“ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ကမ္ဘာအနှံ့က အမျိုးသမီးများ အကြမ်းဖက်မှုတွေခံစားကြရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ကမ္ဘာအနှံ့က
အမျိုးသမီးများ အကြမ်းဖက်မှုတွေခံစားကြရ”

November 24 , 2020

ဘယ်တိုင်းပြည်မှာမှ ကိုရိုနာဗိုင်းရပ်(စ်)ဘေးဆိုးကမလွတ်မြောက်သလို လော့ခ်ဒေါင်းအချခံထားရစဉ်အချိန်တွေမှာ အမျိုးသမီးများအိမ်တွင်းအကြမ်းဖက်ခံရမှု ဘေးဆိုးမှလည်းမလွတ်မြောက်ကြပါဘူး။
နိုင်ဂျီးရီးယား နဲ့ တောင်အာဖရိက နိုင်ငံ
တွေမှာအမျိုးသမီးတွေမုဒိန်းကျင့်ခံနေရတာကအစ ၊ပီရူးနိုင်ငံမှာပျောက်ဆုံးသွားတဲ့အမျိုးသမီးအရေအတွက်တိုးပွါးလာနေတာတွေ၊မက္ကဆီ၊ဘရာဇီး နဲ့ ဥရောပတလွှားလွှမ်းခြုံထားတဲ့အဖွဲ့အစည်းတွေ မှာအမျိုးသမီးတွေ သတ်ဖြတ်ခံရမှုနှုံးပိုပြီး မြင့်လာတာတွေအထိ ကိုရိုနာဗိုင်းရပ်(စ်)ကပ်ရောဂါဟာ အမျိုးသမီးတွေအပေါ်မှာ
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဘေးဆိုးတွေကျရောက်စေခဲ့ပါတယ်။
စက်တင်ဘာလနှောင်းပိုင်းမှာထုတ်ပြန်
ခဲ့တဲ့ကမ္ဘာ့ကုလသမဂ္ဂ စာရင်းဇယား အချက်အလက်တွေအရ လော့ခ်ဒေါင်းချထားမှု တွေကြောင့် ဖြစ်ပွါးလာခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ အာဂျင်တီးနားမှာ၂၅ ရာခိုင်နှုံး ၊ဆိုက်ပရပ်(စ်)မှာ ၃၀ ရာခိုင်နှုံး၊ စင်္ကာပူမှာ ၃၃ရာခိုင်နှုံး ဖြစ်ပေါ်ခဲ့ပါတယ်။
တိုင်းပြည်အားလုံးမှာမလုပ်မဖြစ်ဆောင်ရွက်ရတဲ့ ကိုရိုနာဗိုင်းရပ်(စ်)ကပ်ရောဂါမပြန့်ပွါး ရအောင် ချမှတ်တဲ့စည်းမျဉ်းစည်းကမ်းတွေကြောင့် အမျိုးသမီးတွေ နဲ့ ကလေးတွေကိုအိမ်တွင်းမှာပိတ်လှောင်ကန့်သတ်ထားသလိုဖြစ်ခဲ့ရပါတယ်။
မော်ရိုကိုအစည်းအရုံးများက အာဏာပိုင်
တွေကို အရေးပေါ်တုန့်ပြန်ဆောင်ရွက်ပေးဖို့ ဖိအားပေးရာမှာ “အိမ်ဟာ အမျိုးသမီးတွေအတွက် အန္တရယ်အကြီးဆုံးနေရာ”လို့ အလေးထားပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဟီနာ(သူမရဲ့နာမ်မည်ရင်းမဟုတ်)ဟာအသက်၃၃နှစ်အရွယ် မွမ်ဘိုင်းမှာနေတဲ့ ထမင်းချက်တဦးဖြစ်ပြီး၊သူမက အလုပ်အကိုင်မရှိ၊ မူးယစ်ဆေးဝါးသုံးစွဲပြီးအကြမ်းဖက်တတ်တဲ့
ယောက်ျားနဲ့ အတူနေရတာ အိမ်မှာ”ထောင်ချောက်ထဲပိတ်မိနေ”သလိုခံစားရတယ်လို့ပြောပါတယ်။
သူမအားတင်းသည်းခံခဲ့ရတာတွေကိုပြော
ပြရင်း မျက်ရည်တွေမကြာခန စီးကျလာခဲ့ပါ
တယ်။
“မူးယစ်ဆေးဝါးဝယ်ပြီးတာနဲ့ သူကအိမ်မှာ
သူ့ရဲ့မိုဘိုင်းဖုန်း နဲ့ PubG ဂိမ်း(အမည်မသိ
ကစားသူရဲ့စစ်မြေပြင်များ)ကိုကစားရင်ကစား၊မကစားရင် ကျွန်မကိုရိုက်နှက်ပြီး ညှင်းပန်းနှိပ်စက်နေတာပဲ”လို့ သူမကAFPသတင်းဌာနကို တယ်လီဖုန်းဆက်ပြီးပြောပြခဲ့ပါတယ်။

“လုံလောက်မှုမရှိတဲ့စီမံဆောင်ရွက်ချက်များ”

သြဂုတ်လ၁၅ရက်နေ့မှာ ဟီနာရဲ့ယောက်ျားက သူမကိုခါတိုင်းထက်ပိုပြီးဆိုးဝါးစွာရိုက်နှက်ခဲ့ပါတယ်။သူတို့ရဲ့၇နှစ်အရွယ်သားငယ်လေးရဲ့ရှေ့မှာသူမ ကိုရိုက်နှက်ခဲ့တာ ဖြစ်ပြီး မနက်၃နာရီအချိန်မှာ သူမကို အိမ်အပြင်ဘက်ကို တွန်းထုတ်ပစ်ခဲ့ပါတယ်။
“ကျွန်မမှာ သွားစရာနေရာမရှိခဲ့ဘူး။ကျွန်မရဲ့ကိုယ်ခန္ဓာကိုယဲ့ယဲ့လေးပဲလှုပ်ရှားနိုင်တာ၊ကျွန်မကိုပျော့ခွေသွားအောင် ရိုက်ထားတာ၊တကိုယ်လုံး ဖူးယောင်နေတယ်။”
လို့သူမကပြောပြခဲ့ပါတယ်။
ရဲစခန်းကိုသွားရမယ့်အစား
သူမရဲ့သူငယ်ချင်းတယောက်ရဲ့အိမ်ကိုသာသူမသွားခဲ့ပြီး၊နောက်တော့မိဘတွေအိမ်ကို ပြန်သွားခဲ့ပါတယ်။
သူမဟာအခု သူမရဲ့သားကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရဖို့တိုက်ပွဲဝင်နေပေမယ့် “ကိုဗစ်ရောဂါကြောင့် တရားရုံးတွေလည်းထိထိရောက်ရောက်အလုပ်မလုပ်နိုင်ဖြစ်နေပါတယ်။”
သူမရဲ့ယောက်ျားက သူမကို ရံဖန်ရံခါဆိုသလို လျှို့ဝှက်ပြီးဖုန်းခေါ်ဆို ပေမယ့် သူမရဲ့သားကို မတွေ့ရတာ ၄လကြာနေပြီဖြစ်ပါတယ်။
ဗိုင်းရပ်(စ်)ကြောင့် တရားရုံးတွေသာလုပ်ကိုင်ဆောင်ရွက်ရတာခက်ခဲနေရတာမဟုတ်ပါဘူး။ကျောင်းတွေ၊စီးပွါးရေးလုပ်ငန်းတွေ အပြင် ယဉ်ကျေးမှုဆိုင်ရာ နဲ့ အားကစားဆိုင်ရာဆောင်ရွက်မှုတွေပါ ပိတ်ပင်ထားတာကြောင့်နဂိုကမှ စီးပွါးရေးအဆင်မပြေမှုတွေကြောင့်
အားနည်းနေရတဲ့ သားကောင်တွေကို အကြမ်းဖက်ခံမှုဘေးဆိုးကနေလွတ်မြောက်ဖို့ရာမဖြစ်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။
အီရတ် အမျိုးသမီးကွန်ယက်ကဟန်နာ အက်ဒ်ဝါ က “လော့ခ်ဒေါင်းကြောင့်လူမှုစီးပွါးရေးတွေမှာ အန္တရယ်ရှိတဲ့ယိုယွင်းပျက်စီးမှုတွေ ဖြစ်ပေါ်လာပြီး၊မိသားစုတွေဆင်းရဲတွင်းထဲကိုကျရောက်လာတာကြောင့်
အကြမ်းဖက်မှုတွေ ပိုပြီးဖြစ်ပေါ်လာရတယ်။”
လို့ AFPကိုပြောပါတယ်။
“ဘရာဇီးနိုင်ငံတွင် ဒီနှစ်ပဌမနှစ်ဝက်အတွင်းမှာ အမျိုးသမီး ၆၄၈ယောက်သတ်ဖြတ်ခံခဲ့ရပြီး၊၂၀၁၉ခုနှစ် ပဌမနှစ်ဝက်ကထက် အရေအတွက် အနည်းငယ် ပိုများလာခဲ့ပါတယ်။”လို့ပြည်သူ့လုံခြုံရေးအတွက် ဘရာဇီးဆွေးနွေးပွဲအရသိရှိရပါတယ်။
အစိုးရက အမျိုးသမီးတွေကို ဘဝအဆင်မပြေမှုတွေကိုတိုင်ကြားပြောဆိုဖို့အားပေးတဲ့လှုပ်ရှားဆောင်ရွက်မှုတွေလုပ်ပေးနေပေမယ့် ပြည့်စုံလုံလောက်မှုမရှိသေးဘူးလို့ဆွေးနွေးပွဲကပြောပါတယ်။

“Mask-19”

ကမ္ဘာအနှံ့အပြားမှာ နိုင်ငံ ၈ နိုင်ငံအနက် ၁ နိုင်ငံ
သာလျှင် အမျိုးသမီးတွေ နဲ့ ကလေးတွေအပေါ်ကျရောက်နေတဲ့ အကျိုးသက်ရောက်မှုတွေလျှော့ချပေးဖို့
စီမံဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
စပိန်နိုင်ငံမှာ ဒုက္ခသည်တွေဟာစည်းမျဉ်းအရMask-19တွေကို အသုံးပြုပြီးဆေးဆိုင်တွေမှာအကူအညီတောင်းကြပါတယ်။အချို့သောပြင်သစ်အဖွဲ့အစည်းတွေက ကုန်တိုက်တွေမှာ ဆက်သွယ်ရမယ့်နေရာတွေတည်ထောင်ထားပါတယ်။
“ကျွန်မတို့ဆီရောက်လာတဲ့အမျိုးသမီးတွေဟာ ဘယ်လိုမှသည်းမခံနိုင်တော့တဲ့ အန္တရယ်ရှိတဲ့အခြေအနေကို ရောက်နေခဲ့ကြရတာပါ။”လို့ပါရီမြို့အနီးက စျေးဝယ်ကုန်တိုက်တခုမှာလုပ်ငန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုရဲ့လက်ထောက် ဒါရိုက်တာ ဆိုဖီ ကတ်ထရွန်က ပြောပါတယ်။
“လော့ခ်ဒေါင်းချလိုက်တာဟာ တိတ်ဆိတ်မှုနံရံ
တခု ကို တည်ဆောက်လိုက်တာပါ။”လို့ သူမကပြောပါတယ်။ ‘နိုင်ငံတကာ အမျိုးသီးများအပေါ်အကြမ်းဖက်မှု ရှင်းလင်းသုတ်သင်ဖယ်ရှားရေးနေ့’ နိုဝင်ဘာလ၂၅ရက် နေ့မှာစည်းရုံးဆော်သြမှုတွေ ဆောင်ရွက်ဖို့ရာ
ကိုဗစ်ရောဂါကြောင့်အဟန့်အတားဖြစ်နေရပါတယ်။
မည်သို့ပင်ဖြစ်စေ ကိုစတာရီကာ၊နမီးဘီးယား၊လိုင်ဘေးရီးယား၊ဂွါတီမာလာ နဲ့ရိုမေးနီးယားတို့မှာ အမျိုးသမီးအခွင့်အရေးများအတွက်တောင်းဆိုချီတက်ပွဲတွေ မကြာသေးခင်က ဆောင်ရွက်ခဲ့ကြပါတယ်။

“ကျွန်မတို့ရဲ့ဒေါသတွေကိုဖော်ပြဖို့တန်းစီလှည့်လည်တာ(ဒါမှမဟုတ်) အတူတကွချီတက် တာမျိုးတွေ မလုပ်ဆောင်နိုင်ဘူးလို့ပြင်သစ်မှာအခြေစိုက်တဲ့ မိသားစုစီမံကိန်း အမျိုးသမီးရေးရာအုပ်စု တစုကပြောပါတယ်။
“ကျွန်မတို့ဟာ အသွင်အပြင်အရရော၊
အားလုံးနီးပါးမှာအတူတူပါပဲဆိုတာကိုယ့်ဖာသာကိုယ် ကြားအောင်တော့လုပ်ကြရမယ်။”
“နာတည်ရှည်ရောဂါလို စွဲကပ်နေတဲ့ အဆိပ်ပြင်းတဲ့ဖိုဝါဒကို ရှင်တို့နေရာတိုင်းမှာတွေ့နိုင်ပါတယ်။”လို့ လိင်ခွဲခြားမှုမရှိပဲသာတူညီမျှရှိရေးအတွက်
တောင်အာဖရိက ကော်မရှင်က တာမာလာ
မက်သီဘူလာ က ပြောဆိုပါတယ်။လိင်ပိုင်းဆိုင်ရာခွဲခြားမှုဟာ ကွာဟချက်တွေကျယ်ပြန့်စွာ ဖြစ်ပေါ်စေပြီး၊
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွါးနေစဉ်မှာ လိင်ပိုင်းဆိုင်ရာခွဲခြားမှုတွေဟာပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဆက်လက်ဖြစ်ပေါ်နေတယ်် လို့သူမက AFPကို ပြောပါတယ်။
လိင်ကွဲပြားမှုကို အခြေခံတဲ့အကြမ်းဖက်မှုတွေ
ဟာပိုပြီးဆိုးလာနေတာကြောင့်၊ ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေဟာအလွန်ပြင်းထန်ဆိုးဝါးပါတယ်။
ဇူလိုင်လမှာ ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်မှုအရ ၆လတာ ကန့်သတ်ပိတ်ဆို့ထားမှုတွေဟာ ကမ္ဘာပေါ်မှာလိင်အကြမ်းဖက်မှု၃၁သန်း နဲ့ မလိုချင်ပဲ
ကိုယ်ဝန်ဆောင်ရမှု၇သန်း ဖြစ်ပေါ်လာနိုင်တယ်
လို့သိရပါတယ်။

Source:AFP


Spread the love
  •  
  •  
  •  
  •  
  •  
  •