ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက်UNICEF က ထောက်ပံ့ ပစ္စည်းများ အထူးကုန်တင်လေယာဥ်ဖြင့်ရောက်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွက်UNICEF က ထောက်ပံ့ ကူညီသည့် ပစ္စည်းများတင်ဆောင်လာသောအထူးကုန်တင်လေယာဉ်ရောက်ရှိ

ရန်ကုန် ဩဂုတ် ၂၆

မြန်မာန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) က ထောက်ပံ့ကူညီသည့်အထောက် အကူပြု ပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင် လေယာဉ် သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသည်။

အဆိုပါ အထူးကုန်တင်လေယာဉ်သည် UNICEF ၏အစီအစဉ်ဖြင့်ရောက်ရှိလာခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈၃၆၅၆၈ တန်ဖိုးရှိ တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံ(PPE) နှင့်ဆက်စပ်ပစ္စည်းများကို တင်ဆောင်လာခြင်း ဖြစ်သည်။

UNICEF အနေဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းခန့်တန်ဖိုးရှိ တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ(PPE)နှင့် ဆက်စပ်ပစ္စည်းများထောက် ပံ့ကူညီသွားမည်ဖြစ်ရာ ယနေ့ခရီးစဉ်မှာ ယင်းအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တတိယ အကြိမ်မြောက် ခရီးစဉ်အဖြစ်ရောက်ရှိ လာခြင်း ဖြစ်သည်။

အဆိုပါထောက်ပံ့မှုအစီအစဉ်၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ခရီးစဉ်မှာ ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရောက်ရှိ ခဲ့ပြီး  ဩဂုတ် ၂၈ ရက်တွင် စတုတ္ထအကြိမ်မြောက် ခရီးစဉ်အဖြစ် တစ်ကိုယ်ရေ ကာကွယ် ရေးဝတ်စုံ(PPE)နှင့် ဆက်စပ် ပစ္စည်းများ ထပ်မံ ရောက်ရှိလာမည်ဖြစ်ပြီး ယင်းနေ့တွင် ခရီးစဉ်အားလုံး ၏ထောက်ပံ့ကူညီမှုပစ္စည်းများကို UNICEF မှတာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ UNICEF အနေဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါပိုးစမ်း သပ်ကိရိယာ (test kits)နှင့် ဆက်စပ် ပစ္စည်းများ ကိုလည်းကောင်း၊ ဓာတ်ခွဲခန်းသုံး အထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးများကိုလည်းကောင်း ထောက်ပံ့ကူညီခဲ့သည့် အပြင် UNICEF ၏သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ဝန်ထမ်းများဖြင့်လည်း ကူညီ ဆောင်ရွက်လျက် ရှိကြောင်း UNICEF မှသိရသည်။

သတင်း-ဇော်ကြီး၊ဓာတ်ပုံ-ဖေဇော်


Spread the love
  •  
  •  
  •  
  •  
  •  
  •