ကိုဗစ်-၁၉ လူနာများ ထားရှိကုသနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ အင်းလျားစင်တာအား အပ်နှံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်-၁၉ လူနာများ ထားရှိကုသနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ အင်းလျားစင်တာအား အပ်နှံ

ရန်ကုန် အောက်တိုဘာ ၉

ကိုဗစ်-၁၉ လူနာများ ထားရှိကုသနိုင် ရေးအတွက် ရန်ကုန်ကွန်ဗင်းရှင်း စင်တာကို အင်းလျားစင်တာအဖြစ် ပြုပြင်မှုများဆောင်ရွက်ခဲ့ရာ ယခုအခါ ပြုပြင်မှုလုပ်ငန်းများအားလုံး ပြီးစီးပြီ ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံ အပ်နှံတော့မည်ဖြစ် ကြောင်း အင်းလျားစင်တာသတင်း ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
“ဒီနေ့ဆိုရင် အားလုံးအချော သပ်နေပါပြီ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို အပ်ဖို့ ပြင်ဆင်ထားပါတယ်။ စင်တာကို အပ်ပြီးတဲ့နောက်ပိုင်းမှာ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။

စင်တာ ကော်မတီအနေနဲ့ကတော့ အထောက် အကူပြုအဖွဲ့အနေနဲ့ ဆက်လက် တည်ရှိမှာဖြစ်ပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ဆေးဝါး၊ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ အားလုံးကို အပြင်ကနေ ကူညီနေမှာ ဖြစ်ပါတယ်။ အတွင်းစည်းမှာ ကုသမှုအပိုင်းတွေ ကိုတော့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက စပြီး တာဝန်ယူမှာ ဖြစ်ပါတယ်”ဟု သတင်းပြန်ကြားရေး တာဝန်ခံ ဦးဇော်ရဲနောင်က ပြော ကြားသည်။

အင်းလျားစင်တာသည် ခုတင် ၅၀၀ ဆံ့ ကိုဗစ်စင်တာတစ်ခုဖြစ်ပြီး လူနာများအတွက် အောက်ဆီဂျင် ပံ့ပိုးကူညီနိုင်သော ခုတင် ၁၀၀ ပါဝင် ကြောင်း သိရသည်။ ကိုဗစ်ကုသရေး စင်တာအဖြစ် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို စက်တင်ဘာ ၂၉ ရက်မှ စတင်ခဲ့ပြီး လူနာခန်းများ၊ ဆရာဝန်များ၊ စေတနာ့ဝန်ထမ်းများ လုပ်ငန်းလုပ်ဆောင်မည့် နေရာများ၊ ဆရာဝန်ကြီးများက လူနာများအား လမ်းညွှန်ကွပ်ကဲကုသပေးမည့်နေရာ များ၊ လုပ်ငန်းကော်မတီရုံးခန်းများ၊ သန့်စင်ခန်းများပါဝင်ကာ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များအတွက် စင်တာအပြင်ဘက်တွင် သီးခြားအခန်းများ ဖွဲ့စည်းတည် ဆောက်ထားကြောင်း သိရသည်။

ထို့ပြင် အင်းလျားစင်တာ၌ တက်ရောက်ကုသမည့် လူနာများ အတွက် လိုအပ်သည့် အထူးဆေးဝါး များနှင့် အာဟာရပြည့်ဝစေရန်အတွက် နံနက်စာ၊ နေ့လယ်စာနှင့် ညစာများကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ ဝန်ထမ်းများအတွက်လည်း ၂၄ နာရီ အစားအသောက်ကောင်တာများ စီစဉ် ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုများအရ ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၇၀၀၀ နှင့် ရွှေသံလွင်ကုမ္ပဏီမှ ငွေကျပ်သိန်း ၃၀၀၀ စုစုပေါင်း ကျပ်သိန်း တစ်သောင်း ကနဦးမတည်လှူဒါန်း မှုဖြင့် အင်းလျားစင်တာကို ရန်ကုန် ကွန်ဗင်းရှင်းစင်တာတွင်တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ – အင်းလျားစင်တာ


Spread the love
  •  
  •  
  •  
  •  
  •  
  •