“ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ထိရောက်မှုဆိုတာ ဘာကိုဆိုလိုတာလဲ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ထိရောက်မှုဆိုတာ
ဘာကိုဆိုလိုတာလဲ”

November 17, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ထိရောက်မှု
ဆိုတာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေး
ကို လူသားတွေအပေါ်မှာလက်တွေ့စမ်းသပ် ထိုးနှံပြီးကာကွယ်ပေးနိုင်စွမ်းဖြစ်နိုင်ခြေရှိတာ
ကိုရည်ညွှန်းပါတယ်။
ကာကွယ်ဆေးဖန်တီးခဲ့သူနှစ်ဦးက
သူတို့ရဲ့နောက်ဆုံးအဆင့်လေ့လာမှုတွေကနေ
ကြိုတင်စမ်းသပ်လုပ်ဆောင်ခဲ့လို့ထွက်ပေါ်လာ
တဲ့ရလဒ်တွေအရ သူတို့ရဲ့ကာကွယ်ဆေးဟာ
အခိုင်အမာထိထိရောက်ရောက်ကာကွယ်ပေး
နိုင်တယ်လို့ပြောလိုက်ပါတယ်။
(Moderna)ကသူ့ရဲ့ကာကွယ်ဆေးဟာ ၉၅ရာခိုင်နှုံး နီးပါး ကာကွယ်ပေးနိုင်တယ်လို့
ဒီအပတ်မှာပြောခဲ့ပါတယ်။(Pfizer)ရဲ့ အလားတူပဲသူတို့ရဲ့ဆေးဟာထိရောက်မှုရှိ
တယ်ဆိုတဲ့ကြေငြာချက်ထွက်လာပြီး မရှေးမနှောင်းမှာModernaရဲ့ကြေညာချက်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ကာကွယ်ဆေးတွေဟာ ရောဂါကိုတားဆီးကာကွယ်ပေးနိုင်ပြီး ဘေးကင်းတယ်လို့ဆက်လက်ပြသနေရင်
နောက်နှစ်ထဲကတချိန်ချိန်မှာ ဒီကပ်ရောဂါကို
ကာကွယ်ဆေးတွေကအဆုံးသတ်ပေးနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေကို ထိရောက်မှုရာခိုင်နှုံး ကိန်းဂဏန်းတွေကြောင့် ကမ္ဘာအနှံ့မှာ တိုးမြင့်လာစေခဲ့ပါတယ်။
“ဗိုင်းရပ်(စ်)ပိုးနဲ့ပတ်သက်နေတဲ့မေးခွန်းများ”
-ကိုရိုနာဗိုင်းရပ်(စ်)ဟာနှလုံးကိုဘယ်လိုထိခိုက်
စေနိုင်သလဲ။
-ကပ်ရောဂါကာလအတွင်းမှာ လေယာဉ်ပျံသန်းရတာဘေးကင်းလုံခြုံပါသလား
-ဗိုင်းရပ်(စ်)သတ်ဆေးသုတ်လိမ်းထားတဲ့
နှာခေါင်းစည်းမျက်နှာဖုံးတွေက ပိုပြီးထိရောက်စွာကာကွယ်ပေးနိုင်သလား
အစောပိုင်းကစမ်းသပ်မှုအသီးသီးမှာ
၁၀၀မပြည့်တဲ့ကိုဗစ်-၁၉ကူးစက်မှုတွေကို
အခြေံတွက်ချက်ခဲ့ပြီး၊ ကာကွယ်ဆေးစမ်းသပ်လေ့လာမှုတွေကို
ဆက်လက်လုပ်ဆောင်နေကြတာကြောင့်
ထိရောက်မှုကိန်းဂဏန်းအရေအတွက်ဟာ
ပြောင်းလဲနေမှာဖြစ်ပါတယ်။
ဒါပေမဲ့ လူအများအပြားကို ကာကွယ်ဆေးထိုးပေးတဲ့အခါ အများစုကို
ရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ခဲ့တာကို
အစောပိုင်းစမ်းသပ်မှုရလဒ်တွေကအချက်ပြ
ပေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်ဆေး
တမျိုးဟာသူ့ကိုအသုံးပြုဖို့ မဆုံးဖြတ်ခင်မှာ
အနည်းဆုံးထိရောက်မှု၅၀ ရာခိုင်နှုံးအထိ ရှိရမယ်လို့ ကုလသမဂ္ဂ ကျန်းမာရေးအရာရှိ တွေကပြောပါတယ်။ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ
ကာကွယ်ဆေးဟာ တုပ်ကွေးရောဂါကာကွယ်ဆေးလောက်ပဲထိရောက်မှုရှိမှာကိုသူတို့စိုးရိမ်ကြပါတယ်။တုပ်ကွေးကာကွယ်ဆေးတွေဟာ၂၀ ရာခိုင်နှုံး
ကနေ၆၀ရာခိုင်နှုံးအထိသာ ထိရောက်မှုရှိတာကို လွန်ခဲ့တဲ့နှစ်တွေက တွေ့ရှိခဲ့ကြရပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် ထိရောက်မှုကိန်းဂဏန်း အရေအတွက်ရရုံနဲ့မပြီးသေးပါဘူး။သိပ္ပံ
ပညာရှင်တွေအနေနဲ့ ကာကွယ်ဆေးဟာ အသက်အရွယ်ကွဲပြားခြားမှုရှိတဲ့ လူအုပ်စုတွေ
နဲ့ ဒေသတွင်းနေထိုင်တဲ့လူအမျိုးအစား အတန်းအစားအလိုက်အပေါ်မှာ ဘယ်လိုကောင်းကောင်းကာကွယ်ပေးနိုင်လဲဆိုတာသိဖို့လိုအပ်ပါတယ်။
ကာကွယ်ဆေးနှစ်မျိုးစလုံးအတွက်
လတ်တလောစမ်းသပ်ချက်ရလဒ်တွေဟာ ဗိုင်းရပ်(စ်)စမ်းသပ်စစ်ဆေးထားတဲ့ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါလက္ခဏါပြသနေသူ
တွေ အပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။
ဒါဟာဆိုရင် ဗိုင်းရပ်(စ်)ကာကွယ်ဆေးထိုးထားသူ
တယောက် ဟာနောက်ထပ် ရောဂါကူးစက်နိုင်သေးလား၊သူ့မှာရောဂါလက္ခဏါမပြရင်တောင်မှ ရောဂါပြန့်ပွါးမှုဆက်ဖြစ်နိုင်သေးလားဆိုတာ
ကျွန်တော်တို့မသိသေးဘူးဆိုတဲ့အဓိပ္ပါယ်ပဲ
ဖြစ်ပါတယ်။
နောက်ထပ်မသိရသေးတာကတော့ ကာကွယ်ဆေးထိုးနှံမှုဟာ ရေရှည်ကာလကြာ ကာကွယ်မှုပေးနိုင်လား၊ စွမ်းအားတိုးမြင့်လာအောင်နောက်ထပ် ထပ်မံပြီးထိုးပေးဖို့လိုအပ်အုန်းမလားဆိုတာတွေပဲဖြစ်ပါတယ်။
Source:(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •