်
လာမဲ့ အချက်အလက်တွေကို စုဆောင်းနေကြဆဲဖြစ်ပါတယ်။ အချက်အလက်အပြည့်အစုံကိုစေ့စေ့စပ်စပ်
စစ််ဆေးပြီး ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

ရုရှသုတေသနသမားတွေကတော့
သူတို့ရရှိထားတဲ့အချက်အလက်တွေကို
နိုင်ငံတကာအဆင့် ဆေးပညာသုံးသပ်ချက် ဂျာနယ်တွေမှာထုတ်ပြန်ဖော်ပြပေးသွားမယ်လို့ဆိုပါတယ်။
လန်ဒန်အင်ပီးရီးယဲ(လ်)ကောလိပ် ရောဂါကူးစက်မှုကိုကာကွယ်နိုင်တဲ့ ကိုယ်ခံအားလေ့လာမှုအတတ်ပညာဌာနကပါမောက္ခ ချားလ်စ် ဘန်ဂမ် က Sputnik V နဲ့
Pfizer/Bio N Tech ကာကွယ်ဆေးနှစ်မျိုးလုံးဟာ လက်တွေ့စမ်းသပ်မှုမှာတွေ့ရှိရတဲ့အချက်
အလက်တွေကို ထုတ်ပြန်တဲ့အချိန်မှာ ထိရောက်မှု နဲ့ ဘေးကင်းလုံခြုံ စိတ်ချရမှုတို့
အတွက်သင့်တော်ကောင်းမွန်နဲ့အကဲဖြတ်မှုတွေ
ဆောင်ရွက်ပေးဖို့လိုတယ်လို့ပြောပါတယ်။

Ref:CGTN


Spread the love
  •  
  •  
  •  
  •  
  •  
  •