ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ မန္တလေးတိုင်းအတွင်းရှိ ဆေးရုံအုပ်ကြီးများ၊ ဆေးပညာရှင် ဆရာ၀န်များ၊ ပုဂ္ဂလိကဆေးရုံများနှင့် မန္တလေး ဆရာ၀န်အသင်းမှ ဆရာ၀န်ကြီးများနဲ့ တွေ့ဆုံဆွေးနွေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆေးရုံအုပ်ကြီးများ၊ ဆေးပညာရှင် ဆရာ၀န်များ၊ ပုဂ္ဂလိကဆေးရုံများနှင့်
မန္တလေး ဆရာ၀န်အသင်းမှ ဆရာ၀န်ကြီးများနဲ့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး အတွင်း Covid-19 Positive အတည်ပြုလူနာများ တွေ့ရှိမှု မြင့်တက် လာနေသည့် အတွက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းပါ၀င် ဆောင်ရွက်နိုင်ရေးနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်း ချုပ်မှု လုပ်ငန်းများ၏ လုပ်ငန်းအခြေအနေ၊ အခက်အခဲများကို သိရှိနိုင်ရန် အတွက် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ပါတယ်။

တခြား နိုင်ငံတွေနဲ့ တခြား မြို့တွေမှာလည်း ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင် ဖြေရှင်းနေကြရတာ အခက်အခဲပေါင်း မြောက်များစွာ ရှိကြပါတယ်၊ ရန်ကုန်မြို့ဟာ အဓိက အချက်အခြာနေရာ ဖြစ်ပြီး ကိုဗစ်-၁၉ ဖြစ်ပွားမှုလည်း များတယ်၊ မန္တလေးအနေနဲ့ အစောပိုင်းက ဖြစ်ပွားမှု နည်းတယ်၊ နောက်ပိုင်း တရိပ်ရိပ် တက်လာတယ်၊ ကိုဗစ် ဒုတိယလှိုင်းမှာ အဖြစ်များတဲ့ ဒေသတွေဆီကနေ လာတဲ့သူတွေကို မြို့၀င်ဂိတ်တွေကနေ စစ်ဆေးပြီး Quarantine ၀င်ဖို့ ဆောင်ရွက်ပေမယ့် လွတ်သွားတာတွေလည်း ရှိတယ်၊

အဲဒါတွေနဲ့ပဲ မန္တလေးမှာ ကိုဗစ်ကူးစက်မှုက တဖြည်းဖြည်း အဖြစ် များလာတယ်၊ မန္တလေးမှာ Clinical Management လည်း ရှိပြီးသားပါ၊ ယခုဟာက စီမံဆောင်ရွက်နိုင်ဖို့ တွေ့ဆုံတာပါ၊ မန္တလေးတိုင်းအတွင်း ၀င်လာတဲ့ ပြည်ပရောက် နိုင်ငံသားတွေလည်း များတယ်၊ ၀င်လာသူတွေ အားလုံးကို Quarantine ထားနိုင်ပါတယ်၊ စားရေးသောက်ရေး Volunteer တွေကအစ အကူအညီပေးတာ၊ ဆောင်ရွက်နိုင်ပါတယ်၊ အခုထိလည်း ပြည်ပက ပြန်လာတုန်း ရှိပါသေးတယ်။

ဖြစ်ပွားမှုနှုန်းက တက်နေတဲ့ အတွက် အခုဆိုရင် ကိုဗစ် အတည်ပြုတွေ့ရှိတဲ့ သူတွေနဲ့ ထိတွေ့ တဲ့ သူတွေအတွက် Quarantine စင်တာတွေ၊ Covid-19 positive အတည်ပြုလူနာတွေကို ကျန်းမာ ရေး စောင့်ရှောက်ဖို့ အတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိတဲ့ ခရိုင်/မြို့နယ် အသီးသီးတို့က သင့် တော်မယ့် နေရာတွေမှာ သတ်မှတ်ပြီး စီစဉ်ဆောင်ရွက်နေပါတယ်၊ လိုအပ်ချက်အရ ကိုဗစ်ရောဂါ မပြန့် ပွားစေရေးနဲ့ ထိန်းချုပ်နိုင်ရေး အတွက် သင့်တော်မယ့် နေရာတွေကိုလည်း ရှာဖွေပြီး ဆောင်ရွက်နေတာပါ။

မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအစကပင် အလှူရှင်များ၏ ပူးပေါင်း ပါ၀င်မှုဖြင့် PHL ကို တည်ထောင်နိုင်ခဲ့ပါတယ်၊ မန္တလေးမြို့ သာမက စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း/မြောက် တို့မှ Swab နမူနာများကိုလည်း ဓာတ်ခွဲစစ်ဆေး ဆောင်ရွက်ပေးနေပါတယ်၊ Technical Support Team ရှိပါတယ်၊

ယခုအချိန်တွင် လုံလောက်မှု မရှိသည့်အတွက် တတ်နိုင်သမျှ မန္တလေးမြို့အတွက် ကိုဗစ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်မည့် Team တစ်ခု ဖွဲ့စည်းရန် လိုအပ်လာပါပြီ၊ ပြည်သူလူထု၏ ကျန်းမာရေးသည် အဓိက အရေးကြီးဆုံး ဖြစ်သည့်အတွက် ပြည်သူအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ပါတယ်၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိသည့် ဆေးပညာနှင့် ပတ်သက်သည့် ဆရာကြီး၊ ဆရာမကြီးများအား တွေ့ဆုံ၍ အကူအညီ တောင်းခံခြင်း ဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •